Tuesday 21 October 2014

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း

တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။



အာရှဒေသတွင်း သြစတြေးလျ ပြည်ထောင်စုရဲလုပ်ငန်း မန်နေဂျာ ဘရုစ်ဟီးလ်ကတော့ အဂတိလိုက်စားတဲ့ တရုတ်အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းရေးနဲ့ တရားစီရင်ရေးအတွက် ပူးတွဲစစ်ဆင်ရေးအတွင်း ပထမဆုံး ပိုင်ဆိုင်မှု ပိတ်သိမ်းရေးကို ဒီအပတ်အတွင်း ဆောင်ရွက်မယ်လို့ ပြောကြောင်း သတင်းစာက ကိုးကားဖော်ပြပါတယ်။

အဂတိလိုက်စားတဲ့ တရုတ်အရာရှိတွေက သူတို့ မတရားယူထားတဲ့ငွေတွေနဲ့ နိုင်ငံခြားကို ထွက်ပြေးခဲ့အပြီး မြေခွေးကို အမဲလိုက်ခြင်းလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကို တရုတ် အစိုးရက ဇူလိုင်လက ကြေညာခဲ့တာပါ။

အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျတို့ဟာ တရုတ်စီးပွားရေး ရာဇဝတ်သားတွေလို့ သံသယရှိသူတွေအတွက် လူကြိုက်အများဆုံး ထွက်ပြေးရာနေရာတွေလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment