Tuesday 21 October 2014

သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)

Photo: သူတို့တွေ ပွဲအပြီး ဘာတွေပြောကြသလဲ (နည်းပြ နှစ်ဦး၏ ပွဲအပြီးပြောစကားများ)
Tuesday, October 21, 2014

ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ်သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ကာတာအသင်းသည် ပထမပိုင်းတွင် အာမို့အလီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ မြန်မာအသင်းက အောင်သူ၏ ဂိုးထဲလှလှပပ သွင်းယူခဲ့မှု နှင့် မိနစ်ပိုင်းအနည်းငယ်မှာ ငြိမ်းချမ်းအောင်၏ ခေါင်းတိုက်အနိုင်ဂိုး သွင်းယူခြင်းတို့ကို စွမ်းဆောင်ထားနိုင်ခဲ့သည်။ ဒါပေမဲ့လည်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အကောင်းဆုံးတိုက်စစ်ဆင် ကစားလာခဲ့သော မြန်မာအသင်းအား ပွဲကစားချိန် ၇၅ မိနစ်မှာ အာရမ် အဖစ် ကနေပြီး ဖရီးကစ်ဂိုးဖြင့် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့သည်။ အချိန်ပို မိနစ်ပိုင်းအနည်းငယ်မှာလည်း ကာတာအသင်းအတွက်အနိုင်ဂိုးကို ဆာရင်ဂန် အာဒူ က ခေါင်းတိုက်သွင်းယူနိုင်ခဲ့သဖြင့် ကာတာအသင်း အိမ်ရှင်မြန်မာအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲဆီကို တက်ရောက်သွားနိုင်ခဲ့သည်။ 

"ဒီတစ်ညကတော့ အသင်းသားတွေနဲ့အတူ ပျော်ရွှင်ဝမ်းသာရသလို ဂုဏ်ယူစရာလည်းကောင်းလှပါတယ်။ သူတို့ဟာ များပြားလှတဲ့ အိမ်ကွင်းပရိတ်သတ်တွေ၏ အားပေးမှုတွေနဲ့အတူ ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းကောင်းကို အနိုင်ရရှိရေး အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့ကြပါတယ်။" ဆိုပြီး ကာတာနည်းပြကြီးမှပြောကြားခဲ့သည်။
"ကွင်းလုံးပြည့် ပရိတ်သတ်အများကြီးရှေ့ မှာ ကစားခဲ့ရတာကိုက ကြီးမားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ့်ဖြစ်ရပ်အနေနဲ့ သူတို့ကစားသမားတွေဟာ ဂိုးနှစ်ဂိုး အမြန်ဘဲပြန်ပေးလိုက်ရသလို၊ အနိုင်ရရှိရေး ပြန်လည်စွမ်းဆောင်လာ နိုင်တာကလည်း ကျွန်တော့်အတွက် အားရကျေနပ်တွေ ဖြစ်စေခဲ့ပါတယ်" " မကြုံတွေ့ဘူးခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားနဲ့အတူ ဒီပွဲစဉ်က ကျွန်တော့်တို့အတွက် ပွဲစဉ်တော်တော်များများထဲမှ
တကယ့်ကို ခက်ခဲ ခဲ့တဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာခဲ့တာကတော့ အသေအချာပါပဲ" ဆိုပြီး ထပ်မံပြောကြားခဲ့သည် ကာတာအသင်းသည် နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာယူ-၁၉ အသင်း၏ နည်းပြကြီး ဂတ်ဇီဆီ ကတော့ " ဒီနေ့ပွဲမျိုးကတော့ ကျွန်တော့်အတွက် စိတ်ဆိုးဒေါသ မရှိဘဲနဲ့ အရှုံးကိုလက်သင့်ခံနိုင်ပါတယ်။ ပရိတ်သတ်တွေအားလုံးကလည်း ယနေ့ မြန်မာအသင်းစွမ်းဆောင်နိုင်မှုအဆင့်အတန်းကို အားရကျေနပ်ကြတယ်လေ။" 
"နောက်ဆုံးလက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးတွေရသင့်ခဲ့ပေမဲ့ ကာတာအသင်းက တကယ့်ကို ကောင်းမွန်တဲ့အသင်းဖြစ်သလို ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့တယ်" 
"ဒီနေ့ပွဲကို ကွင်းထဲမှာကော ကွင်းပြင်မှာကော ကြည့်နေတဲ့သူတွေအားလုံးအနေနဲ့ ကျွန်တော်တို့အသင်းဟာ ဘယ်လိုလူလဲ ပြီးတော့ ဘယ်လောက် ဘောလုံးကောင်းကောင်းကစားနိုင်သလဲဆိုတာကို သိသွားကြမှာကတော့ အမှန်ပါပဲ။" 

