Tuesday 21 October 2014

ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ

Photo: ရန်ကုန်မြို့၌ပြေးဆွဲနေသော မထသယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချ၊ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာ၍ ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ဆွေးနွေးနေ
Tuesday, October 21, 2014

ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြောပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
မြန်မာနိုင်ငံသို့တင်သွင်းလာသော မော်တော်ယာဉ်အားလုံးအနက် ရာခိုင်နှုန်း ၈၀ မှာ ရန်ကုန်မြို့သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
    
"အခုရန်ကုန်မြို့မှာ ယာဉ်အစီးရေလည်း အရမ်းများလာတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ကျပ်တည်းမှုကလည်း ပိုပြီးဆိုးလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယာဉ်တင်သွင်းမှုအပိုင်း၊ လမ်းအသုံးပြုမှုအပိုင်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးတော့ တင်ပြမှုတွေပြုလုပ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုနှစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ အားလုံးပူးပေါင်းရမယ်။ အားလုံးကလည်း စည်းကမ်းရှိရမယ်။ နှစ်ရှည်ဆောင်ရွက်ရမှာပါ" ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
"ဒီလိုယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျဖို့အတွက်ကိုလည်း ဌာနဆိုင်ရာပေါင်းစုံနဲ့ ပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ဆွေးနွေးပွဲလုပ်မယ်လို့ကြားရပါတယ်" ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကဆိုသည်။
    
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်အစီးရေလေးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
    
မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က "ယာဉ်တင်သွင်းမှုအပေါ်စဉ်းစားတာကလည်း အဓိက ရန်ကုန်တိုင်းဒေသကြီးအခြေအနေနဲ့ကိုက်ညီတဲ့ အနေအထားဖြစ်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူတွေကိုလည်း မထိခိုက်အောင် မြို့တွင်းပြေးဆွဲနေတဲ့ လမ်းကြောင်းတူယာဉ်လိုင်းတွေကို ပူးပေါင်းပြေးဆွဲနေတယ်။ အရင်က မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းရှိခဲ့ရာကနေ အခု ၃၆၄ လိုင်းအထိ လျှော့ချခဲ့ပါတယ်။ ဒါ့အပြင် မီးပွိုင့်စနစ်တွေကို အဆင့်မြှင့်ဖို့လိုပါတယ်" ဟုဆိုသည်။

Eleven Media Group 

ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေဈေးအနီး ယာဉ်ကြောပိတ်ဆို့မှုများအား တွေ့ရစဉ်
ရန်ကုန်မြို့၌ပြေးဆွဲနေသော မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းမှ ၃၆၄ လိုင်းအထိလျှော့ချခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့ကျပ်တည်းလာမှု ပိုမိုဆိုးရွားလာခြင်းကြောင့် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှု များပြု လုပ် လျက် ရှိကြောင်း မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြော ကြားသည်။

မြန်မာနိုင်ငံသို့တင်သွင်းလာသော မော်တော်ယာဉ်အားလုံးအနက် ရာခိုင်နှုန်း ၈၀ မှာ ရန်ကုန်မြို့သို့ရောက် ရှိနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။
    
"အခုရန်ကုန်မြို့မှာ ယာဉ်အစီးရေလည်း အရမ်းများလာတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့ကျပ်တည်းမှု ကလည်း ပိုပြီးဆိုးလာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယာဉ်တင်သွင်းမှုအပိုင်း၊ လမ်းအသုံးပြုမှု အပိုင်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီးတော့ တင်ပြမှုတွေပြု လုပ်နေ ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုနှစ်ခုတည်း ဆောင်ရွက်လို့ မရဘူး။ အားလုံးပူးပေါင်းရမယ်။ အားလုံးကလည်း စည်းကမ်းရှိရမယ်။ နှစ်ရှည်ဆောင်ရွက်ရမှာပါ" ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
    
"ဒီလိုယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျဖို့အတွက်ကိုလည်း ဌာနဆိုင်ရာပေါင်းစုံနဲ့ ပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ဆွေးနွေးပွဲလုပ်မယ်လို့ကြားရပါတယ်" ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကဆိုသည်။
    
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်အစီးရေလေးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
    
မ.ထ.သ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က "ယာဉ်တင်သွင်းမှုအပေါ်စဉ်းစားတာကလည်း အဓိက ရန်ကုန် တိုင်းဒေသကြီးအခြေအနေနဲ့ကိုက်ညီတဲ့ အနေအထားဖြစ်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားပြည် သူတွေ ကိုလည်း မထိခိုက်အောင် မြို့တွင်းပြေးဆွဲနေတဲ့ လမ်းကြောင်းတူယာဉ်လိုင်းတွေကို ပူးပေါင်းပြေး ဆွဲနေ တယ်။ အရင်က မ.ထ.သ ယာဉ်လိုင်း ၃၉၆ လိုင်းရှိခဲ့ရာကနေ အခု ၃၆၄ လိုင်းအထိ လျှော့ချခဲ့ ပါတယ်။ ဒါ့အပြင် မီးပွိုင့်စနစ်တွေကို အဆင့်မြှင့်ဖို့လိုပါတယ်" ဟုဆိုသည်။

Eleven Media Group 

No comments:

Post a Comment