Friday 25 September 2015

အီးယူနှင့် ရေးဆွဲသော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက် ရှေ့နှစ်တွင် အပြီးသတ်နိုင်မည်


 ဥရောပရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ယုံကြည်စိတ် ချစွာ ၀င်လာစေရန် ဥရောပသမဂ္ဂ အဖွဲ့နှင့် ရေးဆွဲနေသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူညီချက်သည် လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အထွေ ထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးကပြောသည်။

လက်ရှိတွင် အီးယူရင်းနှီး မြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်၌ အခန်း ခုနစ်ခန်းပါဝင်ပြီး နှစ်ခန်းမှာ သဘောတူညီမှု ရရှိထားသည်။ ကျန်အခန်းများတွင် လေးခန်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး တစ်ခန်းမှာ ၅၀ ရာ ခိုင်နှုန်းခန့်သာ ပြီးသေးသည်ဟုဆိုသည်။

 ‘‘ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အရမ်းအရေး ကြီးတယ်။ အရည်အသွေးပြည့် တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွက် လိုအပ်နေတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။


ကျင့်ဝတ်နှင့်အညီ ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို ရှာဖွေရာတွင် ဥရောပ သမဂ္ဂနိုင်ငံများကို တွေ့ရသဖြင့် ယင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန်အတွက် အီးယူ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက်ကို ရေးဆွဲရ ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ အီးယူနိုင်ငံ တွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ၁၀ ရာ ခိုင်နှုန်းတောင် မရှိဘူး။ ယခု အသစ်ဖွင့်တဲ့ သီလ၀ါမှာ တောင် ဆွီဒင်တစ်နိုင်ငံပဲ အီးယူအဖွဲ့ဝင် နိုင်ငံပါဝင်တယ်’’ ဟု ဥရောပ ကော်မရှင်၏ ကုန်သွယ်ရေးညွှန် ကြားရေးမှူးချုပ်၊ ဥရောပသမဂ္ဂ အဖွဲ့ စေ့စပ်ညှိနှိုင်းသူ Mr.NicolasVon-Lingen ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၌ ဥရောပသမဂ္ဂနိုင်ငံ များမှ ၁၀ ရာခိုင်နှုန်းကျော်သာရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ လေးဘီလီယံခွဲ ကျော်ရှိသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများတွင် ဗြိတိန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး သြဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများ အရ အမေရိကန်ဒေါ်လာ သုံးဘီလီယံခွဲခန့် ရှိနေသည်။
7 day

No comments:

Post a Comment