Tuesday 21 October 2014

စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း

Photo: စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့်တွေ့ဆုံခြင်း
Tuesday, October 21, 2014

"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို လူထုရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော့မှာဖြစ်ပြီး အဲဒီလိုဖွဲ့စည်းဖို့အတွက်  လူထုကိုယ်စားလှယ်ရွေးကော်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အများပြည်သူကြားမှာ အဆိုပါရွေးကောက်ပွဲနဲ့ပတ်သက်လို့ အများကြီးမသိကြသေးပေမယ့် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်တွေအနေနဲ့တော့ ပြင်ဆင်နေကြပါပြီ။ အချို့လည်း ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားပြီးပြီလို့သိရပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကို အတွင်းကျကျလေ့လာပြီး လူထုရဲ့လိုအပ်ချက်တွေကိုလုပ်ပေးနိုင်ဖို့ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး- ဘာကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံဖို့လုပ်ဖြစ်တာလဲ။

ဖြေ- ကော်မတီဝင်အရည်အချင်းသတ်မှတ်ချက်တွေအားလုံးနဲ့လည်းညီတယ်။ ကျန်းမာရေးအခြေအနေလည်းပေးသေးတယ်။ အသက်ကတော့ ၆၄ နှစ်ရှိနေပြီ။ ကော်မတီဝင်အဖြစ် အရည်အချင်းသတ်မှတ်ချက်က ၆၅ နှစ်အထိဆိုတော့ တစ်နှစ်လိုသေးတယ်။ ကော်မတီသက်တမ်းကလည်း တစ်နှစ်လောက်ပဲဆိုတော့ ကွက်တိဖြစ်သွားတယ်။ စည်ပင်လုပ်ငန်းတွေက ပြည်သူတွေကို ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းဆိုတော့ ဒီအတွေ့အကြုံလေးလည်းလိုချင်တယ်။ နောက်တစ်ခုက စည်ပင်လုပ်ငန်းတွေ ဘာကြောင့်အောင်မြင်တယ်။ ခက်ခဲတယ်ဆိုတာ သိချင်စိတ်ရှိတဲ့အတွက်ကြောင့် အပြင်ကနေကြည့်တာထက်စာရင် ကော်မတီဝင်ဖြစ်ပြီး ကြည့်တာကပိုပြီးတော့ အမြင်တစ်မျိုးဖြစ်မလားဆိုပြီး ၀င်ပြီးအရွေးခံဖို့လုပ်ဖြစ်တာပါ။

မေး- လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအပေါ် အမြင်လေးပြောပြပေးပါ။

ဖြေ- လက်ရှိစည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကနှောင့်နှေးနေပါတယ်။ စည်ပင်မှာ လုံခြုံရေးအပိုင်းကိုပဲဦးစားပေးပြီး တပ်ပိုင်းကလူတွေကိုပဲ ဦးစားပေးခန့်ထားတယ်။ ဒါပေမဲ့ အခုလုံခြုံရေးအမြင်နဲ့ကြည့်လို့မရတော့ဘူး။ စီးပွားရေး၊ လူမှုရေးအမြင်တွေကိုပါ ထည့်တွက်ရတော့မယ်။ စီးပွားရေးဆိုလည်း ၆၀ ရာခိုင်နှုန်းက ဆင်းရဲသားတွေ၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ မြို့တော်စည်ပင်က အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်တယ်။ အဆောက်အအုံတွေ ဆောက်ခွင့်ပြုမယ်။ လုပ်ငန်းလိုင်စင်တွေအများကြီးခွင့်ပြုနိုင်တယ်။ နောက်ပြီးတော့ စည်ပင်သာယာက နေ့ခင်းဘက် ကားသွားတဲ့လမ်းတွေကိုပိတ်ဆို့ပြီး လမ်းခင်းတာတွေကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။

မေး- အခု စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲလုပ်တဲ့အပေါ် ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်။ နိုင်ငံတော်ကခန့်တဲ့ ၀န်ထမ်းစိတ်နဲ့မဟုတ်ဘဲနဲ့ ပြည်သူ့စိတ်နဲ့လုပ်မယ့်လူတွေပေါ်လာမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေပိုပြီး အောင်မြင်လာမယ်လို့ထင်ပါတယ်။ ဒီလိုပြည်သူ့ကိုယ်စားလှယ်တွေရွေးကောက်တာ သင့်တော်တယ်လို့ ယူဆပါတယ်။

မေး- စည်ပင်သာယာရေးကော်မတီမှာ လူထုကိုယ်စားလှယ်တွေပါဝင်ခြင်းအားဖြင့် ဘယ်လိုအားသာချက်တွေရရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- လူထုကိုယ်စားလှယ်ပါတဲ့အတွက် အခက်အခဲရှိတဲ့ပြည်သူလူထုက သူ့ကိုယ်စားလှယ်ကိုပြောမယ်။ အဲဒီကိုယ်စားလှယ်ကတစ်ဆင့် ကော်မတီမှာတင်ပြမယ်။ လုပ်ငန်းပိုလျင်မြန်မယ်။ အမှန်အတိုင်းသိတဲ့အားသာချက်တွေရှိနိုင်တယ်။ အချို့လုပ်ငန်းတွေရှုပ်ထွေးတယ်။ ဖြေရှင်းရတာခက်နိုင်တယ်။ ဒါကိုမှန်မှန်ကန်ကန် ပြည်သူ့ကိုယ်စားလှယ်ကနေ အောက်ခြေအထိ ဆင်းပြီးတော့ ဖြေရှင်းနိုင်ရင်ပိုပြီးတော့ လွယ်လာမယ်။

မေး- စည်ပင်သာယာနည်းဥပဒေမှာ စည်ပင်သာယာရေးကော်မတီမှာ အရေးပါတဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးကို လူထုကိုယ်စားလှယ်ထဲကမရွေးဘဲ မြို့တော်ဝန်က ပြန်ခန့်မယ့်အပေါ်  ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- မြို့တော်ဝန်တို့၊ အတွင်းရေးမှူးတို့ဆိုတာက ရုံးလုပ်ငန်းသဘောအရ ကြီးကြပ်ပေးတဲ့သဘောပါပဲ။ အတွင်းရေးမှူးရော၊ မြို့တော်ဝန်ရော ပညာရှင်အဆင့်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အရပ်ဘက်မှာလည်း ကျွမ်းကျင်တဲ့သူတွေရှိတယ်လေ။ ကျွမ်းကျင်တဲ့သူတွေကိုခန့်ပေးမယ်ဆိုရင်တော့ လုပ်ငန်းတွေအကြံပေးတာ၊ ရှင်းလင်းပြရတာ ပိုလွယ်သွားတာပေါ့။ ဒါဆိုရင် စည်ပင်လုပ်ငန်းတွေ ပိုအဆင်ပြေလာမှာပေါ့။

ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ် 
မေး- တကယ်လို့သာ  ကော်မတီဝင်အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် လူထုအတွက် ဘယ်လိုလုပ်ငန်းအပိုင်းတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ- ကော်မတီဝင်တွေက မြို့တော်ဝန်ရဲ့ ပေးတဲ့အမိန့်အတိုင်း ဥပဒေနဲ့အညီလုပ်ဆောင်သွားဖို့အဓိကပါ။ ဒါပေမဲ့ ကိုယ်ရဲ့မဲဆန္ဒနယ်က လူထုကတင်ပြတဲ့လုပ်ငန်းတွေကို မြို့တော်ဝန်ကိုတင်ပြမယ်။ မြို့တော်ဝန်က သဘောတူရင် ဆောင်ရွက်ပေးဖို့လုပ်မယ်။ ဒါကတော့အခြေခံပေါ့။ ကျန်တဲ့ မြို့တော်တိုးတက်ဖွံ့ဖြိုးဖို့၊ အခြားစီမံကိန်းလုပ်ငန်းတွေမှာ ကိုယ်ရဲ့အကြံဥာဏ်တွေပေးနိုင်မှာပေါ့။ အခုလောလောဆယ်ဖြစ်နေတဲ့ သွားရေးလာရေးပိတ်ဆို့မှုတို့ ၊ လမ်းဘေးဈေးသည်ကိစ္စတို့၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ကိစ္စတွေကို မြို့တော်ဝန်ကိုအကြံပေးပြီးတော့ လူထုရဲ့အကြံပြုချက်တွေကို ထပ်ဆင့်တင်ပြပြီးတော့ ဆောင်ရွက်သွားပါမယ်။

မေး- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေဖြစ်လာပြီဆိုရင်ရော ဘယ်လိုအချက်တွေကို အလေးထားလုပ်ဆောင်ဖို့လိုတယ်လို့ ထင်ပါသလဲ။

ဖြေ- ကျွန်တော်အလေးထားတာကတော့ ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ်။ အရည်အချင်း ကန့်သတ်ချက်တွေ ဘယ်သူကိုပဲထားထား၊ ပြည်သူ့ဆန္ဒကိုခံယူပြီးတော့ သူ့တာဝန်ကို လွတ်လွတ်လပ်လပ်လုပ်နိုင်တာကို ပိုပြီးတော့အလေးထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်လိုက်တဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့က ပြည်သူ့ဆန္ဒ၊ သဘောထားနဲ့အညီ နိုင်ငံတော်ကိုတိုးတက်အောင် လွတ်လွတ်လပ်လပ်လုပ်နိုင်သလား။ စည်ပင်ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် ဒါကိုပိုပြီးတော့ အလေးထားတယ်။

မေး- ဒီရွေးကောက်ပွဲစရိတ်က စည်ပင်သာယာဘတ်ဂျက် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ ကျော်လောက်သုံးမယ်။ ဒါပေမဲ့ ရွေးကောက်လိုက်တဲ့ကော်မတီဝင်သက်တမ်းကလည်း တစ်နှစ်လောက်ပဲရှိတော့မယ်ဆိုတော့  ဒီရွေးကောက်ပွဲက အလုပ်ဖြစ်မယ်လို့ထင်ပါသလား။

ဖြေ- အရည်အချင်းတွေဘယ်လိုကန့်သတ်ကန့်သတ် ပြည်သူ့ကိုယ်စားပြုလုပ်နိုင်ဖို့၊ အလုပ်ဖြစ်လို့လိုတာပေါ့။ ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀၀ သုံးမယ်ဆိုတော့။ ပြီးတော့ သက်တမ်းတစ်နှစ်ပဲထမ်းဆောင်ရမှာ။

မေး- ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမယ့်ပြည်သူတွေက တစ်အိမ်ထောင်ကို တစ်ယောက်ပဲပေးရမယ်ဆိုတဲ့အပေါ်မှာ အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်နေတယ်လို့ သုံးသပ်နေကြပါတယ်။ အဲဒီအပေါ် အမြင်လေးကို ပြောပြပေးပါ။

ဖြေ- လူတိုင်းမဲပေးမယ်ဆိုရင် မဲပြားတွေပိုကုန်မယ်။ တစ်အိမ်ထောင်ကိုတစ်ယောက်ပဲ မဲပေးတဲ့စနစ်ကိုတော့ ကန့်ကွက်ဖို့မရှိပါဘူး။ ကျန်ကျစရိတ်သက်သာတာပေါ့။

မေး- စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲက နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှ ပထမဆုံးလုပ်လည်းဖြစ်တယ်။ အချို့ကန်သတ်ချက်တွေကြောင့် တရားမျှတမှုအပိုင်းမှာရော ဘယ်လိုရှိလာနိုင်မယ်လို့ထင်ပါသလဲ။

ဖြေ- သူတို့ကလည်း ပထမဆုံးအကြိမ်လုပ်ပြီးနောက်ပိုင်း အမှားအမှန်ကိုပြင်လို့ရမှာပါ။ ဒီတစ်ကြိမ်ကတော့ အရမ်းကပ်နေပြီဆိုတော့ အချို့ကန့်သတ်ချက်တွေကို ပြင်ဖို့မလွယ်တော့ဘူး။

မေး- ဆရာက စစ်သံမှူးကြီးအဖြစ် နိုင်ငံသုံးနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံ လေးကို ပြောပြပေးပါ။

ဖြေ- အမေရိကန်၊ မလေးရှားနဲ့ ရုရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ တင်ပြရတယ်။ အဲဒီနိုင်ငံတွေရဲ့ကာကွယ်ရေးစနစ်တွေကိုလည်း တင်ပြရတယ်။ ရုရှားနိုင်ငံမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလေ့လာပြီး ပြန်တင်ပြရတယ်။ ဒါကတော့ထူးခြားတယ်။ အခြားနှစ်နိုင်ငံကတော့ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးတွေကိုလေ့လာပြီးတော့ ပြန်တင်ပြရပါတယ်။ အဲဒီနိုင်ငံတွေမှာက စစ်တပ်က အရပ်သားတွေရဲ့ဦးဆောင်မှုအောက်မှာပဲရှိပြီး သုံးနိုင်ငံစလုံးကတိုးတက်တယ်။ ကျွန်တော်တို့ဆီမှာလည်း အရပ်ဘက်ကသာဦးဆောင်မယ်ဆိုရင် ပိုပြီးတိုးတက်လာမဲ့သဘောရှိပါတယ်။

မေး- လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ်မှာ ဆရာရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- နိုင်ငံရေးအပေါ်မှာပြောရမယ်ဆိုရင် လူထုရဲ့ဆန္ဒက သူတို့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးထားပြီးပြီ။ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ကတော့ သမ္မတဦးသိန်းစိန်က နိုင်ငံတော်မှာ တတ်နိုင်သလောက်ကြိုးစားလုပ်နေတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့အာဏာကို သူအပြည့်အ၀အသုံးမချသေးဘူးလို့ ကျွန်တော်ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်သမ္မတမှာ အုပ်ချုပ်မှုအာဏာကို တော်တော်လေး အပြည့်အ၀ပေးထားတဲ့သဘောရှိတယ်။ ဒါကို အပြည့်အ၀သာအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပိုပြီးတော့ မြန်ဆန်လာမယ်လို့ထင်တယ်။ ဘာကြောင့် အပြည့်အ၀အသုံးချနိုင်သေးတာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေ၊ လက်နက်ကိုင်တွေရဲ့အခြေအနေ၊ ပြည်သူတွေရဲ့အခြေအနေတွေကို စောင့်ကြည့်နေရသေးတဲ့ သဘောရှိတယ်။ နောက်ပြီး စစ်သံမှူးကြီးလုပ်ဖြစ်ခဲ့တဲ့ သုံးနိုင်ငံအတွေ့အကြုံအရ ဖက်ဒရယ်စနစ် အုပ်ချုပ်ရေးပြည်နယ်တွေခွဲတဲ့အခါမှာ လူမျိုးရေးအပေါ်ကို အခြေမခံဘူး။ သူတို့က ပထ၀ီအခြေအနေအပေါ်ကို အခြေခံတယ်။ ဒါလေးကထူးခြားတယ်။ ဖက်ဒရယ်စနစ်ထူထောင်မယ်ဆိုရင် ပထ၀ီအနေအထားနဲ့သာ အခြေခံလုပ်မယ်ဆိုရင် အဲဒီနိုင်ငံတွေလိုပဲ တိုးတက်မှုမြန်ဆန်နိုင်တယ်။

ကိုယ်ရေးအကျဉ်း

အမည်                                                         -   ဦးစိုးဌေး
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ်                   -  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (အနောက်ပိုင်းခရိုင်)
ပညာအရည်အချင်း                                        -  သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ဒီပလိုမာစာရင်းကိုင်(စာရင်းကောင်စီ)
                                                                       ဒီပလိုမာအင်္ဂလိပ်ဘာသာ(အမေရိကန်)
                                                                       ဒီပလိုမာစစ်မဟာဗျူဟာ လေ့လာရေး(ကာကွယ်ရေး)
                                                                       လူရည်ချွန်လေးထပ်ကွမ်း
                                                                       (၁၉၆၄ ၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်-ဘားအံ)
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဌာန                     -  စစ်သံမှူး  (အမေရိကန်၊  မလေးရှား၊  ရုရှား)

Eleven Media Group
"ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်" 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေကို လူထုေ ရွး ချယ် တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော့မှာဖြစ်ပြီး အဲဒီလိုဖွဲ့စည်းဖို့အတွက်  လူထုကိုယ် စားလှယ်ရွေးကော်ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ အများပြည်သူကြားမှာ အဆိုပါရွေးကောက် ပွဲနဲ့ ပတ်သက်လို့ အများကြီးမသိကြသေးပေမယ့် ၀င်ရွေးခံမယ့် ကိုယ်စားလှယ်တွေ အနေနဲ့တော့ ပြင်ဆင်နေကြပါပြီ။ အချို့လည်း ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားပြီးပြီလို့သိရပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကို အတွင်းကျကျလေ့လာပြီး လူထုရဲ့လိုအပ်ချက်တွေကိုလုပ်ပေးနိုင်ဖို့ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်ကိုယ်စားလှယ်အနေနဲ့ ၀င်ရောက်ရွေးချယ်ခံမည့် အငြိမ်းစားစစ်သံမှူးကြီး ဦးစိုးဌေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး- ဘာကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံဖို့ လုပ်ဖြစ် တာလဲ။

ဖြေ- ကော်မတီဝင်အရည်အချင်းသတ်မှတ်ချက်တွေအားလုံးနဲ့လည်းညီတယ်။ ကျန်းမာရေး အခြေအနေ လည်းပေးသေး တယ်။ အသက်ကတော့ ၆၄ နှစ်ရှိနေပြီ။ ကော်မတီဝင်အဖြစ် အရည်အချင်း သတ်မှတ်ချက်က ၆၅ နှစ်အထိဆိုတော့ တစ်နှစ်လိုသေးတယ်။ ကော်မတီသက်တမ်းကလည်း တစ်နှစ်လောက်ပဲ ဆိုတော့ ကွက်တိဖြစ်သွားတယ်။ စည်ပင်လုပ်ငန်းတွေက ပြည်သူတွေကို ၀န်ဆော င်မှုပေး တဲ့ လုပ်ငန်းဆိုတော့ ဒီအတွေ့အကြုံလေးလည်းလိုချင်တယ်။ နောက်တစ်ခုက စည်ပင်လုပ်ငန်းတွေ ဘာကြောင့်အောင်မြင်တယ်။ ခက်ခဲတယ်ဆိုတာ သိချင်စိတ်ရှိတဲ့အတွက်ကြောင့် အပြင်ကနေကြည့်တာ ထက် စာရင် ကော်မတီဝင်ဖြစ်ပြီး ကြည့်တာကပိုပြီးတော့ အမြင်တစ်မျိုးဖြစ်မလားဆိုပြီး ၀င်ပြီးအရွေးခံဖို့ လုပ်ဖြစ်တာပါ။

မေး- လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီအပေါ် အမြင်လေးပြောပြပေးပါ။

ဖြေ- လက်ရှိစည်ပင်သာယာရေးကော်မတီလုပ်ငန်းတွေကနှောင့်နှေးနေပါတယ်။ စည်ပင်မှာ လုံခြုံရေး အပိုင်းကိုပဲ ဦးစားပေးပြီး တပ်ပိုင်းကလူတွေကိုပဲ ဦးစားပေးခန့်ထားတယ်။ ဒါပေမဲ့ အခုလုံခြုံရေး အမြင်နဲ့ကြည့်လို့မရတော့ဘူး။ စီးပွားရေး၊ လူမှုရေးအမြင်တွေကိုပါ ထည့်တွက်ရတော့မယ်။ စီးပွားရေး ဆိုလည်း ၆၀ ရာခိုင်နှုန်းက ဆင်းရဲသားတွေ၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး ရမယ်။ မြို့တော်စည်ပင်က အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်တယ်။ အဆောက်အအုံတွေ ဆောက်ခွင့်ပြုမယ်။ လုပ်ငန်းလိုင်စင်တွေအများကြီးခွင့်ပြုနိုင်တယ်။ နောက်ပြီးတော့ စည်ပင်သာယာက နေ့ခင်းဘက် ကားသွားတဲ့လမ်းတွေကိုပိတ်ဆို့ပြီး လမ်းခင်းတာတွေကိုလည်း ပြင်ဆင်ဖို့လိုပါတယ်။

မေး- အခု စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲလုပ်တဲ့အပေါ် ၀င်ရွေးခံမယ့် ကိုယ်စားလှယ် အနေနဲ့ အမြင်ကို ပြောပြပေးပါ။

ဖြေ- ပြည်သူ့ကိုယ်စားလှယ်တွေရွေးပြီးတော့ မြို့တော်စည်ပင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုလွယ်လာမယ်။ နိုင်ငံတော်ကခန့်တဲ့ ၀န်ထမ်းစိတ်နဲ့ မဟုတ်ဘဲနဲ့ ပြည်သူ့စိတ်နဲ့လုပ်မယ့်လူတွေပေါ်လာမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေပိုပြီး အောင်မြင်လာမယ် လို့ ထင်ပါတယ်။ ဒီလိုပြည်သူ့ကိုယ်စားလှယ်တွေရွေးကောက်တာ သင့်တော်တယ်လို့ ယူဆပါတယ်။

မေး- စည်ပင်သာယာရေးကော်မတီမှာ လူထုကိုယ်စားလှယ်တွေပါဝင်ခြင်းအားဖြင့် ဘယ်လိုအားသာ ချက်တွေရရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- လူထုကိုယ်စားလှယ်ပါတဲ့အတွက် အခက်အခဲရှိတဲ့ပြည်သူလူထုက သူ့ကိုယ်စားလှယ်ကိုပြောမယ်။ အဲဒီကိုယ်စားလှယ်ကတစ်ဆင့် ကော်မတီမှာတင်ပြမယ်။ လုပ်ငန်းပိုလျင်မြန်မယ်။ အမှန်အတိုင်း သိတဲ့အားသာချက်တွေရှိနိုင်တယ်။ အချို့လုပ်ငန်းတွေရှုပ်ထွေးတယ်။ ဖြေရှင်းရတာခက်နိုင်တယ်။ ဒါကို မှန်မှန် ကန်ကန် ပြည်သူ့ကိုယ်စားလှယ်ကနေ အောက်ခြေအထိ ဆင်းပြီးတော့ ဖြေရှင်းနိုင်ရင်ပိုပြီးတော့ လွယ်လာမယ်။

မေး- စည်ပင်သာယာနည်းဥပဒေမှာ စည်ပင်သာယာရေးကော်မတီမှာ အရေးပါတဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးကို လူထုကိုယ်စားလှယ်ထဲကမရွေးဘဲ မြို့တော်ဝန်က ပြန်ခန့်မယ့်အပေါ်  ၀င်ရွေးခံမယ့်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- မြို့တော်ဝန်တို့၊ အတွင်းရေးမှူးတို့ဆိုတာက ရုံးလုပ်ငန်းသဘောအရ ကြီးကြပ်ပေးတဲ့သဘောပါပဲ။ အတွင်းရေးမှူးရော၊ မြို့တော်ဝန်ရော ပညာရှင်အဆင့်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အရပ်ဘက်မှာလည်း ကျွမ်းကျင်တဲ့သူတွေရှိတယ်လေ။ ကျွမ်းကျင်တဲ့သူတွေကိုခန့်ပေးမယ်ဆိုရင်တော့ လုပ်ငန်းတွေအကြံပေး တာ၊ ရှင်းလင်းပြရတာ ပိုလွယ်သွားတာပေါ့။ ဒါဆိုရင် စည်ပင်လုပ်ငန်းတွေ ပိုအဆင်ပြေလာမှာပေါ့။

ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ် လွတ် လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ် 
မေး- တကယ်လို့သာ  ကော်မတီဝင်အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် လူထုအတွက် ဘယ်လိုလုပ်ငန်း အပိုင်းတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ- ကော်မတီဝင်တွေက မြို့တော်ဝန်ရဲ့ ပေးတဲ့အမိန့်အတိုင်း ဥပဒေနဲ့အညီလုပ်ဆောင်သွားဖို့အဓိကပါ။ ဒါပေမဲ့ ကိုယ်ရဲ့မဲဆန္ဒနယ်က လူထုကတင်ပြတဲ့လုပ်ငန်းတွေကို မြို့တော်ဝန်ကိုတင်ပြမယ်။ မြို့တော်ဝန်က သဘောတူရင် ဆောင်ရွက်ပေးဖို့လုပ်မယ်။ ဒါကတော့အခြေခံပေါ့။ ကျန်တဲ့ မြို့တော်တိုးတက်ဖွံ့ဖြိုးဖို့၊ အခြားစီမံကိန်းလုပ်ငန်းတွေမှာ ကိုယ်ရဲ့အကြံဥာဏ်တွေပေးနိုင်မှာပေါ့။ အခုလောလောဆယ်ဖြစ်နေတဲ့ သွားရေးလာရေးပိတ်ဆို့မှုတို့ ၊ လမ်းဘေးဈေးသည်ကိစ္စတို့၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ကိစ္စတွေကို မြို့တော်ဝန် ကို အကြံပေးပြီးတော့ လူထုရဲ့အကြံပြုချက်တွေကို ထပ်ဆင့်တင်ပြပြီးတော့ ဆောင်ရွက်သွားပါမယ်။

မေး- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တွေဖြစ်လာပြီဆိုရင်ရော ဘယ်လိုအချက်တွေကို အလေးထားလုပ်ဆောင်ဖို့လိုတယ်လို့ ထင်ပါသလဲ။

ဖြေ- ကျွန်တော်အလေးထားတာကတော့ ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်က ပြည်သူ့အကျိုးအတွက် လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် သဘောကျတယ်။ အရည် အချင်း ကန့်သတ်ချက်တွေ ဘယ်သူကိုပဲထားထား၊ ပြည်သူ့ဆန္ဒကိုခံယူပြီးတော့ သူ့တာဝန်ကို လွတ်လွတ် လပ်လပ် လုပ်နိုင်တာကို ပိုပြီးတော့အလေးထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက် လိုက်တဲ့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်တို့က ပြည်သူ့ဆန္ဒ၊ သဘောထားနဲ့အညီ နိုင်ငံတော်ကို တိုးတက်အောင် လွတ်လွတ်လပ်လပ်လုပ်နိုင်သလား။ စည်ပင်ဥပဒေအရ ရွေးကောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်ဆိုရင် ဒါကိုပိုပြီးတော့ အလေးထားတယ်။

မေး- ဒီရွေးကောက်ပွဲစရိတ်က စည်ပင်သာယာဘတ်ဂျက် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ ကျော်လောက် သုံးမယ်။ ဒါပေမဲ့ ရွေးကောက်လိုက်တဲ့ကော်မတီဝင်သက်တမ်းကလည်း တစ်နှစ်လောက်ပဲ ရှိတော့ မယ်ဆိုတော့  ဒီရွေးကောက်ပွဲက အလုပ်ဖြစ်မယ်လို့ထင်ပါသလား။

ဖြေ- အရည်အချင်းတွေဘယ်လိုကန့်သတ်ကန့်သတ် ပြည်သူ့ကိုယ်စားပြုလုပ်နိုင်ဖို့၊ အလုပ်ဖြစ်လို့လို တာပေါ့။ ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀၀ သုံးမယ်ဆိုတော့။ ပြီးတော့ သက်တမ်းတစ်နှစ်ပဲထမ်းဆောင် ရမှာ။

မေး- ရွေးကောက်ခံကိုယ်စားလှယ်တွေကို မဲပေးမယ့်ပြည်သူတွေက တစ်အိမ်ထောင်ကို တစ်ယောက်ပဲပေးရမယ် ဆိုတဲ့အပေါ်မှာ အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်နေတယ်လို့ သုံးသပ်နေကြပါတယ်။ အဲဒီအပေါ် အမြင်လေးကို ပြောပြပေးပါ။

ဖြေ- လူတိုင်းမဲပေးမယ်ဆိုရင် မဲပြားတွေပိုကုန်မယ်။ တစ်အိမ်ထောင်ကိုတစ်ယောက်ပဲ မဲပေးတဲ့စနစ် ကိုတော့ ကန့်ကွက်ဖို့မရှိပါဘူး။ ကျန်ကျစရိတ်သက်သာတာပေါ့။

မေး- စည်ပင်သာယာရေးကော်မတီဝင်ရွေးကောက်ပွဲက နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှ ပထမဆုံးလုပ် လည်းဖြစ် တယ်။ အချို့ကန်သတ်ချက်တွေကြောင့် တရားမျှတမှုအပိုင်းမှာရော ဘယ်လိုရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ- သူတို့ကလည်း ပထမဆုံးအကြိမ်လုပ်ပြီးနောက်ပိုင်း အမှားအမှန်ကိုပြင်လို့ရမှာပါ။ ဒီတစ်ကြိမ်ကတော့ အရမ်းကပ်နေပြီဆိုတော့ အချို့ကန့်သတ်ချက်တွေကို ပြင်ဖို့မလွယ်တော့ဘူး။

မေး- ဆရာက စစ်သံမှူးကြီးအဖြစ် နိုင်ငံသုံးနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အဲဒီအတွေ့အကြုံ လေးကို ပြောပြပေးပါ။

