Tuesday 21 October 2014

မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်ခွင့်ပြုလျှင် ရှယ်ယာများ စတင်ရောင်းမည်

အစိုးရက လုပ်ငန်းလုပ် ကိုင်ခွင့်ပြုပါက အများပြည်သူပါဝင်နိုင်ရန် အစုရှယ်ယာများထုတ်ရောင်းပေးသွား မည်ဟု မြန်မာ့မော်တော်ယာဉ်ဖွံ့ဖြိုးမှုအများ ပိုင်ကုမ္ပဏီလီမိတက်မှ သတင်း ရရှိသည်။

‘‘အခုခေတ်က အများပိုင် ဖွဲ့မှ ခေတ်မီတာဆိုတော့ ဖွဲ့ရတာ ပါ။ ဒါမှလုပ်ငန်းလုပ်လို့ရမှာပါ’’ ဟု အဆိုပါ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အစုရှယ်ယာများ ရောင်းချရာတွင် ရှယ်ယာတစ်စုလျှင် အ များနည်းတူ ကျပ်တစ်သောင်း သတ်မှတ်ရောင်း ချမည် ဖြစ်သည်။ ထို့အပြင် အများပိုင် ကုမ္ပဏီကို နိုင်ငံတကာနှင့် ၀င်ဆံ့နိုင်ရန် ၂၀၁၅ တွင် စတင်မည့် စတော့ရှယ်ယာဈေးကွက်၌လည်း ပါဝင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကုမ္ပဏီအတွက် လက်ရှိအချိန်တွင် အချိုးကျမ, တည် ရင်းနှီးငွေထည့်ဝင်ပြီး တည် ထောင်သူ ၂၀၀ ခန့်ရှိ၍ မ,တည် ရင်းနှီးငွေမှာ ကျပ်ငွေဘီလီယံ ၂၀ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံမော်တော်ယာဉ် နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်နိုင်ရန် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က မ,တည်ရင်းနှီးငွေ ထည့်ဝင်သူ ၅၀ ဖြင့် စခဲ့ ခြင်း ဖြစ်သည်။

 အများပိုင် ကုမ္ပဏီတည် ထောင်ရန် ကုမ္ပဏီမှတ်ပုံတင်ရရှိပြီးဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကို မကြာမီရမည် ဟု ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ လီမိတက်သည် လုပ်ငန်းလုပ်ကိုင် ခွင့်ရရှိပါက ကားနှင့် ပတ်သက် သော ရောင်း ၀ယ်ရေး လုပ်ငန်း၊ ၀ပ်ရှော့များ၊ ဆိုင်ခန်းများ တစ်နေရာတည်းတွင် တစုတစည်း တည်းပါဝင်သော Auto-Mobile Zone တစ်ခုကို ရန်ကုန်မြို့စွန်တွင်တည်ထောင်ရန် စီစဉ်ထားသည် ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ များပိုင်ကုမ္ပဏီ ၂၀၀ ကျော်ရှိနေ ပြီး ယင်းတို့ထဲတွင် ကုမ္ပဏီအချို့ သာ လုပ်ငန်း လုပ်ကိုင်နိုင်သည့် အခြေအနေရှိကြောင်း မြန်မာနိုင် ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။အများပိုင်ကုမ္ပဏီများသည် ၂၀၁၅ တွင် စတင်မည့် စတော့ဈေးကွက်တွင် စာရင်းဝင်နိုင်ရန် ကြိုး စားနေကြသည်။ စတော့ဈေးကွက် စတင်မည့်ကုမ္ပဏီကို သုံးခု ခန့်သာ ရွေးချယ်ထားကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment