Tuesday 22 September 2015

အမ်မီဆုပေးပွဲမှာ ဆုတွေရရှိသွားတဲ့ Game of Thrones နဲ့ Veep


HBO ရုပ်သံ လိုင်းက ထုတ်လွှင့်ပြသလျက်ရှိ သော Game of Thrones ဒရာမာ ဇာတ်လမ်းတွဲသည် လော့စ်အန်ဂျ လိစ်မြို့၌ ကျင်းပပြုလုပ်သည့်ယခုနှစ်အမ်မီဆုပေးပွဲက ချီးမြှင့် သော ဆုရရှိသူများစာရင်းတွင် ပါဝင်လာသည်။ Game of Thrones ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြသသည့် ငါးနှစ်တာကာလအတွင်းအမ်မီဆုပေးပွဲကချီးမြှင့်သော အကောင်းဆုံး ဒရာ မာဇာတ်လမ်းတွဲဆုကိုရရှိခဲ့ သည်။အမ်မီဆုပေးပွဲကချီးမြှင့် သော ဒရာမာဇာတ်လမ်းတွဲကဏ္ဍ ၌ Game of Thrones ဒရာမာ ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းရေးသားသူဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုများ ရရှိခဲ့သည်။ ဗီအိုလာဒေး ဗစ်သည် How To Get Away With Murder ဒရာမာဇာတ်လမ်း တွဲဖြင့် အမ်မီဆုပေးပွဲက ချီးမြှင့် သော အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုရရှိပြီး ၎င်း သည် ယင်းသို့သော အမ်မီဆုကို ရရှိသည့် ပထမဆုံးလူမည်း အမျိုး သမီးဖြစ်လာသည်။ ဂျွန်ဟမ်း သည် Mad Men ဒရာမာဇာတ် လမ်းတွဲဖြင့် အကောင်းဆုံးအမျိုး သားသရုပ်ဆောင်ဆု ရရှိခဲ့သည်။

နိုင်ငံရေးဟာသဇာတ်လမ်း တွဲ Veep သည် အမ်မီဆုပေးပွဲက ချီးမြှင့်သော အကောင်းဆုံးဟာသ ဇာတ်လမ်းတွဲဆုကို ရရှိခဲ့သည်။ ဟာသဇာတ်လမ်းတွဲကဏ္ဍ၌ Transparent ဟာသဇာတ်လမ်း တွဲဖြင့် ဂျက်ဖရေးတမ်ဘာသည် အကောင်းဆုံးအမျိုးသားသရုပ် ဆောင်ဆုကို ရရှိခဲ့ပြီး ယင်းဒရာမာ ဇာတ်လမ်းတွဲသည် အကောင်း ဆုံးဒါရိုက်တာဆု ဆွတ်ခူးပေးနိုင်ခဲ့သည်။

အမေရိကန်ရုပ်သံလုပ်ငန်း ၌ ထူးချွန်မှုကို အသိအမှတ်ပြု ဆုချီးမြှင့်သော အမ်မီဆုပေးပွဲ သည် ယခုနှစ်တွင် (၆၇)နှစ်ပြည့် ခဲ့သည်။ (၆၇) ကြိမ်မြောက် ကြည့် ရှုနားဆင်သည့် ပရိသတ်အများ ဆုံးအချိန် အမ်မီဆုပေးပွဲကို စက် တင်ဘာ ၂၀ ရက်တွင် လော့စ် အန်ဂျလိစ်မြို့ မိုက်ကရိုဆော့ဖ် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

—Ref: BBC

No comments:

Post a Comment