Tuesday 28 July 2015

ပါတီဝင်နှစ်ဦးဖမ်းဆီးခံရ၍ ဆက်ဆံရေး တင်းမာမှုဖြေရှင်းရန် RCSS/SSA နှင့် တအာင်န်း (ပလောင်) နှစ်ဖက်ခေါင်းဆောင်များဆွေးနွေးမည်

ရှမ်းလက်နက်ကိုင်တပ် ဖွဲ့ RCSS/SSA က တအာင်န်း (ပလောင်)အမျိုးသားပါတီဝင် များအား ဖမ်းဆီးခဲ့ခြင်းကြောင့် ဆက်ဆံရေးတင်းမာခဲ့သည့် အ ခြေအနေကို ပြေလည်မှုရရှိရန် နှစ်ဖက်ခေါင်းဆောင်များ ရက် ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၏တအာင်န်း(ပ လောင်)အမျိုးသားပါတီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ဖမ်းဆီးခဲ့ပြီး တစ်လကျော်ကြာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

‘‘နှစ်ဖက်အကြား ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ကို ဖိတ် ထားတာရှိတယ်။ ဖြစ်ခဲ့တာနဲ့ပတ် သက်ပြီး ကျွန်တော်တို့အကြားမှာ ယုံကြည်မှုပြန်တည်ဆောက်ဖို့အ တွက် ဆွေးနွေးကြမှာ’’ဟု တ အာင်န်း(ပလောင်)အမျိုးသား ပါတီဗဟို တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)လက် အောက်မှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ထိန်းသိမ်းထားသည့် တ အာင်န်း(ပလောင်)အမျိုးသားပါတီဝင်နှစ်ဦးကို ဇူလိုင် ၁၂ နှင့် ၂၂ ရက်များတွင် သီးခြားစီ ခွဲကာ လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။‘‘သတင်းအရတော့ မိုင်းကိုင်ဥက္ကဋ္ဌက ပါတီထူထောင်တော့ သူ တို့(RCSS/SSA)ကိုအကြောင်း မကြားလို့ဆိုပြီး တစ်ချက်ရယ်။ နောက်ပြီး သူတို့ အကြောင်းကို ဂျာနယ်တွေထဲ ပြောတာ တစ် ချက်ရယ်။ အဲဒီကိစ္စတွေကြောင့် ဖမ်းတာလို့ သိရတယ်’’ဟု ဦးမိုင်း အုဏ်းခိုင်က ပြောသည်။

7Day Daily

No comments:

Post a Comment