Tuesday 28 July 2015

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးများပြီး ရေကြီးမှုကြောင့် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှု များပြား

တွင်းငယ်-မိုးမိတ် ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် တံတားပျက်စီးနေမှုကို မြင်တွေ့ရစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ ကြီးခြင်းနှင့် တောင်ကျရေတိုက် စားမှုများဖြစ်ပေါ်ခဲ့ရာ လူသေ ဆုံး၊ ပျောက်ဆုံးမှုများ၊ နေအိမ်၊ လမ်းတံတားနှင့် စပါးစိုက်ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့များ တွင် အထိအခိုက်အပျက်အစီးအ များဆုံးဖြစ်ပြီး ဇူလိုင် ၂၅ ရက်ထိ ရေဘေးကြောင့် သပိတ်ကျင်းမြို့ နယ်တွင် လူခြောက်ဦးသေဆုံး ကာ သုံးဦးပျောက်ဆုံးနေသကဲ့သို့ မိုးကုတ်မြို့နယ်၌ လူသုံးဦးသေ ဆုံးကာ ကိုရင်ငယ်နှစ်ပါးအပါအ ဝင် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ သုံးမြို့နယ်တွင် နေ အိမ် ၇၆ လုံးပြိုကျပျက်စီးခဲ့ပြီး တံ တား ရှစ်စင်း၊ ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းနှင့် တံတား ကမ်းကပ်ခုံ ၂ ခု ပြိုကျပျက်စီးခဲ့ သည်ဟု တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏အပျက်အစီးစာရင်းတွင် ဖော်ပြထားသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံလူမှုကူညီရေးအသင်း အဖွဲ့များက လာရောက်ကူညီပေး မှုများရှိသော်လည်း ရေဘေးသင့် သူများမှာ စားဝတ်နေရေးနှင့် နေ ထိုင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း တောင်ကျ ချောင်းရေတိုက်စားခံရမှုကြောင့် လူသေဆုံး၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် သပိတ်ကျင်းမြို့ နယ် တွင်းငယ်ကျေးရွာအုပ်စု တောင်လယ်ကျေးရွာမှ ဒေသခံ များက ပြောသည်။

မိုးကုတ်မြို့နယ်ရှိ ကျေးရွာ များတွင် ဒေသခံရွာသူ၊ ရွာသား များသည် တောင်နံရံနှင့် မြေပြို ကျမှုထပ်မံကြုံတွေ့ရမည်ကို စိုး ရိမ်သည့်အတွက် နေအိမ်တွင် မနေဝံ့ဘဲ ဘေးလွတ်ရာဒေသ များသို့ ပြောင်းရွှေ့နေထိုင်နေရ သည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

နေအိမ်ရေတိုက်စားခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသူများနှင့် ရေ ဘေးသင့်နေသည့် သပိတ်ကျင်း မြို့နယ်ရှိ ဒေသခံများအား မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က တစ်အိမ်ထောင်လျှင် ကျပ် ငါးသောင်းစီနှင့်အစားအသောက်၊ ဆေးဝါးများ ထောက်ပံ့ပေးခဲ့ သည်ဟုဆိုသည်။

ဇူလိုင် ၂၄ ရက်မှ ၂၅ ရက် အထိ စဥ့်ကူးမြို့နယ်တွင် မိုးရေ ချိန် ၁၀ ဒသမ ၄၈ လက်မအထိ စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ကျေးရွာ အုပ်စု ခြောက်အုပ်စုနှင့် စိုက်ကွင်း ကိုးကွင်းမှ သီးနှံစိုက်ဧက ၄၅၀ ကျော် ရေလွှမ်းမိုးပျက်စီးခဲ့သည်။

7Day Daily 

No comments:

Post a Comment