Tuesday 21 October 2014

ညဈေး ဖော်ဆောင်ရေးအတွက် နိုဝင်ဘာပထမပတ်တွင် ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံဆွေးနွေးပွဲမှ ရလဒ်ကို သုံးသပ်အတည်ပြုမည်

နိုင်ငံတကာအဆင့်မီ ညဈေးဖော်ဆောင် ရန်အတွက် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ နိုဝင်ဘာ ပထမပတ်တွင်ပြုလုပ်မည့် အဖွဲ့အစည်း ပေါင်းစုံပါဝင်ဆွေးနွေးမည့် ဆွေးနွေးပွဲရလဒ် ကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး ပွဲတွင် လမ်းဘေးစားသောက်ဆိုင်များအား ယာဉ်လမ်းကြောင်း တွင် ပိတ်ဆို့မှုမရှိစေရေး၊ စားသောက်ဆိုင်များ သန့်ရှင်းရေး၊ ဘေး အန္တရာယ်ကင်းရှင်းသည့် အစားအစာများ ဖြစ်ရေး၊ ရွေးချယ်သင့်သည့် ညဈေးသည်များ နှင့် ဈေးသည်များအား အသိပညာပေးရေး လုပ်ငန်းစဉ်များ၊ ညဈေး ရွေးချယ်သင့်သည့် နေရာဒေသနှင့် စားသုံးသူများအတွက် နားနေ နိုင်မည့်နေရာဒေသနှင့် မိလ’ာစသည့်အကြောင်း အရာများကိုဆွေးနွေးမည်ဟု သိရသည်။

“နိုင်ငံတကာအဆင့်မီ ညဈေးဖွင့်လှစ် နိုင်ဖို့အတွက် လာမယ့်နိုဝင်ဘာလပထမပတ် မှာလုပ်မယ့် အလုပ် ရုံဆွေးနွေးပွဲကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန၊ အစားအသောက် ဌာနတွေ၊ လုံခြုံရေးဌာနတွေ၊ မော်တော်ယာဉ်လမ်း ကြောင်းပိတ်ဆို့မှု မရှိစေရေးဌာနတွေနဲ့ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဌာနတွေကို ဖိတ်ခေါ် ဆွေးနွေးမယ်။ ဆွေးနွေးပွဲရလဒ်ကိုလည်း ပြန်ပြီးသုံးသပ် အတည်ပြု သွားမယ်။ အခု လောလောဆယ်မှာ ညဈေးဖော်ဆောင်ဖို့ အတွက် အတည်ပြုထားတဲ့ ဆိုင်ခန်းတွေ မရှိသေး ပါဘူး” ဟု မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း အထွေထွေအ တွင်းရေးမှူး ဦးကျော်မြတ်မိုးက ဆိုသည်။

Eleven Media Group 

No comments:

Post a Comment