Monday 21 September 2015

အနည်းဆုံး လုပ်ခလစာအတိုင်းမရက အလုပ်သမား ဦးစီးရုံးများသို့ တိုင်ကြားနိုင်

အနည်းဆုံး လုပ်ခလစာ အတိုင်း လုပ်အားခ ပေးချေခြင်း မရှိပါက သက်ဆိုင်ရာ အလုပ် သမားဦးစီးရုံးများထံသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း အ လုပ်သမားညွှန်ကြားမှုဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ပြောသည်။
နိုင်ငံတစ်ဝန်းရှိ လုပ်သား ၁၅ ဦးအထက် လုပ်ငန်းခွင်များမှ အလုပ်သမားများမှာ စက်တင် ဘာလကုန်မှစ၍ အဆိုပါ သတ် မှတ်နှုန်းထားအတိုင်း ခံစားခွင် စတင်ရရှိမည်ဖြစ်ပြီး ယင်းနှုန်းအ တိုင်း ပေးချေခြင်း မရှိပါက အ လုပ်ရှင်ကို အရေးယူမည် ဖြစ်သည်။

‘‘အနည်းဆုံး လုပ်ခလစာ က အတည်ဖြစ်သွားပြီ။ အသက် လည်း ၀င်နေပြီဖြစ်တဲ့အတွက် မဖြစ်မနေ အဲဒီသတ်မှတ်ချက်နဲ့ ပေးချေရမှာပါ။ မပေးရင် အလုပ် သမားတွေဘက်က နီးစပ်ရာအ လုပ်သမား ညွှန်ကြားမှုဦးစီးရုံး တွေကို ဆက်သွယ်တိုင်ကြားနိုင် ပါတယ်။ ကျွန်တော်တို့ဘက်က လည်း စစ်ဆေးမှုတွေ လုပ်သွား မှာ’’ဟု ဦးမျိုးအောင်က ပြော သည်။
သို့သော်လည်း စက်ရုံ၊ အ လုပ်ရုံအချို့သည် ယခုအချိန်အထိ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူစာချုပ်ချုပ်ဆိုထားနိုင်ခြင်း မရှိ သေးသည့်အတွက် အလုပ်သမား များ ရပိုင်ခွင့်၊ ပေးပိုင်ခွင့်များနှင့် ပတ်သက်၍ ညှိနှိုင်းရန် ကျန်ရှိနေ သေးကြောင်း သိရသည်။ ထို့ ကြောင့် ယင်းနှုန်းအတိုင်းပေးချေ ရန်မှာ အဆင်သင့်မဖြစ်သေးခြင်း ကြောင့် လုပ်ခလစာပေးချေမှု တွင် ကွဲလွဲမှုများရှိ လာနိုင်သည်ဟု အလုပ်သမားသမဂ္ဂအဖွဲ့များ က သုံးသပ်ထားသည်။
သတ်မှတ်နှုန်းထားအတိုင်း ပေးချေခြင်း မပြုလုပ်ပါက အရေး ယူမည်ဆိုသော်လည်း နည်းဥပ ဒေမထွက်လာသေး၍ အရေးယူ ရန် ခက်ခဲမှုရှိနိုင်သည်ဟု အထည်ချုပ်အလုပ်သမားခေါင်းဆောင် ကိုအောင်နိုင်က ဆိုသည်။
အနည်းဆုံး အခကြေးငွေ စာချုပ်ချုပ်ဆိုထားနိုင်ခြင်း မရှိ သေးခြင်းကြောင့် လုပ်ခလစာပေး ချေရာတွင် ကျပ် ၃,၆၀၀ နှင့်လည်း သွေဖည်မှု မရှိစေရန် အလုပ်ရှင် နှင့် အလုပ်သမား ညှိနှိုင်းချိန်ဆ၍ လုပ်ဆောင်ခွင့်ပေးမည်ဟုလည်း ဦးမျိုးအောင်က ပြောသည်။
အနည်းဆုံး အခကြေးငွေ ဖြင့် လုပ်အားခပေးချေရမည်ဆို ပါက လုပ်သားတစ်ဦး၏ အခြေခံ လုပ်ခလစာမှာ ကျပ်တစ်သိန်း ရှစ်ထောင်ကျပ်ခန့် ရရှိမည်ဖြစ် ပြီး ယင်းပမာဏတွင် အချိန်ပို ရငွေနှင့် အခြားဆုကြေးများ ပါ ၀င်မှု မရှိကြောင်း သိရသည်။
စက်ရုံအလုပ်သမားများ အလုပ်ဆင်းချိန်တွင် တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment