Tuesday 28 July 2015

ကောလင်းတွင် ရေဘေးဒုက္ခအဆိုးရွားဆုံးကြုံနေပြီး ကျေးရွာအချို့သို့ ကယ်ဆယ်ရေးမရောက်နိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ရာဒေသများအ နက် ကောလင်းမြို့နယ်တွင် အ ဆိုးရွားဆုံးဖြစ်နေပြီး ကျေးရွာ ၈၈ ရွာ ရေနစ်မြှုပ်နေကာ အချို့ကျေး ရွာများသို့ ကယ်ဆယ်ရေးပစ္စည်း များ မပေးပို့နိုင်ဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘ကောလင်းမြို့ကနေ ငါးမိုင်လောက်အတွင်းပဲ ကုန်းလမ်းပေါက်တယ်။ ကျန်တဲ့နေရာတွေ ကို စပိဘုတ်တွေနဲ့သွားနေရတာ။ တချို့ကျေးရွာတွေမှာ ရေ၀ဲဆိုးလို့သွားလို့မရဘူး’’ဟု ကယ်ဆယ်ရေးပစ္စည်းသွားလှူခဲ့သည့် ရွှေဘိုမြို့ဒေသခံကိုရာဇာထွန်းက ပြော ကြားသည်။

ကောလင်းဒေသရေဘေးအ တွက် အစိုးရတပ်မတော် တပ်မ (၃၃) က စပိဘုတ် ၁၀ စီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ ဆောင်ပေးနေသော်လည်း သ ရက်ချဉ်၊ အိုင်ကြီး၊ ယင်းတိုက်၊ ညောင်ဝန်း၊ ဥက္ကံကျေးရွာများနှင့် အနီးတစ်ဝိုက်ကျေးရွာ ခြောက်ရွာ ထက်မနည်း ကယ်ဆယ်ရေး ပစ္စည်းမပေးပို့နိုင်ဖြစ်နေသည်ဟု သတင်းရရှိသည်။

‘‘အဲဒီရွာတွေက မူးမြစ်နဲ့ ကပ်နေတာ။ သဖန်းဆိပ်ဆည်က လည်း ရေဆက်လွှတ်နေရသေး တာ။ ဒါက ပုံမှန်ရေမဟုတ်ဘူး။ အတော်ဆိုးတယ်။ ကယ်ဆယ် ရေးလုပ်နေတဲ့ တပ်မတော်သား တွေအသိဆုံးပဲ။ အကူအညီအ ရမ်းလိုနေတဲ့ ရွာတွေတကယ်ဒုက္ခ ရောက်နေတယ်’’ဟု ရန်ကုန်မြို့ မှ ကောလင်းမြို့သို့ ကယ်ဆယ် ရေးပစ္စည်းများသွားရာက်လှူဒါန်းခဲ့သူ ဦးလှမင်းက ပြောသည်။

ရေပြန်ကျပြီဆိုသည့် ကျေး ရွာများတွင်ပင် နေအိမ်များအတွင်း ရေလေးပေကျော် နစ်မြုပ်နေဆဲဖြစ်ပြီး အိမ်အများစုသည် အိမ်ခေါင်မိုးအထိ နစ်မြုပ်နေဆဲဟု ကိုရာဇာထွန်းကပြောသည်။

ဒေသခံများ မိုးတွင်းစာ လှောင်ထားသည့် ပဲနှင့်စပါးများ သည် ၀က်ပင်ကျွေး၍ မရအောင် ပျက်စီးသွားပြီး စပါးစိုက်ခင်းများ တွင် နုန်းများတင်ကာ ပျက်စီးနေ ပြီဟု မျက်မြင်တွေ့ခဲ့သူများက ပြောသည်။

ကောလင်းဒေသသို့ ကယ်ဆယ်ရေးအရေးပေါ်လုပ်ဆောင် နေ၍ အသေးစိတ် သတင်းအချက် အလက်မပေးနိုင်သေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက ပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒဦး စီးဌာနက နောက်သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းကာ ရေ ကြီးမည့်သတိပေးချက် ထုတ်ပြန် ထားသည့်ဒေသများတွင်စစ်ကိုင်း တိုင်းဒေသကြီးရှိ ကျေးရွာဒေသများပါဝင်နေသည်။

7Day Daily

No comments:

Post a Comment