Monday 15 September 2014

နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး

Photo: နာဂဒေသရှိ ကျောင်းများတွင် ကျောင်းဖွင့်ကာလ သုံးလကျော်လာသော်လည်း ပြဋ္ဌာန်းစာအုပ်မလုံလောက်သေး
Monday, September 15, 2014

 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ်များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

‘‘အလယ်တန်းအခမဲ့ပညာ ရေးစနစ်လို့သာပြောနေတာ။ နာဂဒေသမှာ စာအုပ်တောင်အလုံ အလောက်မရဘူး။ ခုနစ်တန်း၊  ရှစ်တန်းတွေက တချို့တစ်ဝက်ပဲ ရှိတယ်။ ငါးတန်းဆိုရင် မြန်မာ ဖတ်စာ တစ်အုပ်ပဲရှိသေးတယ်’’ ဟု ပန်ဆောင်မြို့မှ ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

သင်ကြားရေးပြဋ္ဌာန်းစာ အုပ်များမရှိသည့်အတွက် အပြင် ဈေးဆိုင်များမှ ဈေးကြီးပေးကာ ၀ယ်သုံးနေရသော်လည်း စာအုပ် မလုံလောက်သည့် ပြဿနာကြုံ တွေ့နေရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ စာ အုပ်တွေကို ကျောင်းမဖွင့်မီတင် ပို့ပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းကို နှစ်စဉ်တင်ပြပေးနေတာ ပဲ။ နန်းယွန်းမြို့ကို မရောက်လာ တာ။ တချို့ရွာတွေက အမက ကျောင်းတွေဆိုရင် လုံးလုံးမရတဲ့ ကျောင်းတွေတောင်ရှိတယ်’’ဟု ပန်ဆောင်ဒေသခံအထက်တန်းပြ ဆရာ ဦးဌေးဝင်းကပြောသည်။

ကျောင်းများတိုးချဲ့ဖွင့်လှစ် ခွင့်ပြုလာသော်လည်း စီမံချက် များပြောင်းလဲမှုမရှိဘဲ အရင်စီမံ ချက်အတိုင်းဆောင်ရွက်နေခြင်း နှင့် ပုံနှိပ်ဖြန့်ချိရေးမှ စာအုပ်အ လုံအလောက်မပို့ပေးနိုင်ခြင်း ကြောင့်  ကျောင်းသုံးစာအုပ်များ အလုံအလောက်မရှိခြင်းဖြစ် ကြောင်း  နန်းယွန်းမြို့ အထက ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးရှေးကမ်းကပြောသည်။

နိုင်ငံတော်စီမံချက်ဖြင့် အခ မဲ့မူလတန်း၊ အလယ်တန်းပညာ ရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သော်လည်း ဝေးလံသည့် နယ်စပ်ဒေသများတွင် စာအုပ်စာတမ်းများနှင့် ကျောင်းသုံးပစ္စည်းများသယ်ယူ ရန် သယ်ယူစရိတ်အတွက် နှစ်စဉ်အခက်အခဲကြုံနေရသည်ဟုဆို သည်။

နန်းယွန်းမြို့နယ်တွင် အ ထက်တန်းကျောင်း သုံးကျောင်း အပါအ၀င် အခြေခံပညာကျောင်း ပေါင်း ၁၁၈ ကျောင်းထိ ဖွင့်လှစ် ထားသည်။

7Day DAILY 

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
 ကျောင်းဖွင့်ကာလ သုံး လကျော်ကြာမြင့်လာပြီဖြစ်သော် လည်း နာဂဒေသ နန်းယွန်း၊ ပန် ဆောင်နှင့် ဒုံဟီးမြို့နယ် များတွင် ကျောင်းပြဋ္ဌာန်းစာအုပ်များ လုံ လောက်မှုမရှိ၍ စာသင်ကြားရေး အခက်အခဲကြုံနေ ရကြောင်း သတင်းရရှိသည်။
‘‘အလယ်တန်းအခမဲ့ပညာ ရေးစနစ်လို့သာပြောနေတာ။ နာဂဒေသမှာ စာအုပ်တောင်အလုံ အလောက် မရဘူး။ ခုနစ်တန်း၊  ရှစ်တန်းတွေက တချို့တစ်ဝက်ပဲ ရှိတယ်။ ငါးတန်းဆိုရင် မြန်မာ ဖတ်စာ တစ်အုပ်ပဲ ရှိသေး တယ်’’ ဟု ပန်ဆောင်မြို့မှ ပညာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

သင်ကြားရေးပြဋ္ဌာန်းစာ အုပ်များမရှိသည့်အတွက် အပြင် ဈေးဆိုင်များမှ ဈေးကြီးပေးကာ ၀ယ်သုံးနေရသော် လည်း စာအုပ် မလုံလောက်သည့် ပြဿနာကြုံ တွေ့နေရခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ စာ အုပ်တွေကို ကျောင်းမဖွင့်မီတင် ပို့ပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းကို နှစ်စဉ် တင်ပြပေးနေတာ ပဲ။ နန်းယွန်းမြို့ကို မရောက်လာ တာ။ တချို့ရွာတွေက အမက ကျောင်းတွေဆိုရင် လုံးလုံးမရတဲ့ ကျောင်းတွေတောင်ရှိတယ်’’ဟု ပန်ဆောင်ဒေသခံအထက်တန်းပြ ဆရာ ဦးဌေးဝင်းကပြော သည်။

ကျောင်းများတိုးချဲ့ဖွင့်လှစ် ခွင့်ပြုလာသော်လည်း စီမံချက် များပြောင်းလဲမှုမရှိဘဲ အရင်စီမံချက် အတိုင်းဆောင်ရွက်နေခြင်း နှင့် ပုံနှိပ်ဖြန့်ချိရေးမှ စာအုပ်အ လုံအလောက်မပို့ပေးနိုင်ခြင်း ကြောင့်  ကျောင်း သုံး စာအုပ်များ အလုံအလောက်မရှိခြင်းဖြစ် ကြောင်း  နန်းယွန်းမြို့ အထက ကျောင်းမှ တာဝန်ခံကျောင်း အုပ် ဦးရှေးကမ်းကပြောသည်။

နိုင်ငံတော်စီမံချက်ဖြင့် အခ မဲ့မူလတန်း၊ အလယ်တန်းပညာ ရေးစနစ် အကောင်အထည်ဖော်ဆောင် ရွက်နေပြီဖြစ်သော်လည်း ဝေးလံသည့် နယ်စပ်ဒေသများတွင် စာအုပ်စာတမ်းများနှင့် ကျောင်းသုံး ပစ္စည်းများသယ်ယူ ရန် သယ်ယူစရိတ်အတွက် နှစ်စဉ်အခက်အခဲကြုံနေရသည်ဟုဆို သည်။

နန်းယွန်းမြို့နယ်တွင် အ ထက်တန်းကျောင်း သုံးကျောင်း အပါအ၀င် အခြေခံပညာကျောင်း ပေါင်း ၁၁၈ ကျောင်း ထိ ဖွင့်လှစ် ထားသည်။

7Day DAILY

No comments:

Post a Comment