Sunday 26 August 2012

(၁၄)ကြိမ်မြောက် တရုတ်-ကိုရီးယားဂီတပွဲတော် ကျင်းပ

(၁၄) ကြိမ်မြောက် တရုတ်- ကိုရီးယား ဂီတပွဲတော်ကို သြဂုတ် ၂၅ ရက်က Yeosu Expo Dig- ital Gallery ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

တရုတ်-ကိုရီးယား ဂီတပွဲတော်၌ ကိုရီးယားနိုင်ငံမှ နာမည်ကျော် အဆိုတော်များဖြစ်သည့် ဆွန်ယာ၊ ကင်တေး ဝူး၊ စူပါနိုဗာအဖွဲ့၊ B1A4 အဖွဲ့၊ EXO-K အဖွဲ့၊ 2PM အဖွဲ့၊ အိုင်ယူနှင့် KARA အဖွဲ့တို့ ပါဝင်တင်ဆက်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် တရုတ် အနုပညာရှင်များဖြစ်သည့် ထန်ကျင်၊ ဆာဒင်းဒင်း၊ နင်ကျင်၊ EXO-M အဖွဲ့ နှင့် အခြားဂီတ သမားများစွာလည်း ပါဝင်တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ ပွဲတော် ကျင်းပခဲ့ပုံတို့ကို စက်တင်ဘာ ၂ ရက်တွင် ကိုရီးယားနိုင်ငံရှိ KBS ရုပ်သံနှင့် တရုတ်နိုင်ငံရှိ CCTV ရုပ်သံ တို့မှ ထုတ်လွှင့် ပြသသွားမည်ဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment