Wednesday 21 May 2014

ကျောင်းသားနှင့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် မူလတန်းကျောင်း အုပ် အလုပ်ထုတ်ခံရ

စတုတ္ထတန်း ကျောင်းသားကလေးငယ်အား လိင်တူဆက်ဆံသည်ဟု စွပ်စွဲ ခံထားသော ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊၀က်ထီးကန်မြို့၊ အမက(၁)ရွေကန် သာကျောင်း မှ လုပ်သက် ၂၂ နှစ်ရှိ မူလတန်းကျောင်းအုပ်ကြီး ကို အလုပ် ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ်္ဈိမ ကို ပြောသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့်အဆိုပါဖြစ်စဉ် ကို ကျောင်းအုပ်ဆရာကြီးအား လူမှုရေးအရသာ စစ်ဆေးမေးမြန်းပြီး မေလ ၁ ရက် တွင် ပင်စင်မဲ့ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

“သူက မူလတန်းကျောင်းအုပ်၊ အလယ်တန်းရာထူးတိုးပေးလိုက်ရင် လည်း ပြဿနာထပ်ဖြစ်မှာစိုးလို့ ဖြုတ်ပစ် လိုက် တာ” ဟု ဦးနိုင်အောင်ထွန်း က ပြောသည်။

ကျောင်းအုပ်ဆရာကြီးနှင့် လေး တန်းကျောင်း သား သည် ကျောင်းအိမ်သာ ထဲတွင်နှစ်နာရီကြာ အတူရှိနေ သည်ကို မျက်မြင်တွေ့ရှိသူ ဆရာမ များက ကျောင်းသားအားမေးမြန်းခဲ့ပြီး ကလေးမိဘများထံ အကြောင်း ကြား ခဲ့ခြင်းဖြစ်သည်။

မိဘများကကျောင်းအုပ်ဆရာကြီးအားထိရောက်စွာအရေးယူပေးရန်နှင့် ၎င်း၏သားအား အဆိုပါကျောင်း မှထွက်ခွင့်ပြုရန် အုပ်စုကျောင်းအုပ်ကြီး ထံနှုတ်ဖြင့် တောင်းဆိုခဲ့ရာ အုပ်စုကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးရုံးသို့တင်ပြရာ ကျောင်းသားကို အဆိုပါကျောင်း မှ နုတ် ထွက် ခွင့်ပြု ကာ အခြားကျောင်း သို့ ရွှေ့ပြောင်း ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည်ဟုဆို သည့် ကျောင်းအုပ်ဆရာကြီးထံ မဇ်္ဈိမက ဆက် သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ပြန်လည်ဖြေဆိုရန် ငြင်းဆန်သည်။

Mizzima - News in Burmese

No comments:

Post a Comment