Tuesday 29 September 2015

မင်းကွန်းဒေသသို့ နိုင်ငံခြားသားဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်


 စစ်ကိုင်းမြို့နယ် မင်း ကွန်းဒေသသို့ နိုင်ငံခြားသားဧည့် ဝင်ကြေးကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ လက်ရှိကောက်ခံနေသည့် ကျပ်သုံးထောင်မှ ကျပ်ငါးထောင်သို့ တိုးမြှင့်ကောက်ခံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။မင်းကွန်းဒေသဖွံ့ဖြိုးရေး အတွက် တိုးမြှင့်ကောက်ခံရခြင်း ဖြစ်ပြီး ဝင်ကြေးကောက်ခံခြင်း လုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထား သည်။ယခု ကောက်ခံနေသည့် ကျပ်သုံးထောင်မှာ သင့်လျော်ပြီး ကျပ် ငါးထောင်သို့ တိုးမြှင့်ခြင်းမှာ လည်း များသည်ဟု မခေါ်နိုင် ကြောင်း၊ သို့သော် ရရှိလာသည့် ဇုန်ဝင်ကြေးများကို နိုင်ငံခြားသား ဧည့်သည်များအတွက် ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ကာ ပြန်လည် အသုံးချသင့်ကြောင်း မန္တလေးမြို့အခြေစိုက် ဧည့်လမ်း ညွှန်အချို့က ပြောကြားသည်။

‘‘ဥပမာ မင်းကွန်းမှာဆို နိုင်ငံခြားသားတွေ အလွယ်တကူသုံး နိုင်မယ့် အိမ်သာမရှိဘူး။ မင်းကွန်းမှ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း အိမ်သာက အဆင်မပြေ ဘူး။ ရှိလည်း ရေမရတာနဲ့ ဘာနဲ့ လုံးဝအဆင်မပြေဘူး။ သူတို့အ ဆင်ပြေစေမယ့် ဝန်ဆောင်မှုတွေ မှာ ကောက်ခံထားတဲ့ ဝင်ကြေး တွေကို သူ့နေရာနဲ့သူ အသုံးချသင့်ပါတယ်’’ဟု မန္တလေးမြို့မှ ဧည့် လမ်းညွှန် ဦးထွန်းထွန်းကိုက ပြောသည်။
မန္တလေးဇုန်ဝင်ကြေးမှာ မန္တ လေးမြို့တွင်းစုံနှင့် အမရပူရ ဗား ကရာကျောင်တော်တို့အပါအဝင် နိုင်ငံခြားသားဧည့်သည်တစ်ဦး လျှင် ကျပ်တစ်သောင်းကောက်ခံ နေသည်ဟု သိရသည်။

မင်းကွန်းပုထိုးတော်ကြီးကို ဘိုးတော်ဘုရားက တည်ထားခဲ့ခြင်း ဖြစ်သည်။ လှေကားထစ် ပေါင်း ၁၇၀ ကျော်ရှိသည်။ မင်းကွန်းပုထိုးတော်ကြီးပေါ်မှ ဧရာဝတီမြစ်ပြင်ကို ကြည့်ရှုနိုင်၍ ခရီးသွားများ သဘောကျလေ့ ရှိသည်။ ၁၈၃၉ က စစ်ကိုင်းတွင် ငလျင်လှုပ်ရာ ဆောက်လက်စ မင်းကွန်းပုထိုးတော်ကြီးပျက်စီးခဲ့သည်။ ၁၉၅၆ ဇူလိုင် ၁၆ ရက်တွင်လည်း စစ်ကိုင်းမြို့ မြောက် ဘက်တစ်နေရာကို ဗဟိုပြုကာ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားပုထိုးစေတီများ ပျက်စီးခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်း များတွင် ဖော်ပြထားသည်။ မင်းကွန်းဒေသတွင် မင်းကွန်းပုထိုး တော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန်စေတီ တော် အစရှိသည့် နေရာများသို့ ဝင်ရောက်လေ့လာနိုင်သည်။ မင်းကွန်းသို့ စစ်ကိုင်းမြို့မှ တစ်ဆင့် ကုန်းလမ်းမှ သွားရောက်နိုင်ပြီး နိုင်ငံခြားသားဧည့်သည် အများစု မှာမူ မန္တလေးမြို့ မရမ်းခြံ ဆိပ် ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကို မော်တော်ဖြင့် ဖြတ်ကူးကာ သွားရောက်လည်ပတ်လေ့ရှိကြသည်။
7 day

No comments:

Post a Comment