Tuesday 21 October 2014

မော်တော်ယာဉ်အစီးတစ်ရာ နေ့စဉ်အခမဲ့စစ်ပေးမည့် မော်တော်ယာဉ်ဆိုင်ရာ အထူးဝန်ဆောင်ရောင်းချမှုပွဲ ပြုလုပ်မည်

တစ်ရက်လျှင် မော်တော်ယာဉ်အစီး ၁၀၀ အခမဲ့စမ်းသပ်စစ်ဆေးပေးမည့် မော်တော်ယာဉ်နှင့် ဆက်စပ် ပစ္စည်းများ အထူးဝန်ဆောင် ရောင်းချမှု ပြပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်တော်ယာဉ် အမျိုးမျိုး မော်တော်ယာဉ်အလှဆင်ပစ္စည်း များ၊ စက်ဆီချောဆီများ၊ ကား တာယာများ၊ ဝန်ဆောင်မှု လုပ် ငန်းများ၊ ပြိုင်ကားများအပါအဝင် ပြိုင်ကားများ အလှဆင်ခြင်းများ ကိုပါ ထည့်သွင်းပြသ မည်ဖြစ် သည်။ ကျွမ်းကျင်သည့် စက်ပြင် ဆရာများထားရှိပေးမည်ဖြစ်ပြီး တစ်ဦးချင်းတွေ့ဆုံကာ မိမိ၏ မော်တော်ယာဉ်များနှင့်ပတ်သက် ၍ အဆိုပါပွဲတွင် လာရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။

 ပြပွဲတွင်  Brand New အရောင်းပြခန်းများ  ဖြစ်သည့် ဟွန်ဒိုင်း၊ ကေအိုင်အေ၊ ဆမ် ရောင်းတို့ အပါအဝင် အခြားပြ ခန်းပေါင်း ၂၇၆ ခန်းပါဝင်ပြသ မည်ဖြစ်ကာ ယင်းပြပွဲကို မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင် များအသင်းက ဦးစီးကျင်းပခြင်း ဖြစ်သည်။

 ပြပွဲတွင် တစ်နိုင်တစ်ပိုင် တင်သွင်းရောင်းချသူများလည်း ဝင်ရောက်ပြသရောင်းချနိုင်ရန် စီစဉ်ထားပြီး ပြခန်းများတွင် စိတ်ပါဝင်စားပါက အရစ်ကျ စနစ်များဖြင့် ဝယ်ယူရန် ယူနိုက်တက် အမရဘဏ်နှင့် ချိတ်ဆက် ထား ပြီး အခြားဘဏ်နှစ်ခုလည်း ပါဝင် မည်ဟု ကျင်းပရေးကော်မတီက သတင်းထုတ်ပြန်သည်။

ပြပွဲတွင် ကားအသင်းအပြင် ပြိုင်ကားဝါသနာရှင်လူငယ်များ စုစည်းထားသည့် MMSA လည်း ပူးပေါင်းပါဝင်   ပြသမည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment