Tuesday 28 July 2015

ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ (၈)ဦးကို လက်နက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ကျော်သက်နှင့်စောဆန်းအောင် အဖွဲ့များ ခိုအောင်းနေထိုင် လှုပ်ရှားမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြား စောင့်တပ် (BGF)တို့ပူးပေါင်း၍ နယ်မြေ ရှင်းလင်းမှုနှင့်အတူ ကေအင်န်ယူတပ်ရင်း (၁၇)မှလည်း ဟန်ချက်ညီရှင်းလင်းလျက်ရှိသည်။ ထိုသို့ဆောင်ရွက်စဉ် တရိတကောင်း ရှိ ကေအင်န်ယူ တပ်ရင်း ၁၇ မှ တပ်ဖွဲ့ဝင်များသည် ကျော်သက်နှင့် စောဆန်းအောင် အဖွဲ့မှ တပ်ဖွဲ့ဝင် ၈ ဦးအား လက်နက်မျိုးစုံ ၉လက်၊ ကျည်အိမ်မျိုးစုံ ၂၈ ခု၊ ကျည်မျိုးစုံ ၂၇၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁လုံးတို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဇူလိုင် ၂၆ ရက်က မိဖညားကျေးရွာတွင် တပ်မတော် စစ်ကြောင်းများထံ လာရောက်အပ်နှံ ခဲ့သည်။

အဆိုပါ(၈)ဦးကို ကေအင်န်ယူ တပ်ရင်း ၁၇ သည် ၎င်းတို့နယ်မြေအတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)နှင့် နယ်မြေခံ လက်နက်ကိုင်အဖွဲ့များပူးပေါင်း၍ ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့များအား ဆက်လက်ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment