Tuesday 21 October 2014

နှလုံးထိခိုက်ခြင်းကို ကုသနိုင်သည့် ဆေးဝါးသစ် တွေ့ရှိ

နှလုံးအတွင်း ပျက်စီးမှုဖြစ်ပေါ်နေသောဆဲလ်အချို့တွင်  ဒဏ်ရာရပြီးနောက် နှလုံး၏ဒဏ်ရာပျောက်ကင်းနိုင် စွမ်းကို မြှင့်တင်ပေးရန်လိုအပ်သော သွေးကြောမျှင်များကို ဖြစ်ပေါ်စေသည့်ဆဲလ်များ အဖြစ်သို့ ပြောင်း လဲစေနိုင်သည့်စွမ်းရည်ပါရှိကြောင်း သုတေသီ တစ်ဦးကလေ့လာတွေ့ရှိခဲ့ပြီး ယင်းမှာ နှလုံးထိခိုက်ခြင်းကို ကုသရန်နည်းလမ်းသစ်တစ်ခုဟု ပြောသည်။

နှလုံးထိခိုက်မှုဖြစ်ပြီးနောက် ပြန်ကောင်းစေသောလုပ်ငန်းစဉ်ကို အဆင့်မြှင့်ပေးပြီး fibroblast ဟုခေါ်သော ပရိုတိန်းနှင့်အခြားဖိုက်ဘာ ဓာတ်များထုတ်ပေးသည့် တစ်သျှူးအစုအဝေးထဲရှိ ဆဲလ်များကို သွေးကြောနံရံ အတွင်းပိုင်း မျက်နှာပြင်ကိုဖုံးအုပ်ထားသည့် ပါးလွှာသောဆဲလ်အလွှာ endothelium များအဖြစ်သို့ပြောင်း လဲပေးနိုင်သည့်လုပ်ငန်းစဉ်ကို အားကောင်းစေသော ဆေးဝါးတစ်မျိုးကိုလည်း သုတေသီများတွေ့ရှိခဲ့သည်။

နှလုံးထိခိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရထားသော နှလုံးထဲတွင် သွေးကြောမျှင်များအရေအတွက် များပြားအောင်လုပ်ဆောင်နိုင်ပါက ယင်းဒဏ်ရာများကို ပျောက်စေနိုင်သည်ဆိုခြင်းမှာ လူသိများသည်ဟု အမေရိကန်နိုင်ငံကယ်လီဖိုးနီးယား-လော့စ်အန်ဂျလိစ်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာလက်ထောက်ပါမောက္ခ အာဂျွန်ဒတ်က ပြောသည်။

ယင်းကဲ့သို့ နှလုံးအတွင်း ဒဏ်ရာဖြစ်နေသောဆဲလ်များက ဒဏ်ရာပျောက်ကင်းစေသောဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးကြောများဖြစ်ပေါ်လာမှုကို သုတေသီများက mesenchymal-endothelial အသွင်ပြောင်း လဲမှု (သို့မဟုတ်)MEndoT ဟုခေါ်ကြသည်။

ကြွက်များဖြင့်စမ်းသပ်ရာတွင် နှလုံးထဲရှိဒဏ်ရာဖြစ်နေသောဆဲလ်များကို မျိုးရိုးဗီဇအလိုက် ခွဲခြားသတ်မှတ် ထားပြီး လေ့လာစဉ်နှလုံး၏ ထိခိုက်ဒဏ်ရာရထားသောနေရာမှ fibroblast ဆဲလ်များစွာသည် endothelial ဆဲလ်များအဖြစ်သို့ ပြောင်းလဲသွားကြောင်း သုတေသီများ တွေ့ရှိခဲ့သည်။ ယခုလေ့လာမှုကို Nature ဂျာနယ်၌ ဖော်ပြထားသည်။          

Ref: TOI
7Day DAILY 

No comments:

Post a Comment