Tuesday 21 October 2014

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ

Photo: တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းအဝင်များပြီး တစ်အိတ်ရောင်းဈေး ကျပ်၂ဝဝဝ အထိ ပြုတ်ကျ
Tuesday, October 21, 2014

တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ်အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

“ဒီလထဲမှာ ဆန်ကြမ်းဈေးကျသွားတယ်။ တရုတ်ဘက်က အဝယ်မလိုက်တဲ့အတွက် ဈေးကွက်ထဲမှာ ပစ္စည်းတွေများနေတယ်။ ပြီးတော့ နောက်ရာသီဆန်ကြမ်း ထွက်မယ့်အချိန်မှာ ဈေးကွက်မှာရှိတဲ့ ဆန်  ကြမ်းတွေရောင်းလို့ မကုန်မှာစိုးလို့ ဈေးချ  ပြီးရောင်းတဲ့သဘောရှိတယ်။ ဒီအချိန်ဆိုရင်  ဆန်ချောရော၊ ဆန်ကြမ်းရော လှိုင်လှိုင်ထွက် တဲ့အချိန်ဖြစ်နေပြီ။ ဒါပေမဲ့ မနှစ်က ရာသီ  ဥတုမကောင်းတဲ့အတွက် စိုက်ချိန်နောက်ကျ  ပြီး ဆန်လှိုင်လှိုင်မထွက်သေးဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်ပိုင်ရှင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များ ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးခွဲဖြစ် သည့် ဆန်စပါးကုန်စည်ဒိုင် (မူဆယ်မြို့)တို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို အသုံးပြု၍ အများဆုံးတင်ပို့လျက်ရှိရာ မြန်မာလုပ်ငန်း ရှင်များအနေဖြင့် တရားဝင်ကုန်သွယ်မှု လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ်လအတွင်း၌ တရုတ်ဗဟိုအစိုးရစီမံချက်ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသောကြောင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ဆန်တင်ပို့ရာတွင် အခက်အခဲများ  ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၂၄ ရက် တွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့် တရုတ်ဘက်မှ တရုတ်နိုင်ငံကုန် ပစ္စည်းအရည်အသွေးစစ်ဆေးရေးဝန်ကြီးနှင့် ဆန် စပါးအရည်အသွေးနှင့် စစ်ဆေးရေးပိုင်းဆိုင် ရာစာချုပ်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် လယ်ယာ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေးစာချုပ်ကိုလည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

သို့သော်လည်း ယခုအချိန်အထိ လွတ် လပ်စွာတရားဝင်တင်ပို့နိုင်ခြင်းမရှိသေးဘဲ  တရုတ်ဘက်မှ ကုန်သည်များကလည်း ဝယ်ယူမှုနည်းနေသေးကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် တရုတ်ဘက်က ဆန်အဝယ်လိုက်တော့ တစ်ရက်တစ်ရက် ကို တစ်အိတ်ဈေး ၅ဝဝ၊ ၁ဝဝဝ လောက် အထိ ဈေးတက်တယ်။ အခုက တရုတ်ဘက် ကို ဆန်တွေမသွားနိုင်ဘူးလို့ ကြားတယ်။ အဲဒီတော့ တရုတ်ဘက်က ဝယ်လိုအားနည်း သွားတော့ ပြည်တွင်းဈေးကွက်ထဲမှာ ဆန် ဈေးကျသွားတာပါ” ဟု ဝါးတန်းလမ်းရှိ စပါယ်ရှယ်ဆန် ရောင်းဝယ်ရေးဆိုင်ရှင်ကဆိုသည်။

လက်လီဈေးကွက်အတွင်းရောင်းချနေ သည့် ဆန်ဈေးနှုန်းများကို ကြည့်မည်ဆိုပါ က စက်တင်ဘာလအတွင်းက မနောသုခ တစ်အိတ် ကျပ် ၂ဝဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၉၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၈၅ဝဝဝ ဖြင့်ရောင်း ချလျက်ရှိရာမှ အောက်တိုဘာ ပထမပတ်မှစ၍ မနောသုခတစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၈၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၆ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၆ဝဝဝ စသည်ဖြင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း အသီးသီးကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တာမွေမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
တရုတ်ဘက်မှ အဝယ်နည်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်း အဝင်များနေပြီး တစ် အိတ်ရောင်းဈေးမှာ အမျိုးအစားအလိုက် ကျပ် ၁၅ဝဝ မှ ကျပ် ၂ဝဝဝ အထိ ပြုတ်ကျနေကြောင်း ဆန် ရောင်း ဝယ်ရေးဆိုင်များမှ သိရသည်။

“ဒီလထဲမှာ ဆန်ကြမ်းဈေးကျသွားတယ်။ တရုတ်ဘက်က အဝယ်မလိုက်တဲ့အတွက် ဈေးကွက်ထဲမှာ ပစ္စည်းတွေများနေတယ်။ ပြီးတော့ နောက်ရာသီဆန်ကြမ်း ထွက်မယ့်အချိန်မှာ ဈေးကွက်မှာရှိတဲ့ ဆန်  ကြမ်းတွေရောင်းလို့ မကုန်မှာစိုးလို့ ဈေးချ  ပြီးရောင်းတဲ့သဘောရှိတယ်။ ဒီအချိန်ဆိုရင်  ဆန်ချောရော၊ ဆန်ကြမ်းရော လှိုင်လှိုင်ထွက် တဲ့အချိန်ဖြစ်နေပြီ။ ဒါပေမဲ့ မနှစ်က ရာသီ  ဥတုမကောင်းတဲ့အတွက် စိုက်ချိန်နောက်ကျ  ပြီး ဆန်လှိုင်လှိုင်မထွက်သေးဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေအိုးဆန်ဆိုင်ပိုင်ရှင်က ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်များကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ် ရုံးခွဲဖြစ် သည့် ဆန်စပါးကုန်စည်ဒိုင် (မူဆယ်မြို့)တို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းကို အသုံးပြု၍ အများဆုံးတင်ပို့လျက်ရှိရာ မြန်မာလုပ်ငန်း ရှင်များအနေဖြင့် တရားဝင် ကုန်သွယ်မှု လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့သော်လည်း ဩဂုတ်လအတွင်း၌ တရုတ် ဗဟို အစိုးရ စီမံချက်ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသောကြောင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ဆန်တင်ပို့ရာ တွင် အခက်အခဲများ  ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၂၄ ရက် တွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများနှင့် တရုတ်ဘက်မှ တရုတ်နိုင်ငံကုန် ပစ္စည်းအရည် အသွေး စစ်ဆေးရေးဝန်ကြီးနှင့် ဆန် စပါးအရည်အသွေးနှင့် စစ်ဆေးရေးပိုင်းဆိုင် ရာစာချုပ်ကို လည်းကောင်း၊ တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် လယ်ယာ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေးစာချုပ်ကိုလည်း ကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

သို့သော်လည်း ယခုအချိန်အထိ လွတ် လပ်စွာတရားဝင်တင်ပို့နိုင်ခြင်းမရှိသေးဘဲ  တရုတ်ဘက်မှ ကုန်သည်များကလည်း ဝယ်ယူမှုနည်းနေသေးကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် တရုတ်ဘက်က ဆန်အဝယ်လိုက်တော့ တစ်ရက်တစ်ရက် ကို တစ်အိတ်ဈေး ၅ဝဝ၊ ၁ဝဝဝ လောက် အထိ ဈေးတက်တယ်။ အခုက တရုတ်ဘက် ကို ဆန်တွေမသွားနိုင်ဘူးလို့ ကြားတယ်။ အဲဒီတော့ တရုတ်ဘက်က ဝယ်လိုအားနည်း သွားတော့ ပြည်တွင်းဈေးကွက်ထဲမှာ ဆန် ဈေးကျသွားတာပါ” ဟု ဝါးတန်းလမ်းရှိ စပါယ်ရှယ်ဆန် ရောင်းဝယ်ရေးဆိုင်ရှင်ကဆိုသည်။

လက်လီဈေးကွက်အတွင်းရောင်းချနေသည့် ဆန်ဈေးနှုန်းများကို ကြည့်မည်ဆိုပါ က စက်တင်ဘာလ အတွင်း က မနောသုခ တစ်အိတ် ကျပ် ၂ဝဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၉၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၈၅ဝဝဝ ဖြင့်ရောင်း ချလျက်ရှိရာမှ အောက်တိုဘာ ပထမပတ်မှစ၍ မနောသုခ တစ်အိတ် ကျပ် ၁၈ဝဝဝ၊ ဧည့်မထ တစ်အိတ် ကျပ် ၁၈၅ဝဝ၊ ငစိန်တစ်အိတ် ကျပ် ၁၆ဝဝဝ၊ ဇီယာတစ်အိတ် ကျပ် ၁၆ဝဝဝ စသည်ဖြင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်း အသီးသီး ကျဆင်းနေခြင်းဖြ စ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment