Monday 21 September 2015

အငှားယာဉ်ကို ဓားထောက်လုသူများ လှည့်ကင်းအဖွဲ့ကတွေ့ပြီး ဖမ်းမိ

လှိုင်မြို့နယ်တွင် အ ငှားယာဉ်တစ်စီးကို အုပ်စုဖွဲ့ ဓား ထောက် လုယက်သူများကို လှည့် ကင်း အဖွဲ့က တွေ့ပြီး ဖမ်းဆီးမိခဲ့ ကြောင်း သတင်းရရှိသည်။
ခရီးသည်အယောင်ဆောင် လူငယ်လေးဦးက အငှားယာဉ် မောင်းထံမှ ငွေတောင်းခံခဲ့ပြီး ယာဉ်မောင်းက ယခုမှကား ထွက်လာသောကြောင့် ငွေမ ရှိကြောင်း၊ ဖုန်းတောင်းသော် လည်း မပါကြောင်း ပြောသဖြင့် ယာဉ်မောင်းကို ကားပေါ်မှမောင်း ချကာပြန်အထွက်တွင် လှည့်ကင်း အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြော သည်။
‘‘ကားငှားစီးတုန်းက ကြည့် မြင်တိုင်ကနေ ငှားစီးလာတာ။ ပြီးတော့ လှိုင်သာယာစက်မှုဇုန် ဘက်ထပ်ပြီးသွားတယ်။ နောက် ပန်းလှိုင်ဘက်ရောက်တော့မှ ကားသမားကို ဓားထောက်လု တာ။ကားသမားဆီကနေ ဘာမှမ ရတော့မှ ကားသမားကို ကားပေါ် ကချပြီး ကားပြန်အထွက် လှည့် ကင်းနဲ့တိုးပြီးမိတာ’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
လုယက်မှုကို စက်တင်ဘာ ၁၉ ရက် ည ၉ နာရီကျော်က လှိုင်မြို့နယ် ဗဟိုလမ်းရှိ သံလမ်း မှတ်တိုင်အနီးတွင် လှည့်ကင်း ပတ် ရဲတပ်ဖွဲ့ဝင်များက တွေ့ခဲ့ ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လုယက်မှုကျူးလွန်သည့် အသက် (၂၀)အရွယ်လူငယ်လေးဦးတို့သည် လှိုင်သာယာမြို့နယ်တွင် နေ ထိုင်သူများဖြစ်ကြောင်း လှိုင် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။
လုယက်မှုကျူးလွန်သူများ သည် လှိုင်သာယာမြို့နယ် စက်မှု ဇုန်(၂)၊ ဦးမိုးနီလမ်းနေ အသက် (၁၉) နှစ်အရွယ် ဇင်ကိုအပါအ၀င် လေးဦးကို (ပ)၄၂၇/၁၅၊ ပုဒ်မ ၃၈၂ ဖြင့် လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ယခုနှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီးတွင် ခရီးသည် အယောင်ဆောင်ကာ အငှား ယာဉ်မောင်းများကို လုယက်ကြ ပြီး ခရီးသည်အချို့ကိုလည်း အ ငှားယာဉ်မောင်းအယောင်ဆောင် သူများက လုယက်မှုများ ပိုမိုဖြစ် ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။
7Day Daily

No comments:

Post a Comment