Tuesday 28 July 2015

ဘူးသီးတောင်၊ မောင်တောတွင် ဘင်္ဂါလီ (၉၄)ဦး နိုင်ငံသား လျှောက်ထား

နိုင်ငံသားကတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အငြင်းပွားနေသော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် နိုင်ငံသား စိစစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီ (၉၄) ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနထံမှ သိရသည်။

'' White Card လာအပ်ပြီး နိုင်ငံသား အစစ်ခံတဲ့ လူရှိသလို ဟိုတုန်းက အမျိုးသား မှတ်ပုံတင် ကတ်ကိုင်တဲ့ သူတွေလည်း လျှောက်တာ ရှိပါတယ်'' ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမူး ဦးခင်စိုးက The Messenger Media  သို့ပြောသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့တွင် White Card လာရောက် အပ်နှံပြီး နိုင်ငံသား စိစစ်ရန် လျှောက်ထားသော ဘင်္ဂါလီ (၅၂) ဦး ရှိကာ၊ ယခင် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ပြီး နိုင်ငံသား စိစစ်ရန် လျှောက်ထားသော ဘင်္ဂါလီ (၄၂)ဦး ရှိကြောင်း ရခိုင်ပြည်နယ် လ.၀.က က ဆိုသည်။

ရခိုင်ပြည်နယ်တွင် White Card အပ်နှံသော ဘင်္ဂါလီ လေးသိန်းကျော် ရှိရာ၊ ဘူးသီးတောင်၊ မောင်တောမှ နှစ်သိန်း ကိုးသောင်းကျော် အပ်နှံခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ နိုင်ငံသား အစိစစ်ခံရန် လ.၀.ကမှ ပညာပေးခြင်း၊ ဟောပြောခြင်းများ ပြုလုပ်လျက် ရှိသည်။

''သူတို့က နိုင်ငံသား မလျှောက်တာ မလိုချင်လို့လား၊ ဘာဖြစ်လို့ မလိုချင်တာလဲ ဆိုတာ စဉ်းစားစရာပဲ'' ဟု ရခိုင်ဒေသခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Messenger Medai သို့ပြောသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့တွင် လူဦးရေ ငါးသိန်းနီးပါးရှိရာ လေးသိန်းကျော်မှာ ဘင်္ဂါလီ လူမျိုးများ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ နိုင်ငံသား စိစစ်ခြင်းကို ဇွန်လ (၁)ရက်နေ့က ပြန်လည် လုပ်ဆောင်ခဲ့သည်။

Messenger News Journal 

No comments:

Post a Comment