Friday 16 May 2014

သြဂုတ်လ၌ မြန်မာ့ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်မည်ဟု ဦးခင်ရီဆို

ရန်ကုန်၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ရှေ့ပြေးလူဦး ရေစာရင်းကို ထုတ်ပြန် သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြော ကြားလိုက်သည်။

မေ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ ပြုလုပ်သည့် သန်းခေါင် စာ ရင်း ကော က် ယူ ပြီးစီးမှု အခြေ အနေဆိုင်ရာရှင်းလင်းပွဲတွင် ပြည်ထောင် စုဝန်ကြီးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

''သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး လူ ဦးရေအကြမ်းကတော့ တိုင်းပြည်မှာ လူဦး ရေ ဘယ်လောက်ရှိတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်လောက်ရှိတယ်၊ မြို့နယ် မှာ ဘယ်လောက်ရှိတယ်ဆိုတဲ့ လူဦးရေအ ကြမ်းကတော့ လာမယ့် သြဂုတ်လမှာ ထုတ် ပြန်ပါ့မယ်။ အဲဒီ့အပေါ်မူတည်ပြီးတော့ ဘယ်အဆင့်မှာ ဘာတွေထုတ်ပြန်သွားမယ် ဆိုတာကတော့ သီးခြားကြေညာပါ့မယ်''ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဆက် ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်ကောက်ယူသည့် သန်းခေါင်စာရင်း ကောက်ခံမှုစာရင်း အပြည့် အစုံကို ၂ဝ၁၅ ခုနှစ် မေလတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် ကျန်ရှိနေသည့် ကျေးရွာ များတွင် ထပ်မံကောက်ယူနိုင်ရန် မေလ ကုန်အထိကြိုးစားသွားမည်ဟု ယင်းကဆက် ပြောသည်။

သန်းခေါင်စာရင်းကောက်ယူသည့်ကာလတွင် KIA မှ သန်းခေါင်စာ ရင်း မကောက်ခံရန် သတ်မှတ်ထား သည့် နယ်မြေအတွင်းရှိ ရွာပေါင်း ၆၆ ရွာ၌ ရှမ်းနီလူမျိုးများနေထိုင်သည့် ရှမ်းရွာ ၃၇ ရွာ ပါဝင်နေကြောင်းနှင့် ယခု ကဲ့သို့ သန်းခေါင်စာရင်းကောက်ယူခြင်းမှာ ရှမ်းနီလူမျိုးပေါ်ပေါက်ရန် အခွင့် အရေးကောင်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။

''ကေအိုင်အေက သန်းခေါင်စာရင်း မကောက်ခံရနယ်မြေတွေ သတ် မှတ်တယ်။ သန်းခေါင်စာရင်းက ရှမ်းနီ လူမျိုးပေါ်ပေါက်ဖို့ အခွင့်အရေးပဲ။ ကျန် နေတဲ့ ရှမ်းနီလူမျိုးတွေကို ကောက်ခံပေးသွားစေချင်တယ်။ သူတို့တွေ လဲပါမှ ရှမ်းနီလူမျိုးစာရင်း မှန်မှန်ကန်ကန် ထွက်လာမှာ''ဟု တိုင်းလိုင်အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေး ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ ရှမ်းရွာ ၃၇ ရွာသည် ကချင် ပြည်နယ် မိုးမိတ်၊ မဘိန်းနှင့် မန်စီမြို့ နယ် များအတွင်းတည်ရှိပြီး ရှမ်းနီလူမျိုး စုစုပေါင်း သုံးသောင်းကျော်ခန့် စာရင်းကောက်ခံရန် ကျန် ရှိနေသေးကြောင်း သိရသည်။
၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကောက်ယူမှု၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၅ ဒသမ ၃ဝ သန်းရှိခဲ့ပြီး လုံခြုံရေးအခြေ အနေအရ ၉၄၂ အုပ်စု ၁ ဒသမ ၁၇ သန်းကျော် မကောက်နိုင်သော်လည်း ယခုကောက်ယူသည့် သန်းခေါင်စာရင်းကောက်ယူမှု၌ ကချင်ပြည်နယ်မှ ကျေး ရွာအုပ်စု ၂၅ အုပ်စု ကျေးရွာ ၉၇ ရွာသာကျန်ရှိကြောင်းကိုလည်း ပြည်ထောင် စုဝန်ကြီးထံမှ သိရသည်။

Yangon Media Group

No comments:

Post a Comment