Wednesday 23 September 2015

အလုပ်အကိုင် အခွင့်အလမ်းအတွက် အမတ်လောင်းများ၏ စိတ်ကူး


 ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့  ဦးရေ နှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်ကိုင်နေမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေမှုကို ထင်ဟပ်စေပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီကတည်းက ဖြစ်ပေါ်နေခဲ့သည့် အဆိုပါပြဿနာသည် အစိုးရသက်တမ်းငါးနှစ်ကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် အချိန်အထိ ဖြေရှင်းနိုင်မှု မရှိသေးပေ။ ထို့ကြောင့်ယင်းပြဿနာကို ဖြေရှင်းရန် နောက်အစိုးရသက်တမ်း ၀င်ရောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပါတီ လုပ်ငန်းစဉ်မူဝါဒများ၌ အသီးသီး ရေးဆွဲထည့်သွင်းလာခဲ့ကြသည်။နှစ်ကာလတာရှည် သက်ဆိုးရှည်နေခဲ့သည့် မြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဖြစ်စဉ်က ချက်ချင်း ဖြေရှင်းအကောင်အထည်ဖော်ရန် ခက်ခဲနိုင်မည်ဖြစ်သော်လည်း အမတ်လောင်းအချို့ကမူ ယင်းပြဿနာကို ဖြေရှင်းရန် စိတ်အားထက်သန် နေကြသည်။

 ၎င်းတို့တွင် မတူညီသော နည်းလမ်းများနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကို ဖြေရှင်းမည့်နည်းလမ်းများအားအသီးသီး စိတ်ကူးပုံဖော်ထားကြသော်လည်း 7Day News ၏ မေးမြန်းချက်အချို့တွင် ထင်မြင်ချက်များက တူညီနေသည်ကိုတွေ့ရသည်။လက်ရှိအချိန်အထိ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုများ ရှိနေခြင်းသည် အစိုးရ၏စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပါတီနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာဒေသ မတူညီသော ကိုယ်စားလှယ်လောင်း၁၀ ဦးက တညီတညွတ်တည်း ဖြေကြားခဲ့ကြသည်။‘‘အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းမှုတွေရှိတယ်။ စီမံခန့်ခွဲ မှုမှာ စနစ်မကျတာတွေရှိတယ်။ ဒါတွေက အလုပ်အကိုင်အခွင့်အလမ်း ပေါများလာနိုင်မှုအပေါ် သွားပြီး သက်ရောက်နေတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဘမျိုးသိန်းက ပြောသည်။

လယ်ယာကဏ္ဍ၊  စက်မှုကဏ္ဍများကို ထိရောက်စွာ အားဖြည့်ထောက်ပံ့ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာအောင် ဖန်တီးပေးသွားနိုင်မည်ဟု ၎င်းကယုံကြည်ထားသည်။‘‘အခြေခံကျတဲ့ စီးပွားရေး ကဏ္ဍတွေကို အားပေးမြှင့်တင်ရမယ်။ လျှပ်စစ်မီးပုံမှန်ရရှိအောင် လုပ်မယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေး မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ၀င်ရောက်လာမယ်။ ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့အမျှ အလုပ်အ ကိုင်အခွင့်အလမ်းတွေလည်း ပို ထွက်လာစေမှာ ဖြစ်ပါတယ်’’ ဟု ဦးဘမျိုးသိန်းကပြောသည်။အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးသည် စီးပွားရေးဖွံ့ဖြိုး မှုပေါ်တွင် မူတည်နေသောကြောင့် အဓိကကျသည့် အသေးစားလုပ် ငန်းများကိုပိုမိုတွန်းအားပေး၍ ငွေ လုံလုံလောက်လောက် ထုတ်ချေး ကာပံ့ပိုးမှုပေးနိုင်ရန် အရေးကြီး သည်ဟုဝံသာနုNLD (ပြည်ထောင် စုမြန်မာနိုင်ငံ) ပါတီမှ မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် မဟာအောင်မြေ မြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် ဦးရဲမင်းက ၎င်း၏ထင်မြင်ချက်ကို ပြောသည်။

‘‘အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးဆိုတာက ကျွန်တော် တို့ပါတီရဲ့မူထဲမှာ ပါပြီးသားပါ။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ လောလောဆယ် ပြည်သူကိုကတိပေးနိုင်တာကတော့ အလုပ်အ ကိုင်ရှားပါးနေတဲ့ ကိစ္စကို လွှတ် တော်ထဲရောက်ရင် သဘောထား ချင်းတူညီတဲ့ တခြားပါတီတွေနဲ့ ပူးပေါင်းပြီး အဖြေရှာပေးသွားမယ် ဆိုတာပါပဲ’’ဟု ၎င်းကဆိုသည်။ပြည်တွင်းအလုပ်အကိုင် ဖွံ့ ဖြိုးရေးအတွက် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပေါ်မှသာ အဆင်ပြေနိုင်မည်ဟုလည်း ကိုယ်စားလှယ်လောင်း အချို့က ယုံကြည်ထားပြီး ယင်းကိစ္စကို အ လေးထားဆောင်ရွက်ရန် ကတိပြု ထားကြသည်။

‘‘မည်သည့်စွက်ဖက်မှုမှမပါတဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ် ထူထောင်ရမယ်။ ဒါမှ ငွေဈေးတည်ငြိမ်မယ်။ ကုန်ဈေး နှုန်းကျဆင်းမယ်။ ဒီလိုတည်ငြိမ်မှု တွေရှိလာမှပဲ စီးပွားရေးလုပ်ငန်း တွေပိုပြီးတိုးတက်လာမယ်။ ကုန် ထုတ်လုပ်မှုတွေ တိုးတက်လာမယ်။ ဆက်စပ်လိုက်ရင် အဲဒီလုပ်ဆောင်ချက်ရဲ့ အကျိုးဆက်အဖြစ် အလုပ်အကိုင်တွေ နိုင်ငံတကာ တန်းတူအခွင့်အရေးတွေနဲ့ ပေါ များလာမယ်’’ဟု ခေတ်သစ်ပြည်ထောင်စုပါတီမှ ပြည်သူ့လွှတ် တော်နေရာအတွက် ပန်းဘဲတန်း မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးအောင်သန်းက အလုပ်အကိုင် အခွင့်အလမ်းပေါများစွာ ဖန်တီး နိုင်ရေးအတွက် ၎င်း၏ရည်ရွယ် ချက်နှင့်ပတ်သက်၍ ပြောပြသည်။

ထိုသို့ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပြီး ၀င်ငွေရရှိမှု တိုးတက်လာပါက ပြည်ပသို့ မြန်မာလုပ်သား ယိုစိမ့် ထွက်ခွာနေမှုကို ထိန်းချုပ်သွားနိုင် မည်ဟု ၎င်းကတွက်ဆသည်။ထို့အပြင် လွှတ်တော်ထဲသို့ ၎င်းရောက်ရှိပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် ဆက်စပ်နေပြီး တည်ဆဲဖြစ်သော်လည်း သက်ဝင်မှု အားနည်းနေသည့် နိုင်ငံသား အခွင့်အရေးကာကွယ်ရေး ဥပဒေကို ပြင်ဆင်အသက်သွင်းရန် ဖြစ်သည်ဟုဆိုသည်။‘‘၁၉၇၅ ကတည်းက ရှိခဲ့တဲ့ ဒီဥပဒေမှာ အစိုးရတာဝန်ယူရမယ့် နိုင်ငံသားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ ပါပြီးသား။ ဒါကိုအသုံးချမှုအားနည်းတယ်။ လက်ရှိလွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာလည်း ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ မထောက် ပြခဲ့ကြဘူး’’ဟု ၎င်း၏ဆန္ဒကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်  ကြုံ တွေ့နေရသော အလုပ်အကိုင်အ ခွင့်အလမ်းနည်းပါးမှု အခြေအနေ သည် တိုင်းပြည်၏ စီးပွားရေးပေါ် လစီများ ပြင်ဆင်နိုင်မှသာ ပိုမိုအ လုပ်ဖြစ်နိုင်မည်ဟု ပြည်သူ့လွှတ် တော်နေရာအတွက်ကျောက်တန်း မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်း၏ယုံကြည်ချက်ကို ပြတ်ပြတ် သားသားဆိုသည်။ထိုသို့ စီးပွားရေးဆိုင်ရာပေါ်လစီများပြုပြင်ပြောင်းလဲနိုင်ရန်မှာ စစ်မှန်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်မှသာ ဖြစ်နိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

‘‘တိုင်းပြည်ရဲ့ပေါ်လစီလွဲမှားမှုကြောင့် ကုန်ထုတ်လုပ်မှုတွေ အများကြီးအရှုံးပေါ်ခဲ့တာသက်သေ ဘဲ။ ဦးဆောင်တဲ့သူတွေ ပြတ်ပြတ်သားသား မဖြစ်နိုင်ခဲ့လို့ ဖွံ့ဖြိုး သင့်သလောက် ဖွံ့ဖြိုးမှုမရှိခဲ့ဘူး။ လွတ်လပ်တဲ့ စီးပွားရေးစနစ်ဖြစ်အောင် ဖန်တီးနိုင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲတင်းတင်း ၀င်ရောက်လာမယ်။ အဲဒီလို လုပ်နိုင်မယ်လို့လည်း ယုံကြည် တယ်’’ ဟု ဦးဇင်အောင်က ဆိုသည်။ 

အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုမှာ နိုင်ငံလူဦးရေအများဆုံးရှိသည့် ရန်ကုန်တိုင်းတစ်ခု တည်းတွင်ဖြစ်ပေါ်နေခြင်းမဟုတ် ဘဲ ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်း ရင်းသား ဒေသများ၌ပါ သက်ရောက်မှုရှိနေသည်။တိုင်းရင်းသားဒေသများအတွက် လုပ်ဆောင်နိုင်သည့် လုပ်ငန်းနယ်ပယ်ကျဉ်းမြောင်းနေခြင်းမှာ ယင်းဒေသရှိ ပြည်သူလူထု အခြားနေရာဒေသသို့ ရွှေ့ပြောင်းနေ ထိုင်ရန် ဖြစ်လာစေခဲ့သည်ဟုတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။စိုက်ပျိုးရေးသာ အဓိကထား နေရသည့် တိုင်းရင်းသားဒေသများအတွက် စိုက်ပျိုးရေးအပေါ်အခြေခံ၍ အစိုးရ၏ ပံ့ပိုးပေးနိုင်မှုမှာ အရေးပါနေသည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ၀င် ရောက်ယှဉ်ပြိုင်မည့် ဦးလာမာ လေးကဆိုသည်။

‘‘စိုက်ပျိုးရေး  လုပ်ငန်းအ တွက် အထောက်အပံ့ရဖို့ကလွှတ် တော်ထဲမှာတင်ပြသွားရမှာပါ။ အလုပ်လက်မဲ့တွေ၊ အောက်ခြေလူ တန်းစားတွေအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များများ ၀င်ရောက်လာအောင် ဖိတ်ခေါ် ဆောင်ရွက်ပေးနိုင်ဖို့အတွက် အရေးကြီးတယ်။လုပ်ပိုင်ခွင့်ကိုလည်း ကိုယ့်ဒေသ ကိုယ့်လုပ်ပိုင်ခွင့်ရ အောင် ကြိုးစားသွားမှာပါ။ ကျွန် တော်တို့က ပါတီငယ်လေးဖြစ်တဲ့ အတွက် ကိုယ့်ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင် ပေါများရေးကိုပဲအလေးထားတယ်။လုပ်နိုင်မယ် လို့လည်း ယုံကြည်ချက်ရှိတယ်’’ ဟု ၎င်းကပြောသည်။တိုင်းရင်းသား ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ လည်းဖြစ်သူ ဦးကွမ်ဂေါင်အောင် ခမ်းကလည်း တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းတိုး တက်ရေးနှင့် ဘ၀အာမခံချက် ရှိ ရေးအတွက်လုပ်ဆောင်ရန်လို အပ်သည်ဆိုသည့်အပေါ်ထောက် ခံသည်။

