Friday 25 September 2015

တရုတ်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် စက်တင်ဘာ ၂၄ ရက် ညနေက ကျင်းပသည့် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်း အနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းမည့်အကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု  နိုင်ငံပိုင်သတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။


တရုတ်သံအမတ်က တရုတ် သံရုံးသစ်သည် နေပြည်တော်၌ ပထမဆုံးသံရုံးအဖြစ် တည် ဆောက်ဖွင့်လှစ်နိုင်ရန် မျှော်လင့် သည်ဟု ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင် သတင်းဌာနများက ရေးသားခဲ့သော်လည်း သံရုံး ပြောင်းရွှေ့ရသည့် အကြောင်း ရင်းကို သံအမတ်ကြီးပြောကြားခဲ့ ခြင်းရှိ၊ မရှိ ရေးသားခဲ့ခြင်း မရှိပေ။ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် တရုတ်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြ ရာနေရာတစ်ခုဖြစ်ခဲ့ပြီး မြန်မာ အစိုးရက မကြာခဏလုံခြုံရေး အများအပြား ချထားပေးခဲ့ရ သည်။

တရုတ်စီးပွားရေးအင်အားစု များ ရင်းနှီးမြှုပ်နှံထားသည့် မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လယ်ယာမြေပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်သည့် ဒေသ၌ တောင်သူတစ်ဦး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည် ကို ကန့်ကွက်သည့် အနေဖြင့် တက်ကြွ လှုပ်ရှားသူများသည် ယခုနှစ်အစောပိုင်းက တရုတ်သံ ရုံးရှေ့သို့ ပိတ်ဆို့ဆန္ဒပြရန် ကြိုး စားခဲ့သောကြောင့် အာဏာပိုင် များနှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။
7 day

No comments:

Post a Comment