Tuesday 21 October 2014

စပိန်လာလီဂါ ၏ တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ပဏာမလျာထားသူ စာရင်းနှင့် မက်ဆီလွဲချော်

Photo: စပိန်လာလီဂါ ၏ တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ပဏာမလျာထားသူ စာရင်းနှင့် မက်ဆီလွဲချော်
Tuesday, October 21, 2014

ဘာစီလိုနာ အသင်းမှ ရှေ့တန်းကစားသမား လီယိုနယ်မက်ဆီ သည် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော လာလီဂါ ပွဲစဉ်များ၏ ၂၀၁၃ - ၂၀၁၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျထားခံရသူ ပဏာမသုံးဦး စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီ သည် ပြီးခဲ့သော ရာသီ၏ နှစ်လကျော် အတွင်း ဒဏ်ရာ ပြဿနာကြောင့် ပွဲစဉ်များနှင့် လွဲချော် ခဲ့ရသော်လည်း ၄င်း ပါဝင် ကစားခဲ့သည့် ကစားပွဲ အားလုံးတွင် စုစုပေါင်း သွင်းဂိုး ၃၆ ဂိုး ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။

သို့သော် မက်ဆီ ၏ သွင်းဂိုး အရေအတွက် သည် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျာထားသည့် ပဏာမသုံးဦး စာရင်းတွင် ပါဝင်နိုင်ရန် အတွက် လုံလောက်မှု မရှိပေ။

လာလီဂါ ပွဲစဉ်တွင် ၂၀၁၃ - ၂၀၁၄ ခုနှစ် အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ပဏာမသုံးဦး လျာထားသူ စာရင်းတွင် Ballon d'Or ဆုရှင် ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၊ အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ နှင့် ဆိုစီဒက် အသင်းမှ ကားလို့စ်ဗီလာ တို့ ရွေးချယ်ခံ ထားရကြောင်း ၊ အဆိုပါ ဆုရှင် အမည်ကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် ဆုပေးပွဲ အခမ်းအနား ၌ ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

Themyawadydaily
ဘာစီလိုနာ အသင်းမှ ရှေ့တန်းကစားသမား လီယိုနယ်မက်ဆီ သည် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော လာလီဂါ ပွဲစဉ်များ၏ ၂၀၁၃ - ၂၀၁၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် လျထားခံရသူ ပဏာမသုံးဦး စာရင်းတွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဆီ သည် ပြီးခဲ့သော ရာသီ၏ နှစ်လကျော် အတွင်း ဒဏ်ရာ ပြဿနာကြောင့် ပွဲစဉ်များနှင့် လွဲချော် ခဲ့ရသော်လည်း ၄င်း ပါဝင် ကစားခဲ့သည့် ကစားပွဲ အားလုံးတွင် စုစုပေါင်း သွင်းဂိုး ၃၆ ဂိုး ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည်။

သို့သော် မက်ဆီ ၏ သွင်းဂိုး အရေအတွက် သည် တစ်နှစ်တာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် လျာထား သ ည့် ပဏာမသုံးဦး စာရင်းတွင် ပါဝင်နိုင်ရန် အတွက် လုံလောက်မှု မရှိပေ။

လာလီဂါ ပွဲစဉ်တွင် ၂၀၁၃ - ၂၀၁၄ ခုနှစ် အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ပဏာမသုံးဦး လျာထားသူ စာရင်းတွင် Ballon d'Or ဆုရှင် ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၊ အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာ နှင့် ဆိုစီဒက် အသင်းမှ ကားလို့စ်ဗီလာတို့ ရွေးချယ်ခံထားရကြောင်း၊ အဆိုပါ ဆုရှင် အမည်ကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် ဆုပေးပွဲအခမ်းအနား၌ ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

Themyawadydaily

No comments:

Post a Comment