Wednesday 23 September 2015

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ဖယ်ရှားမည်


ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကန့်သတ်ချက်များကို အောက် တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ဖယ်ရှားပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။လတ်တလော ကန့်သတ် ထားသောနယ်စပ်မှ ရောင်းချပါ က တန်ချိန် ၅၀၀ သာခွင့်ပြုသည့် ကန့်သတ်ချက်၊ နေပြည်တော်၌ သာ လိုင်စင်လျှောက်ထားရမည့် ကန့်သတ်ချက်၊ အရန်ဆန် ၂ ရာ ခိုင်နှုန်းထားရှိမည့် ကန့်သတ်ချက် များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင်လုံးဝဖယ်ရှားပေး ရန် စီးပွားကူးသန်းဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေ အတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောသည်။‘‘အစိုးရက ပြည်တွင်းမှာ ဆန် ဈေးမြင့်မှာစိုးရိမ်ပြီး စားသုံး သူဘက်ကကြည့်ပြီး အတားအဆီး တွေလုပ်တာပါ။ မကြာခင်မိုးစပါး ပေါ်တော့မှာဆိုတော့ ဆက်ပြီး အ ကန့်အသတ်တွေလုပ်မယ်ဆိုရင် လယ်သမားတွေအတွက် နစ်နာ စရာဖြစ်လာမယ်။ ဒါကြောင့်စပါး အထွက်များတဲ့အချိန်မှာ အကုန် ဖွင့်ဖို့ သဘောတူပေးလိုက်တာပါ’’ ဟု ဦးရဲမင်းအောင်ကပြောသည်။ပထမဆုံး ကန့်သတ်ချက် ပြင်ဆင်မှုအနေဖြင့် ပို့ကုန်လိုင်စင် ကို မူဆယ် နယ်စပ်မှာပင် ပြန် လည်ပြုလုပ်နိုင်ရန် ၀န်ကြီးဌာနက ဦးစွာစီစဉ်နေကြောင်း သိရသည်။စက်တင်ဘာ ၂၂ ရက်တွင် ဆန်ဈေးကွက်၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ စီးပွားကူးသန်းဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ နိုင်ငံ တော် သမ္မတ စီးပွားရေး အကြံ ပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ သည် ရန်ကုန်၌ တွေ့ဆုံဆွေးနွေး ပြီးနောက် နယ်စပ်မှဆန်တင်ပို့ရန် ပို့ကုန်လိုင်စင်ထုတ်ပေးမှု၊ အရန် ဆန်ထားရှိမှုတို့ ဖြေလျှော့ပေးရန် ၀န်ကြီးဌာနက သဘောတူညီ လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ ရသော ရေဘေးအန္တရာယ်ကြောင့် ပြည်ပ ဆန်တင်ပို့မှုကို တစ်လခွဲ ခန့် ခေတ္တ ရပ်နားခဲ့သည်။ ထို့ နောက် စက်တင်ဘာ ၁၅ရက်တွင် ပြည်ပသို့တင်ပို့ခွင့်ပြန်လည်ခွင့် ပြုပေးသော်လည်း နယ်စပ်တင်ပို့ မှုကို တန်ချိန် ၅၀၀ သာ ခွင့်ပြု သည်။ လိုင်စင်ကို ယခင်ကကဲ့သို့ မူဆယ်နယ်စပ်၊ ရန်ကုန်၊ မန္တ လေးမြို့တို့တွင် ခွင့်မပြုဘဲ နေ ပြည်တော်ဝန်ကြီးဌာနကသာ ၀န် ကြီးအစည်းအဝေးဆုံးဖြတ်ချက် ဖြင့် ခွင့်ပြုရန်စီစဉ်ခဲ့သည်။ ထို့ အပြင် ပြည်ပသို့ဆန်တင်ပို့ရောင်း ချရာတွင် အရန်ဆန်အဖြစ် ၂ ရာ ခိုင်နှုန်း ထားရှိရန် ၀န်ကြီး ဌာနက စီစဉ်ခဲ့သည်။‘‘ဗဟိုဘဏ်ကလိုအပ်ချက်ရှိ နေမယ်ဆိုရင် မိုးစပါးက ပေါ်ချိန် မှာ ဈေးကောင်းနိုင်တယ်’’ ဟု ပြည်ပသို့ဆန်တင်ပို့နေသောလုပ် ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိမူဆယ်နယ်စပ်တွင် ငွေလဲနှုန်းသည် မြန်မာငွေကျပ် ၁,၀၀၀ လျှင် ငါးယွမ်ခန့်သာ ဈေးရှိနေသည်။ ပြည်ပဆန်တင် ပို့မှု စတင်ပိတ်ချိန်က မူဆယ်နယ် စပ် ငွေလဲနှုန်းသည် မြန်မာငွေ ကျပ် ၁,၀၀၀ လျှင် ၅ဒသမ ၅ ယွမ် ခန့်သာရှိကြောင်း မူဆယ်မြို့ ကုန်သည်များထံမှ စုံစမ်းသိရသည်။ပြည်တွင်း၌ ဆန်လက်ကျန် နိုဝင်ဘာထိ ရှိနေခြင်း၊ မိုးစပါးအချို့ စတင်ပေါ်လာခြင်း တို့ကြောင့် ပြည်ပတင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုသော်လည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအတွက် မြန်မာနိုင်ငံ၏ အဓိက ဆန်ဈေးကွက်ဖြစ်သော နယ်စပ်ကုန်သွယ်ရေးကို လတ်တလောတွင် ထိန်းချုပ်နေသည်ဟု ဆန်ကုန်သည်များက ခန့်မှန်းနေကြသည်။

No comments:

Post a Comment