Friday 7 September 2012

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ လျော့နည်းရရှိနေသည့် ကိစ္စ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ         အာဏာသက်ရောက်ခြင်း မရှိမီ ယင်းအခြေခံဥပဒေ ပုဒ်မ-၄၄၃ အရ ၁၀-၁-၂၀၁၁ ခုနှစ်တွင် အောက်ပါ ဥပဒေကို ပြဌာန်းခဲ့ပါသည်-

'တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ"
ယင်းဥပဒေတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များတွင် တန်းတူသတ်မှတ်ထားခြင်း မရှိခဲ့သဖြင့် အမျိုးသားလွှတ်တော်မှ ဒေါက်တာအေးမောင် အပါ အ၀င်(၂၃)ဦးတို့က "ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ-မရှိ သိရှိလိုကြောင်း" ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခဲ့ပါသည်။

ယင်းတင်သွင်းချက်အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက (၁၄-၁၂-၂၀၁၁) ရက်နေ့တွင် "အဆိုပါဥပဒေ ပုဒ်မ(၅)နှင့် ပုဒ်မ(၁၇)ပါ ပြဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း" ဆုံးဖြတ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ယနေ့ တွေ့ဆုံရာ၌ ယင်းဥပဒေအား ပြန်လည်ပြင်ဆင်ပြီး ရသင့်ရထိုက်သော အခွင့်အရေးများကို တန်းတူရည်တူ ရရှိရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော်သို့ ဥပဒေ ပြင်ဆင်ချက် တင်သွင်းနေချိန်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဘတ်ဂျက် အစမှ ရရှိခံစားနိုင်စေရန် အုပ်ချုပ်ရေးနည်းလမ်းများဖြင့် တစ်ချိန်တည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်ပါဝင် ကူညီ လုပ်ဆောင်ပေးကြရန်၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ စိတ်ကိုပြောင်းလဲစေတတ်သော   ဆေးပြားများချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများကိုလည်း မူးယစ်ဗဟိုနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် မိမိတို့လူမျိုးစုများနဲ့အတူ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

No comments:

Post a Comment