Tuesday 28 July 2015

တပ်ချုပ်၏ အိန္ဒိယခရီးစဉ်အတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် လက်နက်ဝယ်ယူရေး အဓိကဆွေးနွေးမည်

မြန်မာ- အိန္ဒိယစစ်ရေးပူပေါင်းမှုမြှင့်တင်ရန်နှင့်လက်နက်ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ်၊ အိန္ဒိယစစ် ဘက် အကြီးအကဲတို့ တွေ့ဆုံစဉ် အဓိကထား ဆွေးနွေးမည်ဖြစ် ကြောင်း အိန္ဒိယ သတင်းများက ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဦးဆောင်သော မြန်မာစစ် ဘက်အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့၏လေးရက်ကြာ အိန္ဒိယခရီး စဉ်ကို ဇူလိုင် ၂၆ ရက်က စတင်ခဲ့ သည်။ ခရီးစဉ်၏အဓိကရည်ရွယ် ချက်များ၌ နယ်စပ်ရှိ လက်နက် ကိုင်အဖွဲ့များအရေး၊ လက်နက် နှင့်နည်းပညာများအရေးတို့သည် အဓိကအစီအစဉ်များအဖြစ် ပါ ဝင်ကြောင်း အိန္ဒိယသတင်းများက ဖော်ပြသည်။ လက်နက်ဝယ်ယူ ရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မသိရသေးပေ။ ဇူလိုင် ၂၇ ရက်တွင် တပ်ချုပ်သည် အိန္ဒိယ၏လေကြောင်းဆိုင်ရာ ယာဉ်များ၊ စက်ပစ္စည်းများ၊ အိုင် တီနည်းပညာများ၊ ကာကွယ်ရေး စနစ်များအစရှိသည်တို့ကို လိုက် လံလေ့လာနေခဲ့ကြောင်း တွေ့ရ သည်။

‘‘နှစ်နိုင်ငံနှင့် တပ်မတော်နှစ် ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ဆွေးနွေးခြင်းများဆောင် ရွက်ပြီး ထင်ရှားသော နေရာများ နှင့်အကြီးစားစက်မှုလက်မှုလုပ် ငန်းများကို လေ့လာကြည့်ရှုသွား မည်ဖြစ်သည်’’ ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ပူးတွဲစစ်ဦးစီးချုပ်နှင့် အိန္ဒိယလေတပ်ဦးစီးချုပ် Mar-shal Arup Raha ၏ဖိတ်ကြား ချက်အရ သွားရောက်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပြီးအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၊ ကာကွယ် ရေးဝန်ကြီး မန်နိုဟာပါရီကာ၊ အခြား စစ်ဘက်အကြီးအကဲများ နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ တွေ့ဆုံမည်ဖြစ်သည်။

တပ်ချုပ်ခရီးစဉ်မှာ မြန်မာ ပိုင်နက်အတွင်း ရှိနေသည့် အိန္ဒိ ယအရှေ့မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များကို ရှင်းလင်းရန် စစ် ဆင်ရေးများကို အပြီးသတ်အ ပြတ်ဆောင်ရွက်ရန် ဖြစ်သည်ဟု အိန္ဒိယပြည်ထဲရေးဝန် ကြီးဌာနမှ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ် များက အိန္ဒိယသတင်းဌာနများ အား ဇူလိုင် ဒုတိယပတ်က ပြော သည်။ အိန္ဒိယရုပ်သံသတင်းဌာန NDTV အစီရင်ခံမှုအရ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် လှုပ်ရှားနေ သည့် လက်နက်ကိုင်အဖွဲ့များကို ကိုင်တွယ်ရန် မဟာဗျူဟာတစ် ရပ်နှင့် တည်ဆဲယန္တရားများကို ညှိနှိုင်းဆောင်ရွက်ကြရန် ရှိနေ ကြောင်းသိရသည်။

အကြမ်းဖက်ဝါဒနှင့် လက် နက်ကိုင်လှုပ်ရှားမှုများကို ချေမှုန်း ရေး၊ နယ်စပ်အရေးစီမံခန့်ခွဲရေး၊ မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော်ဖြစ်အောင် ဆောင် ရွက်ရန်နှင့် မြန်မာ့ရေတပ်ကို ပရော်ဖက်ရှင်နယ် ပီသသော၊စွမ်းဆောင်ရည်ရှိသောတပ်ဖြစ်အောင် တည်ဆောက်ရန် ကူညီရေးတို့ကို သဘောတူကြောင်း ဇူလိုင် ၁၅ ရက်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ထုတ်ခဲ့သည်။

7Day Daily

No comments:

Post a Comment