Tuesday 28 July 2015

ဘီဘီစီ မြန်မာပိုင်း(ရန်ကုန်ရုံးခွဲ)တာဝန်ခံ ဦးဘမော်နှင့် တွေ့ဆုံမေးမြန်းမှုတချို့မှ ကောက်နှုတ်ဖော်ပြချက်

(၂၈-၇-၂၀၁၅) (၀၉၃၀ နာရီ) ( လွှတ်တော်ရုံးခွဲ- ရန်ကုန်)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် ဇေယျာသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးပါရန် အနည်းငယ်သော တပ်မတော်သားအချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့မှုအပေါ် မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါသည်။

သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကတစ်ဖွဲ့၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က တစ်ဖွဲ့ဟု ဘီဘီစီသတင်းထောက်က မေးမြန်းခဲ့မှုအပေါ် မိမိတို့နှင့် ပြည်သူများကတစ်ဖွဲ့ဟုပြောလျှင် ပိုပြီး ပြည့်စုံမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်သွားဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့မှုအပေါ် မိမိအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည် ။
H.E. Thura U Shwe Mann

No comments:

Post a Comment