Tuesday 28 July 2015

ရေကြီးမှုကြောင့် အသက်အိုးအိမ်များ ဆုံးရှုံးရ၍ ဝမ်းနည်းကြောင်း အမေရိကန် သံရုံး ထုတ်ပြန်

စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများက ပျက်စီးမှုပမာဏကို ခန့်မှန်းတွက်ချက်ရန် နှင့် အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး အထောက်အပံ့ပေးနိုင်ရန် နှင့် လူမှုအသင်းအဖွဲ့များကိုလည်း ထိုဒေသများသို့ အမြန်ဝင်ရောက်ခွင့် ဦးစားပေးရန် အမေရိကန်သံရုံးက တိုက်တွန်းလိုက်သည်။

အပြည့်အစုံမှာ - စစ်ကိုင်းတိုင်းနှင့် မြန်မာတစ်ဝန်းတွင် လတ်တလော ရေကြီးမှုကြောင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာများဆုံးရှူံးရသည့် သတင်းများအတွက် အမေရိကန်သံရုံးမှ များစွာဝမ်းနည်းပါသည်။

သဘာဝကပ်ဘေးဒဏ်ခံရသူများ၏ မိသားစုဝင်များနည်းတူ ကျွန်ုပ်တို့သံရုံးမှလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းပြောလိုပါသည်။ တစ်ဆက်တည်းတွင်

(ဘေးဒဏ်သင့်ဒေသများအတွက်) လက်ရှိအချိန်ထိဆောင်ရွက်ပြီးသမျှ၌ ပျက်စီးမှုပမာဏကို ခန့်မှန်းတွက်ချက်ရန် နှင့် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အထောက်အပံ့များ ပေးပို့ခြင်းနှင့် လူမှုရေးအသင်းအဖွဲ့များအား ဘေးဒဏ်သင့်နေရာများသို့ အလျင်အမြန်ဝင်ရောက်ခွင့်တို့ကို ဦးစားပေးဆောင်ရွက်ပါရန် တိုက်တွန်းလိုပါသည်။

သံရုံးဘက်မှလည်း အခြေအနေအရပ်ရပ်ကို ဆက်လက်၍ အနီးကပ်စောင့်ကြည့်သွားပါမည်။

မဇ္ဈိမ 

No comments:

Post a Comment