Thursday 17 September 2015

ကျောင်သားဟောင်းအနုပညာရှင်တွေ ဖျော်ဖြေမယ့် တီတီစီရန်ပုံငွေကပွဲ


ကျောင်းသားဟောင်း အနုပညာရှင်များကိုယ်တိုင် ပါဝင် ဖျော်ဖြေမယ့် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက် တန်းကျောင်း (TTC)၏ သက်ကြီး အာစရိယပူဇော်ပွဲ ရန်ပုံငွေပဒေ သာကပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲတွင် တီတီစီ ကျောင်းသားဟောင်းများဖြစ် သော ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊မျိုးမျိုး၊ သံသာဝင်း၊ အဲလက်စ်၊ မေစံပယ်ညို၊ ဖြူဖြူကျော်သိန်း၊ Examplez၊ ဖိုးသောကြာ၊ အိမ့် ချစ်၊ ရှင်ဖုန်း၊ အရိုး၊ ရည်မွန်၊ အောင်အေးချစ်၊ ကျော်ထွဋ်ဆွေ၊ အာဘွိုင်း၊ ဉာဏ်လင်းအောင် အပါအဝင် တေးသံရှင်များနှင့် အနုပညာရှင်များက တေးသီချင်း များနှင့် ဖျော်ဖြေပေးမည်ဖြစ်ကာ ဟိန်းဝေယံ၊ မိုးယံဇွန်၊ သျှားထွဋ် အိန္ဒြာ၊ ခိုင်သဇင်ငုဝါ၊ ခိုင်သခင် ယုဝါ၊ ဖြိုးဝေနှင့် ရပ်ဆဲလ်တို့က လည်း အကများ၊ တေးသရုပ်ဖော် များဖြင့် ပါဝင်ပေးမည်ဖြစ်သည်။


‘‘ဒီပွဲက TTC ရဲ့ မိသားစုပွဲ ဖြစ်လို့ ကျောင်းသားဟောင်းတွေ နဲ့ နီးစပ်ရာဆွေမျိုးတွေကိုပဲ လက် မှတ်ရောင်းချပေးဖို့ စီစဉ်ထားပါ တယ်။ ကျွန်တော်တို့စီစဉ်ရာမှာ တချို့ကျန်ခဲ့တဲ့ ကျောင်းသား ဟောင်းတွေရော အဆက်အ သွယ်မရတဲ့ကျောင်းသားဟောင်း အနုပညာရှင်တွေရော ဆက် သွယ်ပေးစေချင်ပါတယ်။ ဒီပွဲက အားလုံးတစုတစည်းတည်းလုပ် တာဖြစ်လို့ အကုန်လုံးကိုပါစေ ချင်တယ်’’ဟု ရန်ပုံငွေပွဲကျင်းပ ရေးစီစဉ်သူ တီတီစီကျောင်းသား ဟောင်း ကိုထက်အောင်က ပြော သည်။ အဆိုပါပဒေသာကပွဲကို စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်ရှိ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် မည်ဖြစ်ပြီး TTC ကျောင်းထွက် အနုပညာရှင်များနှင့် ကျောင်း သား၊ ကျောင်းသူဟောင်းများအား လုံး၏ တစုတစည်းတည်း ပူးပေါင်းစီစဉ်သော ပထမအကြိမ်မြောက် ဖျော်ဖြေပွဲဖြစ်သည်။

ထို့အပြင် တီတီစီကျောင်း သားဟောင်းများဖြစ်ကြသော အဝေးရောက်ဝါရင့်အဆိုတော် များဖြစ်သည့် ဆောင်းဦးလှိုင်၊ ပိုး ဒါလီသိန်းတန်၊ ချောအိသိမ်း၊ သီရိညွန့်၊ မြတ်ကျော်သိန်းနှင့် လဲ့လဲ့သိန်းတို့ကလည်း ယင်းဖျော် ဖြေပွဲတွင် LED ဘုတ်များဖြင့် ဖျော်ဖြေပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို ကျောင်းသားဟောင်းများဖြစ်ကြ သည့် Plus Three Music Band နှင့် Emperor Music Band တို့ က တီးခတ်ပေးမည်ဖြစ်ပြီး လက် မှတ်ခအနေဖြင့် ကျပ်သုံးသောင်း၊လေးသောင်းနှင့် ငါးသောင်းသတ်မှတ်ထားပြီး ကိုထက်အောင် (၀၉-၅၁၁၅၆၈၅ နှင့် ၀၉-၇၃၁၉၁၅၁၆)သို့ ဝယ်ယူနိုင်ကြောင်း သိရသည်။

No comments:

Post a Comment