Tuesday 21 October 2014

အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။

မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။



အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့ ဖွဲ့စည်းရန် ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ထိုင်း-မြန်မာကုန်စည်ပြပွဲ ဖွင့်ပွဲအပြီး နောက်ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲနဲ့အတူ စားသောက် ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စက်မှုထုတ်ကုန် များ၊ ခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဘက်လုပ်ငန်းနဲ့ အာမခံလုပ်ငန်း အစရှိတဲ့ လုပ်ငန်း တွေနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံမှ သက်ဆိုင်ရာပုဂ်္ဂိုလ်များလည်း အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါတယ်။ 
MRTV

No comments:

Post a Comment