ဖြေ- အမေရိကန်၊ မလေးရှားနဲ့ ရုရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါ။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကိုလေ့လာပြီးတော့ ကိုယ့်နိုင်ငံကိုပြန်ပြီးတော့ တင်ပြရတယ်။ အဲဒီနိုင်ငံတွေရဲ့ကာကွယ်ရေးစနစ်တွေကိုလည်း တင်ပြရတယ်။ ရုရှားနိုင်ငံမှာဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလေ့လာပြီး ပြန်တင်ပြရတယ်။ ဒါကတော့ထူးခြားတယ်။ အခြားနှစ်နိုင်ငံ ကတော့ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးတွေကိုလေ့လာပြီးတော့ ပြန်တင်ပြရပါတယ်။ အဲဒီနိုင်ငံတွေမှာက စစ်တပ်က အရပ်သားတွေရဲ့ဦးဆောင်မှုအောက်မှာပဲရှိပြီး သုံးနိုင်ငံစလုံးကတိုးတက်တယ်။ ကျွန်တော်တို့ ဆီမှာ လည်း အရပ်ဘက်ကသာဦးဆောင်မယ်ဆိုရင် ပိုပြီးတိုးတက်လာမဲ့သဘောရှိပါတယ်။

မေး- လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ်မှာ ဆရာရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ- နိုင်ငံရေးအပေါ်မှာပြောရမယ်ဆိုရင် လူထုရဲ့ဆန္ဒက သူတို့ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုရွေးထားပြီးပြီ။ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ကတော့ သမ္မတဦးသိန်းစိန်က နိုင်ငံတော်မှာ တတ်နိုင်သလောက်ကြိုးစားလုပ်နေတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့အာဏာကို သူအပြည့် အ၀ အသုံးမချသေးဘူးလို့ ကျွန်တော်ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော် သမ္မတ မှာ အုပ်ချုပ်မှုအာဏာကို တော်တော်လေး အပြည့်အ၀ပေးထားတဲ့သဘောရှိတယ်။ ဒါကို အပြည့်အ၀သာ အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပိုပြီးတော့ မြန်ဆန်လာမယ်လို့ထင်တယ်။ ဘာကြောင့် အပြည့်အ၀အသုံးချနိုင်သေးတာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုတွေ၊ လက်နက် ကိုင်တွေ ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့အခြေအနေတွေကို စောင့်ကြည့်နေရသေးတဲ့ သဘောရှိတယ်။ နောက်ပြီး စစ်သံမှူးကြီးလုပ်ဖြစ်ခဲ့တဲ့ သုံးနိုင်ငံအတွေ့အကြုံအရ ဖက်ဒရယ်စနစ် အုပ်ချုပ်ရေးပြည်နယ်တွေ ခွဲတဲ့ အခါမှာ လူမျိုးရေးအပေါ်ကို အခြေမခံဘူး။ သူတို့က ပထ၀ီအခြေအနေအပေါ်ကို အခြေခံတယ်။ ဒါလေးက ထူးခြား တယ်။ ဖက်ဒရယ်စနစ်ထူထောင်မယ်ဆိုရင် ပထ၀ီအနေအထားနဲ့သာ အခြေခံလုပ်မ ယ် ဆိုရင် အဲဒီနိုင်ငံတွေလိုပဲ တိုးတက်မှုမြန်ဆန်နိုင်တယ်။

ကိုယ်ရေးအကျဉ်း

အမည်                                                         -   ဦးစိုးဌေး
ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ်                   -  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (အနောက်ပိုင်းခရိုင်)
ပညာအရည်အချင်း                                        -  သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ဒီပလိုမာစာရင်းကိုင်(စာရင်းကောင်စီ)
                                                                       ဒီပလိုမာအင်္ဂလိပ်ဘာသာ(အမေရိကန်)
                                                                       ဒီပလိုမာစစ်မဟာဗျူဟာ လေ့လာရေး(ကာကွယ်ရေး)
                                                                       လူရည်ချွန်လေးထပ်ကွမ်း
                                                                       (၁၉၆၄ ၊ ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်-ဘားအံ)
တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဌာန                     -  စစ်သံမှူး  (အမေရိကန်၊  မလေးရှား၊  ရုရှား)

Eleven Media Group 

No comments:

Post a Comment