Tuesday 28 July 2015

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေဖြင့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံနှစ်ခု တည်ဆောက်မည်

နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် နိုင်ငံတကာ အဆင့်မီ ကဇာတ်ရုံ (အနုပညာ ဗဟိုဌာန)နှစ်ခုကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ် ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် ဇူ လိုင် ၂၆ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာပြီး နိုင်ငံတကာအ ဆင့်မီ ကဇာတ်ရုံတည်ဆောက် ရန် အသေးစိတ်အချက်အလက် များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြို့ခံပန်းဆယ် မျိုးပညာရှင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်ဟု မန္တလေးတိုင်းဒေသ ကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

‘‘သမ္မတရဲ့ ရန်ပုံငွေနဲ့ ဆောက်မှာပါ။ ရန်ကုန်မှာရော၊ မန္တလေးမှာရော အတူတူဆောက်မယ်။ နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံအနေနဲ့ အပြည့်အစုံပေါ့။ ဖျော်ဖြေပွဲခန်းမ တွေ၊ ပြခန်းတွေနဲ့ တော်တော့်ကို ပြည့်စုံတဲ့ အဆောက်အအုံကြီးဖြစ်အောင် ဆောက်မှာ ဖြစ်ပါတယ်။ နောက်လဆိုရင် စဆောက်မယ်။ အခု မြေရှင်းနေပြီ။ ဒီနှစ်မကုန်ခင် အပြီးဆောက်မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

အစိုးရသက်တမ်းမကုန်မီ ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေးမြို့မှ သဘင်နှင့် ဂီတပညာရှင်များက ပြောကြားသည်။

အဆောက်အအုံအတွက် သုံးစွဲမည့် ငွေကြေးကိုမူ ဒေါက်တာ မြင့်ကြူက ပြောကြားခြင်းမရှိဘဲ သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ကဇာတ် ရုံ အဆောက်အအုံများကို ခုနစ် ထပ်အမြင့်အဆောက်အအုံများ အဖြစ် တည်ဆောက်မည်ဟု ဆိုသည်။

မန္တလေးမြို့အတွက် နိုင်ငံတ ကာအဆင့်မီ ကဇာတ်ရုံအဆောက်အအုံမျိုး အမှန်တကယ်လိုအပ်ပြီး ယခုကဲ့သို့ နိုင်ငံတော်သမ္မတရန်ပုံ ငွေဖြင့် တည်ဆောက်ပေးမည်ဆို သည့်အပေါ် ကြိုဆိုကြောင်း မန္တ လေးမြို့မှ ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောကြားသည်။

‘‘ကောင်းပါတယ်။ နိုင်ငံက တိုးတက်လာတာနဲ့အမျှ ဒီလိုအ ဆောက်အအုံတွေက ရှိသင့် တယ်။ လက်ရှိမန္တလေးမှာ အမျိုး သားကဇာတ်ရုံရှိပေမယ့် ၀န်ကြီး ဌာနပိုင်ဖြစ်နေတော့ တချို့လုပ် ရကိုင်ရတာ အဆင်မပြေတာ လေးတွေရှိတယ်။ မန္တလေးမှာ တကယ့်နိုင်ငံတကာအဆင့်မီ က ဇာတ်ရုံကြီးပေါ်ပေါက်လာမယ်ဆို ရင်တော့ ၀မ်းသာစရာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့ရှိ အမျိုးသား ကဇာတ်ရုံတွင် တစ်ပတ်တစ်ခါ ပြပွဲလုပ်နိုင်ရန် အခက်အခဲရှိနေပြီး ယခုတည်ဆောက်မည့် အဆောက်အအုံနှင့်အတူ သဘင်၊ ဂီတသာမက ပန်းဆယ်မျိုးပြခန်းများပါ ပါဝင်မည်ဆိုသည့်အပေါ် ရေရှည်၌ အဆင်မပြေမှုများကြုံတွေ့လာမည်ကို စိုးရိမ်ကြောင်း မန္တလေးမြို့ခံ ဂီတပညာရှင်အချို့က ပြောကြားသည်။

7Day Daily

No comments:

Post a Comment