Sunday 27 September 2015

မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ် ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဘုရင့်နောင်နယ်မြေစခန်း စခန်း မှူးရဲအုပ် သန်းဝင်း တာဝန်ယူ ဆောင် ရွက်နေစဉ် (၁) ရပ်ကွက် (၁)လမ်း ရိုးကြီးချောင်းအတွင်း စိတ်ကြွဆေးပြား များ တွေ့ရှိထားကြောင်း သတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ် အောင်ဇော်ဝင်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးရာ မြို့သစ်(၁)လမ်း ထိပ်နေ ဒေါ်စန်းစန်း ရီ (၅၃) နှစ်သည် ရိုးကြီးချောင်းအတွင်း ကော်ဆယ် ရာမှ မြွေရေခွံအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေး ပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းပြီး မူးယစ်ဆေးဝါး ဥပဒေအရ အမှုဖွင့် ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဘုရင့်နောင်နယ်မြေ ရဲစခန်းက စုံစမ်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ညီညီ(သမိုင်း)
MOI

No comments:

Post a Comment