Tuesday 21 October 2014

ရန်ကုန်-မန္တလေးရထား ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်

ရန်ကုန်နဲ့ မန္တလေး ပြေးဆွဲမယ့်ရထားလမ်းပိုင်းကို ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်း ပြေးဆွဲနိုင်ဖို့အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဂျပန် ဂျိုက်ကာအဖွဲ့တို့ ပူးပေါင်းပြီး လမ်းပိုင်း အဆင့်မြင့်တင်ရေး လုပ် ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ခုချိန်မှာတော့ အသေးစိတ် ပုံစံထုတ်ဖို့အတွက် မြေတိုင်းတာ တာတွေ၊ မြေစမ်းသပ်တာ တွေနဲ့ လက်တွေ့ သင်တန်းပေးတာတွေ ဆောင်ရွက်နေပြီး အဆင့်မြင့်လမ်းပိုင်း ပြုပြင်မယ့်လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထော င် စု ဒုဝန်ကြီး ဦးမြင့်သိန်းကပြောပါတယ်။

ရန်ကုန်မန္တလေး ရထားလမ်းပိုင်းဟာ မိုင် ၃၈၅.၅ မိုင်ရှိပြီး သံလမ်းမိုင်အားဖြင့် အစုန် အဆန် ၇၇၁ မိုင် ရှိပါတယ်။

အဲဒီလမ်းတလျှောက်ကို သံလမ်းထိန်းကျောက်တွေခင်းနေပြီး လမ်းခင်းကျောက်တွေကို လမ်းပိုင်းတခုလုံးမှာ သတ်မှတ်စံနှုန်းရဲ့ ၇၅ ရာခိုင်နှုန်း ဖြည့်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

DVB 

No comments:

Post a Comment