Tuesday 21 October 2014

ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်

Photo: ထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုကြောင့် ကျောက်တံတားတရားရုံးက အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမည်
Tuesday, October 21, 2014

မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။
 
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် (MDCF) အဖွဲ့ဝင် ၃၀ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုထင်ကျော်အား ပုဒ်မ-၅၀၅(ခ)/၃၄၊ အဖွဲ့ဝင် ကိုနောင်နောင်ကိုမူ  ပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
ထို့ကြောင့် ကိုထင်ကျော်နှင့်အတူ ကိုနောင်နောင်ကိုပါ အောက်တိုဘာ ၃၀ ရက်တွင်အမိန့်ချမည်ဟု သိရသည်။
 
ရုံးထုတ်စစ်ဆေးပြီးနောက် တရားရုံးမှပြန်ထွက်လာစဉ် ကိုထင်ကျော်က "ပြည်သူတွေအနေနဲ့ ခုလက်ရှိမှာကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေမှ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး အစိုးရကို ဆက်လက်ရှုတ်ချမှာပါ" ဟုပြောကြားခဲ့ သည်။    

Eleven Media Group 

ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုထင်ကျော်အား အောက်တိုဘာ ၂၀ ရက်က ကျောက်တံတားတရားရုံးရှေ့တွင် တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
မြို့နယ် ၁၂ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထား ရသည့် ကိုထင်ကျော်အား ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅၀၅(ခ) ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် တွင် ရုံးထုတ်စစ်ဆေးပြီးနောက် သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် (MDCF) အဖွဲ့ဝင် ၃၀ ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမို ကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်ကြောင်း သဘောထား ထုတ်ပြန် ခဲ့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကိုထင်ကျော်အား ပုဒ်မ-၅၀၅(ခ)/၃၄၊ အဖွဲ့ဝင် ကိုနောင်နောင်ကိုမူ  ပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကိုထင်ကျော်နှင့်အတူ ကိုနောင်နောင်ကိုပါ အောက်တိုဘာ ၃၀ ရက်တွင်အမိန့်ချမည်ဟု သိရသည်။

ရုံးထုတ်စစ်ဆေးပြီးနောက် တရားရုံးမှပြန်ထွက်လာစဉ် ကိုထင်ကျော်က "ပြည်သူတွေအနေနဲ့ ခုလက် ရှိမှာကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေမှ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး အစိုးရကို ဆက်လက်ရှုတ်ချမှာပါ" ဟုပြောကြားခဲ့ သည်။    

Eleven Media Group 

No comments:

Post a Comment