Monday 28 September 2015

တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု


 တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်တွင် လက် ကိုင်ကျဉ်စက်တုတ်များစတင်အ သုံးပြုကိုင်ဆောင်ခွင့်ပေးခဲ့ကြောင်းအမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။‘‘အဓိကကတော့ တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးအတွက် အထက် က ထုတ်ပေးတာပါ’’ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ခံအရာရှိ ဒုရဲမှူး ထွန်းထွန်းအောင်က ပြောသည်။စက်တင်ဘာ ၂၇ ရက်မှစ တင်၍ တောင်ကြီးမြို့တွင် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင် ၃၀ ဦးကို လက် ကိုင် ကျဉ်စက်တုတ်များ စတင် ကိုင်ဆောင်ခွင့်ပေးထားပြီး ရှမ်း ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးအား အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးခံရ၍ သေဆုံး သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအား လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ် ပြီး မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန်နှင့် ခုခံနိုင်ရန် ထုတ်ပေးထားခြင်းဖြစ်သည်ဟု တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

‘‘ကျွန်တော်တို့ ယာဉ်ထိန်းရဲ တွေမှာ အားနည်းချက်ကတစ် ဖက်က ခုခံတဲ့အခါ ဘာမှမရှိတဲ့ အတွက် ယာဉ်ထိန်းရဲရဲ့ ဂုဏ်သိက္ခာပိုင်းရော၊ တပ်ဖွဲ့ဝင်တွေ အနေနဲ့ပါ နစ်နာမှုတွေရှိပါတယ်’’ ဟု တောင်ကြီးမြို့တွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် တစ်စုံ တစ်ရာနှောင့်ယှက်မှုများကြုံတွေ့လာပါက ကာကွယ်ခုခံနိုင်ရေးနှင့် ယာဉ်ထိန်းရဲများ လုံခြုံရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် စစ် ကိုင်းမြို့တို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်တစ်ထောင်ကျော်အား စက် တင်ဘာ ၂၅ ရက်၌ လက်ကိုင်ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့်ပေးခဲ့သည်။
7 day

No comments:

Post a Comment