၎င်းအနေဖြင့်မူ ပူတာအိုခရိုင် ပြည်သူ့လွှတ်တော်နေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ရာထူးမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လုပ်ဆောင်ပြောဆိုနိုင်သည့်အတွက် မိမိဒေသ တစ်ခုတည်းအတွက် လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောသည်။‘‘လုပ်ပိုင်ခွင့်တွေကို ချုပ်ကိုင် ထားတာမျိုးမဟုတ်ဘဲ ပွင့်လင်း မြင်သာမှုရှိအောင်လုပ်မယ်။ ကုန် ကြမ်းတစ်ခုတည်း အားထားနေရ တဲ့ ကျွန်တော်တို့ဒေသလုပ်ငန်း တွေအတွက် ကုန်ချောထုတ်လုပ် ရောင်းချနိုင်အောင် လုပ်နိုင်ခြင်း အားဖြင့် အခွင့်အလမ်းတွေ ဖော် ဆောင်ရမယ်’’ဟု ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။

‘‘ဘယ်လောက်အထိ ကျွန် တော်လုပ်နိုင်မလဲဆိုတာထက် လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာတော့ မူတည်သေးတာပေါ့’’ဟု လွှတ်တော်အတွင်း ရောက်ရှိပြီးနောက် ၎င်းလုပ် ဆောင်နိုင်မှုအနေအထားနှင့်ပတ် သက်၍ ဆက်လက်ပြောသည်။တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှု နှင့်ဆက်စပ်နေသည့် အလုပ်အ ကိုင်အခွင့်အလမ်းဖော်ဆောင်ရေးမှာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိမှ ပိုမိုအသက်ဝင်လာနိုင်သည်ဟု သုံးသပ်သူများလည်းရှိ သည်။ အပြောင်းအလဲတစ်ခုကို အတင်းအဓမ္မပြုလုပ်ပါက ဘေး ထွက်ဆိုးကျိုးရှိလာမည်ကို ၎င်းတို့ က စိုးရိမ်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကူးပြောင်းမှုအရှိန်ယူ ဆဲကာလဖြစ်သောကြောင့်ပြောင်း လဲမှုအချို့ကို အချိန်ယူရဦးမည့် အနေအထားတွင်ရှိသည်ဟုခေတ် သစ်ပြည်သူ့ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်အတွက် ဘိုကလေးမြို့မှ ၀င်ရောက်ယှဉ် ပြိုင်မည့် ဦးအောင်မျိုးကပြော သည်။‘‘စီးပွားဘ၀ ဖွံ့ဖြိုးဖို့ဆိုတာ ကျွန်တော်တို့ပါတီမူထဲမှာ ပါပြီး သားပါ။ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းရပါမယ်။ ဒါကိုလုပ် ဆောင်တဲ့အခါမှာ တိုင်းပြည်တည် ငြိမ်အေးချမ်းဖို့တော့ လိုတယ်။ တည်ငြိမ်အေးချမ်းမှ စီးပွားရေး ပွင့်လင်းနိုင်မှာလေ’’ဟု၎င်းကဆို သည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် မြန်မာနိုင်ငံ၏ အလုပ် အကိုင်အခွင့်အလမ်းတိုးတက်ရေး ခံယူချက်များဆုပ်ကိုင်ထားသော် လည်း လက်တွေ့ကျကျ အ ကောင်အထည်ဖော်ရန်မှာမူ ထင် သလောက်လွယ်ကူမည်မဟုတ်ဟု ၎င်းတို့က လက်ခံထားသည်။ပွင့်လင်းမြင်သာမှုနည်းစွာ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ခရိုနီများ နှင့် စီးပွားရေးဆိုင်ရာ ချုပ်ကိုင် ထားလိုသူအချို့ကြောင့် စီးပွား ရေးဖွံ့ဖြိုးမှုနှင့်အလုပ်အကိုင် အ ခွင့်အလမ်းတိုးတက်ရေးမှာ ခက် ခဲစွာပြောင်းလဲရုန်းကန်ရမည်ဟု ကိုယ်စားလှယ်လောင်းများက ပြောသည်။‘‘ပြောင်းလဲမှုအတွက်  ထိုးဖောက်ဖို့တော့ ခက်ပါတယ်။ ဒီမို ကရေစီစနစ်စစ်မှန်ကျင့်သုံးတဲ့ အ စိုးရကို ရွေးချယ်နိုင်ခဲ့ရင်တော့ ဖြေ ရှင်းနိုင်မယ်ထင်တယ်’’ဟု ဦးကွမ်ဂေါင်အောင်ခမ်းက မှတ်ချက်ပြု သည်။
7 day

No comments:

Post a Comment