Thursday 17 September 2015

ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ မျှော်မှန်းထားကြောင်း ဒီမာရီယာပြော



မယ်လ်မိုအသင်းနှင့် ချန်ပီ ယံလိဂ်ပွဲတွင် ပီအက်စ်ဂျီအတွက် တစ်ဂိုးသွင်းပြီးနောက် အာဂျင်တီးနား တောင်ပံလူ ဒီမာရီယာက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရန် မျှော်မှန်းနေကြောင်း ထုတ်ဖော်ပြောသည်။

အာဂျင်တီးနားတောင်ပံလူ သည် ထိုပွဲတွင် ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို လှပစွာသွင်းခဲ့ ပြီး ဒုတိယပိုင်းတွင် ကာဗာနီက တစ်ဂိုးထပ်မံသွင်းကာ ပီအက်စ်ဂျီက မယ်လ်မိုကို ၂-၀ ဂိုးဖြင့်နိုင်သွားခြင်းဖြစ်သည်။


‘‘ကျွန်တော်ဒီအချိန်မှာတော့ တစ်လှမ်းချင်းလှမ်းရပါမယ်။ ပီ အက်စ်ဂျီဟာ အရှိန်ရနေပါပြီ။ မနှစ်က ကွာတားဖိုင်နယ်ရောက်ခဲ့ပြီးတာကြောင့် ဒီနှစ်မှာ ရည်မှန်းချက်က ကွာတားကိုကျော်ဖြတ်ပြီး ဖိုင်နယ်ကို ကစားဖို့ပါပဲ။ ဆက်လုပ်ရပါမယ်။ အလုပ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဒီမာရီယာကဆိုသည်။

ပီအက်စ်ဂျီသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ရာသီသုံးခုလုံးတွင် ကွာတားအဆင့်မှထွက်ခဲ့ရ၍ ယခုနှစ်တွင် ထိုအဆင့်ကိုကျော်ဖြတ်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

၎င်းတို့သည် ယခုရာသီတွင်လည်း လီဂူးဝမ်း၌ ငါးပွဲကစားကာ ရှုံးပွဲမရှိသေးဘဲ စနေနေ့တွင် ရင်းမ်အသင်းနှင့် တတိယနေရာလုပွဲကစားရမည်ဖြစ်သည်။
 

No comments:

Post a Comment