Tuesday 21 October 2014

မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ

Photo: မြန်မာ့ဖွံ့ဖြိုးရေးအတွက် လေးနှစ်အတွင်း ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီ
Tuesday, October 21, 2014

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်းရရှိသည်။

အဆိုပါ ထောက်ပံ့ငွေများ ဖြင့် ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း အာရှဖွံ့ဖြိုးမှုဘဏ်က မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်မှုတို့တွင် အဓိကကူညီထောက်ပံ့သွားမည် ဖြစ်သည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ မြို့နယ်ခြောက်မြို့ နယ်ရှိ ကျေးရွာပေါင်း ၉၆ ရွာတို့ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း ကူညီပံ့ပိုးရန် အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ် ထားပြီး ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၂ သန်းနှင့် အမျိုး သမီးနှင့် ဆင်းရဲသားများအတွက် စွမ်းရည်မြှင့်တင်ပေးရန် အမေရိ ကန်ဒေါ်လာ ၃ သန်း ကူညီပံ့ပိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အဆိုပြုထားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအ တွက် အဓိကလိုအပ်နေသော နယ်ပယ်များဖြစ်သည့် စွမ်းအင်၊ ပို့ ဆောင်ရေး၊ ပညာရေး၊ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကူအညီပေးမှုများ လုပ်ဆောင်နေသည်။ အာရှဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံကို နည်းပညာအ ထောက်အပံ့အနေဖြင့် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှုများ ပေးအပ်နေပြီး ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ အကူအညီများ တိုးမြှင့်ပေးအပ် ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူးက ပြောသည်။

7Day DAILY

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ လုပ်သားအချို့ကို တွေ့ရစဉ် (forbes)
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် လေးနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၅၀ မှ ၂၀၀ အထိ ပံ့ပိုးကူညီရန် အလှူရှင်နိုင်ငံများနှင့် သဘောတူညီချက်ရရှိထားကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်မှ သတင်း ရရှိသည်။

အဆိုပါ ထောက်ပံ့ငွေများ ဖြင့် ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း အာရှဖွံ့ဖြိုးမှုဘဏ်က မြန်မာနိုင်ငံတွင် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်မှုတို့တွင် အဓိကကူညီထောက်ပံ့သွားမည် ဖြစ်သည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ဒေသ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ မြို့နယ်ခြောက်မြို့ နယ်ရှိ ကျေးရွာပေါင်း ၉၆ ရွာတို့ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း ကူညီပံ့ပိုးရန် အာရှဖွံ့ဖြိုးရေးဘဏ်က စီစဉ် ထားပြီး ဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၂ သန်းနှင့် အမျိုး သမီးနှင့် ဆင်းရဲသားများအတွက် စွမ်းရည်မြှင့်တင်ပေးရန် အမေရိ ကန်ဒေါ်လာ ၃ သန်း ကူညီပံ့ပိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အဆိုပြုထားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအ တွက် အဓိကလိုအပ်နေသော နယ်ပယ်များဖြစ်သည့် စွမ်းအင်၊ ပို့ ဆောင်ရေး၊ ပညာရေး၊ မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကူအညီပေးမှုများ လုပ်ဆောင်နေသည်။ အာရှဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံကို နည်း ပညာ အ ထောက်အပံ့အနေဖြင့် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှုများ ပေးအပ်နေပြီး ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ အကူအညီများ တိုးမြှင့်ပေးအပ်ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း အာရှ ဖွံ့ဖြိုးမှု ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူးက ပြောသည်။

7Day DAILY

No comments:

Post a Comment