Monday 28 September 2015

ရေဘေးသင့်ဒေသမှလွဲ၍ ကျန်ဒေသများတွင် မဲစာရင်းကြေညာရက် ထပ်တိုးရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော


နောက်ဆုံးအကြိမ်ထုတ်ပြန်ထားသော မဲစာရင်းကို  ရေ ဘေးကြုံတွေ့ခဲ့ရသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အချို့ရှိ နေ ရာများမှလွဲ၍ ကျန်နေရာများ တွင် ရက်ထပ်မံတိုးမြှင့်ပြီး ကြေ ညာပေးရန် အစီအစဉ်မရှိတော့ ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံမှ သိရ သည်။

‘‘ကျွန်တော်တို့မှားရင်ပြင်ဖို့၊ မပါသေးရင် လျှောက်ဖို့ အချိန်လုံ လုံလောက်လောက်ပေးခဲ့ပါ တယ်။ သဘာဝဘေးသင့်ခဲ့တဲ့နေ ရာတွေကလွဲရင် ကျန်တာတွေကို တော့ ရက်တိုးပေးဖို့ မရှိတော့ပါ ဘူး’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မဲစာရင်းတွင် မှားယွင်းမှုများ ကို နောက်ဆုံးအကြိမ်အဖြစ် ပြင် ဆင်ခွင့်ပေးသော မဲစာရင်းကို ယခုလ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးခဲ့သည်။


ယင်းသို့ ၁၄ ရက်ကြာ ကပ် ထားပေးသည့် ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မှားယွင်းမှုများကို သွားရောက်ပြင်ဆင်ဖြည့်စွက်ရ မည်ဖြစ်သည်။

မဲစာရင်းကပ်ထားပေးရာ တွင် ရေဘေးဒဏ်သင့်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု ရှိ မြို့နယ် ၁၄ ခုတို့တွင် မဲစာရင်း ထုတ်ပြန်ကြေညာသည့်ရက်ကို တိုးမြှင့်ပေးလိုက်ကြောင်း ယခုလ ၂၃ ရက်စွဲဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

ရေဘေးသင့်ခဲ့သည့် ချင်း ပြည်နယ် မတူပီ၊ ဟားခါးနှင့် တွန်းဇံမြို့နယ်တို့တွင် အောက်တို ဘာ ၁၀ ရက်ထိ စစ်ကိုင်းတိုင်းဒေ သကြီးရှိ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်နှင့် ဖောင်းပြင်မြို့ နယ်များတွင် အောက်တိုဘာ ၂ ရက်၊ မကွေးတိုင်း စေတုတ္တရာ၊ မန္တလေးမှ မြင်းခြံ၊ ဧရာဝတီတိုင်း မှ ဟင်္သာတ၊ ဇလွန်နှင့်မြန်အောင် တို့တွင် အောက်တိုဘာ ၄ ရက်အ ထိ၊ အင်္ဂပူမြို့နယ်၌ စက်တင်ဘာ ၃၀ ရက်ထိ မဲစာရင်းကြေညာရက် ကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၄ ရက်မှ ၂၇ ရက် အထိ ၁၄ ရက်ကြာ ကပ်ထားပေး သော မဲစာရင်းတွင် မဲပေးပိုင်ခွင့် ရှိသော်လည်း အမည်စာရင်းမပါ ဝင်မှုများရှိနေခြင်း၊ မဲဆန္ဒရှင်ပြည် သူများ၏ကိုယ်ရေးအချက်အ လက်များမှားယွင်းနေခြင်း၊ ယခင် ဒုတိယအကြိမ် မဲစာရင်းကြေညာ ရာတွင် ပါဝင်ခဲ့သူအချို့ ပါဝင် လာမှုမရှိတော့ခြင်း စသည့် လွဲ ချော်မှုများရှိနေသည်။
7 day

No comments:

Post a Comment