Thursday 25 December 2014

ပြည်ခိုင်ဖြိုးပါတီဝင်များရှိသော လမ်းများကို ဦးစားပေး ခင်းပေးမည်ဟု မပြောခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ရှင်း

ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးရှိသော   လမ်းများကို ဦးစားပေး ခင်းပေးသွားမည်ဟု ပြောကြားခဲ့ခြင်း မရှိ ကြောင်း ရန်ကုန်မြို့တော်ဝန်   ဦးလှမြင့်က တုံ့ ပြန်ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း၏ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ ခရီးစဉ်တွင် ပါတီဝင် များနှင့် တွေ့ဆုံစဉ် မြို့ တော်ဝန်က ပြည်ခိုင်ဖြိုး ပါတီဝင် အများဆုံးရှိသော လမ်းများကို အဓိကထား ဦးစားပေး ခင်းမည်ဟု ပြောကြားချက်အပေါ် ကိုးကား၍မီဒီယာအချို့ကဖော်ပြခဲ့ရာ ဝေဖန် မှုများစွာ ထွက်ပေါ် လာပြီးနောက် ၎င်းက တုံ့ပြန်ရှင်းလင်းခဲ့ခြင်းဖြစ် သည်။

‘‘ကျွန်တော့်အနေနဲ့ အဲဒီ လို ပြောကြားခဲ့ခြင်းမရှိဘူး။ နားလည်မှုလွဲတာ ဖြစ်ပါလိမ့်မယ်’’ဟု ဒီဇင် ဘာ ၂၄ ရက် တွင် ရန်ကုန်မြို့တော်ခန်းမ၌ သတင်းထောက် များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် လမ်းခင်းခြင်း လုပ်ငန်းကို ပါတီ မဲဆွယ်စည်းရုံး ရေး အတွက် အသုံးပြု ပိုင်ခွင့်မရှိဘဲ လိုအပ်ချက်ရှိသော နေရာများတွင်သာ ခင်းပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ အခုခင်းနေတဲ့ လမ်းတွေဆို လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုတင်ပြချက်တွေ အပေါ် တွက်ချက်ပြီးခင်းနေတာ။ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တင်ပြတာတွေပဲ ခင်းတာမဟုတ်ဘူး။ တခြားပါတီ ကသူတွေ တင်ပြတာတွေကို လည်း ခင်းပေးနေတာပဲ’’ဟု ၎င်း က ဆက်လက်ပြော ကြားသည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တွင် ယခင် နှစ်များကထက် လမ်းခင်းခြင်းလုပ်ငန်းအတွက် ဘဏ္ဍာငွေ ပိုမိုလျာထားမှုများရှိနေပြီး ယင်းသို့လျာထား ချက်မှာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်နိုင်ကြောင်း ဝေဖန်မှုများ လည်း ရှိနေသည်။

‘‘ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းကလည်း ဒီလိုပဲလုပ်ခဲ့တာ လေ။ ခင်းတော့ စည်ပင်တံဆိပ်၊ တပ်တော့ကြံ့ ခိုင်ရေး အခုရွေး ကောက်ပွဲပြန်ကပ်လာတော့ အသံတွေပြန်ကြားလာရတယ်’’ ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကိုစိုးဝေလွင်က ပြောသည်။

ထိုသို့ ဘဏ္ဍာငွေလျာထားမှုတွင် လမ်းခင်းခြင်းလုပ်ငန်းအတွက် တိုးမြှင့် တောင်းဆိုထားခြင်းမှာ ပြင်ဆင်ရန် အမှန်တကယ် လိုအပ်၍သာဖြစ်ပြီး ရွေးကောက်ပွဲနှင့် မည်သို့မှမသက်ဆိုင်ဟု မြို့တော်ဝန်က ငြင်းဆိုသည်။

‘‘ကျွန်တော်တို့ကို တင်ပြ ထားတဲ့လမ်းတွေကများပြီး လျာထားချက်ကတောင် နည်းနေပါသေးတယ်။ ပါတီစည်းရုံးရေးက သတ်သတ်၊ စည်ပင်လုပ်ငန်းက သတ်သတ်ပါ’’ဟု ယင်းကပြော သည်။

စည်ပင်က ခင်းထားသော လမ်းများတွင် ပါတီတံဆိပ်ကပ်ခြင်းကို ၎င်းတို့ လက်ထက်၌ လုပ်ဆောင်ခဲ့ခြင်း မရှိဟု ၎င်းက ပြောသည်။

7Day DAILY 

No comments:

Post a Comment