Wednesday 6 January 2016

အောက်ဆီဂျင်စနစ်ချို့ယွင်းသဖြင့် အိန္ဒိယလေယာဉ်တစ်စီး ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်

အရေးပေါ်ဆင်းသက်ခဲ့ရသည့်လေယာဉ်နှင့် ခရီးသည်အချို့ ဓာတ်ပုံ-viation Police-YGN
မွန်ဘိုင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဦးတည်ပျံ သန်းလာသော Jet Airways လေ ကြောင်းလိုင်းမှ လေယာဉ်တစ် စီးသည် အောက်ဆီဂျင်စနစ်ချို့ ယွင်းခဲ့သဖြင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်။
လေယာဉ်ခရီးစဉ်အမှတ် 9W70 လေယာဉ်သည် မြန်မာ နိုင်ငံသို့ ဖြတ်ကျော်ပျံသန်းနေစဉ် အောက်ဆီဂျင် ထုတ်လွှတ်သည့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းလာသ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်န၀ါရီ ၅ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် အ ရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်လေကြောင်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

‘‘လေယာဉ်ပျံသန်းနေတုန်း အောက်ဆီဂျင်ပေးတဲ့စက်ပိုင်းဆိုင်ရာတွေ ချို့ယွင်းလာလို့ခရီးသည် တွေ အသက်အန္တရာယ်ရှိနိုင်တာ ကြောင့် ရန်ကုန်လေဆိပ်မှာ အ ရေးပေါ်ဆင်းသက်လာတာပါ။ အခုအင်ဂျင်နီယာတွေစစ်ဆေး နေပြီး ပြင်စရာရှိတာတွေ ပြင်ဆင် နေပါတယ်။ တခြားချို့ယွင်းတဲ့အ ပိုင်းတွေတော့ ဘာမှမတွေ့ရသေး ပါဘူး’’ဟု ၎င်းက ပြောသည်။

အဆိုပါ လေယာဉ်အမှတ် စဉ် 9W70 တွင် ခရီးသည်စုစု ပေါင်း ၅၀ ကျော်ပါဝင်ခဲ့သည်။ Jet Airways လေကြောင်းလိုင်းက ရန်ကုန်လေဆိပ်သို့ ဇန်န၀ါရီ ၅ ရက် ညနေပိုင်းအထိ ဆက်သွယ် လာခြင်းမရှိသေးဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းထိန်းသိမ်းရေးဌာန က ဆိုသည်။

လက်ရှိတွင် Jet Airways လေကြောင်းလိုင်းမှ စီးနင်းလိုက် ပါလာသည့် နိုင်ငံခြားသားခရီး သည်များကို ရန်ကုန်လေဆိပ်၌ အနားယူစောင့်ဆိုင်းစေပြီး လေ ဆိပ် တာဝန်ရှိသူများက ယင်း လေကြောင်းလိုင်းသို့ ဆက်သွယ် နေကြောင်းသိရသည်။

7Day Daily

No comments:

Post a Comment