Wednesday 23 September 2015

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

နှစ်နိုင်ငံနယ်နိမိတ်ဒေသတည်ငြိမ်ရေး အလေးထားဆောင် ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းပြော ကြားခဲ့သည်။ရွေးကောက်ပွဲကြို ကာလ တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ချန်နှင့် တွေ့ဆုံချိန်၌ ဝန်ကြီးက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန်သည်။
စက်တင်ဘာ ၂၁ ရက်က ဘေဂျင်းတွင် နှစ်နိုင်ငံ စစ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အပြန်အ လှန် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ချန်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား နယ်စပ်ဒေသတည်ငြိမ်ရေး ကဏ္ဍအတွက် မြန်မာနှင့် တရုတ် တို့ အလေးအနက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြော ကြားခဲ့သည်။
တရုတ်ကာကွယ်ရေး ဝန် ကြီးဌာန၏ ကြေညာချက်တွင် တရုတ် အစိုးရအနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ထွန်းနေခြင်းကို ကြိုဆို ကြောင်းနှင့် ရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့် ကြောင်းလည်း ဖော်ပြပါရှိသည်။
‘‘မြန်မာ့ပြည်တွင်းနိုင်ငံရေး ကဏ္ဍနဲ့ အမျိုးသား ရင်ကြားစေ့ ရေး လုပ်ဆောင်မှုတွေ အရှိန် မြှင့် ဆောင်ရွက်နေတာကို တရုတ် အစိုးရက ထောက်ခံပါတယ်။ ပြီး တော့ ရေရှည် တည်ငြိမ်အေးချမ်း မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှော် လင့်ပြီး ရွေးကောက်ပွဲကိုလည်း ကြိုတင် သတ်မှတ်ထားတဲ့ အ တိုင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ တိုက်တွန်းပါတယ်’’ ဟုလည်း ချန်၏ အဆိုကို ကိုးကား ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေညာသည်။

ပြီးခဲ့သည့် လပိုင်းများအ တွင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့ တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံ မှု အချို့ကြောင့် တရုတ်နှင့် မြန်မာ နယ်နိမိတ်တစ်လျှောက်တွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ယမန်နှစ်ကလည်း ကိုးကန့် တိမ်းရှောင် တပ်ဖွဲ့များနှင့် တိုက် ပွဲဖြစ်ပွားရာ မြန်မာဘက်က ပစ် ခတ်သော လက်နက်ကြီးနှင့် ဗုံး များ တရုတ်ဘက်သို့ ကျရောက်မှု ကို တရုတ်အစိုးရက အပြင်းအ ထန် ကန့်ကွက်ခဲ့သည်။

ထို့အပြင်(၁၇)နှစ်ကြာအပစ်အခတ် ရပ်စဲထားသည့် စာချုပ် ပျက်ပြယ်ပြီးနောက် ၂၀၁၁ ပြည့် နှစ်တွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည် စတင်လာခြင်းကလည်း တရုတ်နှင့်မြန်မာ နယ်ခြားဒေသ ကို ခြိမ်းခြောက်မှုများ ရှိလာစေ သည်။

တရုတ်နိုင်ငံသည် မြန်မာအ စိုးရ၏ နီးစပ်သော မဟာမိတ်အ ဖြစ် ရပ်တည်ခဲ့ပြီး စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် ကုန်သွယ်ရေး ကဏ္ဍတို့တွင် နှစ် နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များ စွာ ရှိခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကြီးမားသည့် အလှည့် အပြောင်းတစ်ခု ဖြစ်လာနိုင် သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ တရုတ်က အ လေးအနက်ထား စောင့်ကြည့်နေ ပြီဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် နှစ် ပိုင်းများအတွင်း မြန်မာအစိုးရနှင့် အမေရိကန်တို့ကြား ဆက်ဆံရေး နွေးထွေးမှုများ ရရှိလာခြင်းကို လည်း တရုတ်က စိုးရိမ်နေသည်။

နိုင်ငံတကာ အကဲခတ်များ က နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခု ရွေးကောက်ပွဲတွင် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်းထားကြပြီး တရုတ် အ နေဖြင့် အိမ်နီးချင်းနိုင်ငံ၏ ပြောင်း လဲသွားသော အခြေအနေနှင့် လိုက်မီစေမည့် ဗျူဟာမျိုးကို ချ မှတ် ချဉ်းကပ်ရဖွယ် ရှိသည်။

တရုတ်အစိုးရသည် ဇွန်လ အတွင်းက ဒေါ်အောင်ဆန်းစု ကြည်အားဘေဂျင်းသို့ ဖိတ်ကြားခဲ့ပြီး သမ္မတ စီကျင်းပင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

—Ref: Reuters, TBP

No comments:

Post a Comment