Tuesday 28 July 2015

အင်းစိန်တွင် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦးအား သတ်သူနှစ်ဦးကို ဖမ်းမိ

တရားခံတစ် ဦးကို ဖမ်းဆီးရန် သတင်းစုံစမ်းသည့် အင်းစိန်ရဲစခန်းမှ နယ်ထိန်းတပ်ကြပ် အသတ်ခံရသည့်ဖြစ်ရပ် တစ်ခု ဇူလိုင် ၂၆ရက်က အင်းစိန်မြို့နယ်တွင်ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူနှစ်ဦး ကို ခြောက်နာရီဝန်းကျင်အတွင်း ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အသတ်ခံရပြီး သေဆုံး သွား သူမှာ အင်းစိန်ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်-----ဆိုသူဖြစ်ပြီး ၎င်းသည် ဇူလိုင် ၂၆ရက် ညနေ ၅နာရီခွဲခန့် က မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်း ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြစ်မှု ပုဒ်မ ၃၇၆/၃၈၆အမှုနှင့် ပတ် သက် သည့်သတင်းကို အင်းစိန်မြို့ နယ် ကမ်းနားလမ်းအနောက်ရပ်ကွက် အောင်ဇေယျအိမ်ရာလမ်းရှိ လက် ဖက်ရည်ဆိုင် တစ်ဆိုင် တွင် ထိုင်ပြီး သတင်းစုံစမ်းနေစဉ် အဆိုပါဆိုင်အ နီးမှအမည်မသိ အမျိုးသားနှစ်ဦးက ရဲတပ်ကြပ်ဖြစ်သူကိုဓားဖြင့်ခုတ်၊ စ ကေဘာဖြင့် ထိုးခဲ့သဖြင့် ရဲတပ်ကြပ် နယ်ထိန်းဖြစ်သူမှာ ဦးခေါင်းယာ ဘက်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦး ခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ် ရာတစ်ချက်ရရှိပြီး၊ ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ယာနို့အုံအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲလက် ပြင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် တခြားပြတ်ရှဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံသို့ရောက်ရှိစဉ် သေ ဆုံးသွားခဲ့သဖြင့် အင်းစိန်ရဲစခန်းမှ (ပ) ၈၉၆/၁၅ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ စစ်ဆေး ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတာဝန်ရှိ သူများနှင့်ပူးပေါင်းအဖွဲ့ က အခင်းဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်း တွင် ပြစ်မှုကျူးလွန်သူ များအား ရှာ ဖွေစစ်ဆေး ရာတွင် ပြည်သူတချို့၏ သတင်းပေးချက်များဖြင့် အင်းစိန် မြို့နယ်ရွာမအနောက်ရပ်ကွက် ဖန် ချက် စက်ရုံလမ်းမပေါ်တွင်ပြစ်မှုကျူး လွန်သည်ဟု ယူဆရသူနှစ်ဦးကို ဖမ်း ဆီးစစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးမှတစ် ဦး၏ ညီဖြစ်သူကို အဆိုပါနယ်ထိန်း ရဲက ဖမ်းဆီးခဲ့သဖြင့် ယခုကဲ့သို့သတ် ရခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှ တာဝန်ရှိသူက ''အင်းစိန်ကနယ် ထိန်းရဲကို သတ်တဲ့သူနှစ်ယောက်ထဲ က တစ်ယောက်က အရင်က သူ့ရဲ့ ညီဖြစ်သူကို အဲဒီနယ်ထိန်းရဲက ဖမ်း လို့ အခုလိုသတ်တာလို့ လတ်တ လောစစ်ချက်တွေအရ သိရတယ်။ပြစ်မှုကျူး လွန်တဲ့ သူနှစ် ဦးကို ဒီကိစ္စ တွေနဲ့ပတ်သက်ပြီး အသေးစိတ် ဆက် လက်စစ်ဆေးနေပါတယ်။ ပြစ်မှုကျူး လွန်အပြီး ခြောက်နာရီ ဝန်းကျင်အ တွင်းမှာ ဖမ်းဆီးခဲ့တာပါ''ဟု ပြောသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ အင်းစိန်မြို့နယ်နေသူများဖြစ်သည့် အသက် ၂၀ နှစ်ရှိသူ မောင်----နှင့် အသက် ၂၇ နှစ်ရှိသူ ဦး---တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးပြစ်မှုကျူးလွန်ခဲ့သည့် သက်သေခံပစ္စည်းများကို ဆက်လက် သိမ်းဆည်းရမိရေးနှင့် အသေးစိတ် စစ်ဆေးခြင်းများကို ဆောင် ရွက်နေ ကြောင်းသိရသည်။

KMZ
‪Democracytoday‬

No comments:

Post a Comment