Tuesday 28 July 2015

စင်ကာပူအဘွားအိုကို ကတ်ကြေးဖြင့် ထိုးသတ်သည့် မြန်မာအိမ်ဖော်အား ထောင်ဒဏ် ၁၃ နှစ်ချမှတ်

စင်ကာပူ - စင်ကာပူ တရားရုံး တစ်ခုသည် မြန်မာအိမ်ဖော်တစ် ဦးအား အလုပ်ရှင် ဖြစ်သူ၏ သက် ကြီးရွယ်အိုယောက္ခမကြီးကို ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှုအ တွက် ထောင်ဒဏ် ၁၃ နှစ်ကျခံ စေရန် အမိန့်ချမှတ်လိုက်သည်။

သန်းသန်းဝင်း (၂၅) နှစ်ဆို သည့် အဆိုပါမြန်မာအိမ်ဖော်မိန်း ကလေးသည် ၂၀၁၄ မတ်လ၄ရက် က သားဖြစ်သူ၏ အိပ်ခန်းထဲတွင် တီဗီကြည့်နေသော မဒမ်ယောင် ဝမ်လန် (၈၇) နှစ်ကို ကတ်ကြေး ဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။
မဒမ်ယောင်မှာ ရင်အုံ၊ ဝမ်း ဗိုက်နှင့် နံရိုးတို့တွင်ထိုးသွင်းရာ ၂၁ ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ သည် ။

အဖွားအိုယောင်သည်၎င်း၏ သားဖြစ်သူနှင့် အိမ်ရှင်ချွေးမ (နှစ် ဦးစလုံး (၅၆−နှစ်)နှင့် မြေးတစ်ဦး (၁၇) နှစ်တို့နှင့်အတူ နေထိုင်နေ သူဖြစ်သည်။

ထိုဖြစ်ရပ်တွင် (၄၇)ဟင်ဒီ ဒီဝေါ့က်လမ်းတွင် အမျိုးတစ်ဦး ကိုယ့်လည်ပင်းကိုယ်လှီးဖြတ်ရန် လုပ်နေကြောင်း ဝန်းကျင်မှတိုင် ကြားမှုရသဖြင့် ရဲကသွားရောက် ခဲ့ရာအဆိုပါလမ်းမှ စပရင်းဒေးလ် ကွန်ဒိုအနီးတွင် မသန်းသန်းဝင်း ကို လည်ပင်းတွင် ပြတ်ရှဒဏ်ရာ များဖြင့် မသေသေးဘဲ တွေ့ခဲ့ရ ခြင်းဖြစ်သည်။

သန်းသန်းဝင်းက မဒမ် ယောင်သည် ၎င်းအားနံနက်ပိုင်း တွင် ကိစ္စတစ်ခုအတွက် ဆူပူခဲ့ပြီး နောက် အိမ်အလုပ်ဆက်လုပ်နေ သော်လည်း ဒေါသထွက်လာသ ဖြင့် မီးဖိုချောင်မှ ကတ်ကြေးကို သွားယူကာ အဘွားအိုအိပ်ခန်းထဲသို့ သွားရောက် သတ်ဖြတ်ခဲ့ ကြောင်း ရဲသို့ဝန်ခံထားသည်။
၎င်းသည် အဘွားအိုကို ဒေါသအလျောက်သတ်မိပြီးနောက် ကွန်ဒိုဝင်းအတွင်းရပ်ထားသောကားတစ်စီးမှ လွှတစ်ချောင်းကိုယူကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ရာ အလုပ်သမားတစ်ဦးကမြင်၍ လုံခြုံရေးများထံသို့ အကြောင်းကြားပြီး တားဆီးနိုင်ခြင်းဖြစ်သည်။

သန်းသန်းဝင်းအား စစ်ဆေး ချက်များတွင် စိတ်ပိုင်းဆိုင်ရာစစ် ဆေးချက်များအရ ၎င်းသည်စိတ် ကျပြီး စိတ်ရောဂါလက္ခဏာအချို့ ရှိကြောင်း၊ သို့သော် တိုက်ခိုက်မှု ကိုမသိဘဲ ကျူးလွန်လောက်သည် အထိ အသိစိတ်မဲ့နေခြင်း မရှိ ကြောင်း ဆုံးဖြတ်ခဲ့သည်။

၎င်း၏ ဖခင်ကို ပြီးခဲ့သည့် ဧပြီတွင် တရားရုံးကြားနာစဉ်က ၎င်းတို့ မျိုးရိုး၌ စိတ်ရောဂါရှိသူ များရှိကြောင်းနှင့် သန်းသန်းဝင်း ကိုယ်တိုင်(၁၀)နှစ်သမီးအရွယ်ကပင် စိတ်ကစဥ့်ကလျားရောဂါ လက္ခဏာများ ကြုံရဖူးကြောင်း ထွက်ဆိုခဲ့သည်။ စင်ကာပူ တရားရုံးက ၎င်းတွင် စိတ်ရောဂါဖြစ်ဖူးသည့် အချက်ကြောင့် အမြင့်ဆုံး ထောင် ဒဏ်နှစ် ၂၀ ချမှတ်နိုင်သော်လည်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ ခြင်းဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာက ဖော်ပြသည်။

CNA
7Day Daily

No comments:

Post a Comment