Tuesday 28 July 2015

နိုဝင်ဘာရွေးကောက်ပွဲ ၀င်ပြိုင်ရန် အမတ်လောင်း ၆၈ ဦးသာ တင်သွင်းသေး

လာမည့် နိုဝင်ဘာရွေးကောက်ပွဲ၌ ၀င်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စာရင်းသွင်းသည့် အမတ်လောင်း အရေအတွက်မှာ ဇူလိုင် ၂၇ အထိ ၆၈ ဦးသာရှိသေး သည်။

ဇူလိုင်လ ၂၀ ရက်နေ့မှ စ၍ စာရင်းသွင်းခွင့်ရသဖြင့် ၈ ရက်အတွင်း အရေအတွက်ဖြစ်သည်။ စာရင်းသွင်းရမည့် နောက်ဆုံးရက်မှာ သြဂုတ်လ ၈ ရက်နေ့ဖြစ်သဖြင့် ၁၁ ရက်အချိန်ရသေးသည်။

ပါတီတချို့က အမတ်လောင်းအမည်သွင်းရမည့်ရက်မှာ မလုံလောက်ဟုဆိုကာ တိုးတောင်းသော်လည်း ကော်မရှင်က သဘောမတူကြောင်း သိရသည်။

ယခုအမည်တင်သွင်းထားသည့် အမတ်လောင်းများမှာ ပါတီ ၁၁ ခုနှင့် တသီးပုဂ္ဂလများဖြစ်သည်။ ပြည်သူ့လွှတ်တော်အတွက် ၁၆ ဦး၊ အမျိုးသားလွှတ်တော် ၁၀ ဦး၊ တိုင်း/ပြည်နယ်လွှတ်တော် ၃၀ ဦးနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် ၁၂ ဦး အသီးသီးဖြစ်သည်။

တိုင်းရင်းသားလူမျိုးလွှတ်တော်တွင် လီဆူ၊ ဗမာ၊ ပအိုဝ်း၊ မွန် နှင့် ကရင်လူမျိုးများအတွက် တင်ထားကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

မဇ္ဈိမ

No comments:

Post a Comment