မြန်မာအသင်းသည် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ၂၀၁၅ ဖီဖာ ကမ္ဘာ့ဖလားလူငယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်သည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီးလည်း နည်းပြကြီးက " ခုချိန်မှာ အရေးကြီးဆုံးက ခုလက်ရှိကစားသမားတွေဟာ နောက်ခုနှစ်လသာ လိုတော့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်ဖို့ပါပဲ" 
"ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားသမားတွေရှာဖွေဖို့လည်းလိုမယ်ထင်တယ်။ ကျွန်တော့်အသင်းမှာ ဒီနေ့ ကာတာအသင်းက နံပါတ် (၁၀)လိုကစားသမားမျိုးကို ကောင်းကောင်းထိန်းချုပ်နိုင်မဲ့သူမရှိဘူးဖြစ်ခဲ့ရတယ်။အသင်းကို ဒီထက်တောင့်တင်းခိုင်မာလာရေးအတွက် တကယ့်ကိုကျွန်တော်တို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့မှာ အကောင်းဆုံး ၁၁ ယောက်ရှိပါတယ်။ ဒါပေမဲ့ သုံးယောက်လောက် အစားထိုးလိုက်ရပြီးနောက် ကစားအား ကျသွားခဲ့ရတယ်။ အဲ့ဒါကလည်း ပွဲအဖြေကိုပြောင်းလဲသွားစေခဲ့တယ်" ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ 

AFC ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဆီးမီးထိတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားသလို Wiki ၏ AFC Championship ၂၀၁၄ မှတ်တမ်းမှာ တတိယနေရာ ကွက်လပ်မှာ ဖြည့်သွင်းခြင်းခံထားရပါတယ်။ 

(AFC.com မှသတင်းဖော်ပြထားမှုကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

Football Café
ကာတာအသင်း၏ နည်းပြဖြစ်သူ ဖီလစ် ဆန်းချက် ဘတ်စ် မှ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် မြန်မာ ပရိတ် သတ်များ၏ ဖိအားများအောက်မှာကစားခဲ့ရသော်လည်း အိမ်ရှင်အသင်းကို အချိန်ပိုကစားအပြီး သုံးဂိုး နှစ်ဂိုးရလဒ်နဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ အတွက် အသင်းသားများကို ဂုဏ်ယူဝမ်းမြောက်ေ ကြာင်း ပွဲအပြီးမှာပြောကြားခဲ့သည်။ 

ကာတာအသင်းသည် ပထမပိုင်းတွင် အာမို့အလီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ မြန်မာအသင်းက အောင်သူ၏ ဂိုးထဲလှလှပပ သွင်းယူခဲ့မှု နှင့် မိနစ်ပိုင်း အနည်းငယ်မှာ ငြိမ်းချမ်းအောင်၏ ခေါင်းတိုက်အနိုင်ဂိုး သွင်းယူခြင်းတို့ကို စွမ်းဆောင်ထားနိုင်ခဲ့ သည်။ ဒါပေမဲ့လည်း အိမ်ရှင်ပရိတ်သတ်၏ အားပေးမှုနဲ့အတူ အကောင်းဆုံးတိုက်စစ်ဆင် ကစားလာ ခဲ့သော မြန်မာ အသင်းအား ပွဲကစားချိန် ၇၅ မိနစ်မှာ အာရမ် အဖစ် ကနေပြီး ဖရီးကစ်ဂိုးဖြင့် ချေပဂိုးပြန် သွင်း ယူနိုင်ခဲ့သည်။ အချိန်ပို မိနစ်ပိုင်းအနည်းငယ်မှာလည်း ကာတာအသင်းအတွက်အနိုင်ဂိုးကို ဆာရင်ဂန် အာဒူ က ခေါင်းတိုက်သွင်းယူနိုင်ခဲ့သဖြင့် ကာတာအသင်း အိမ်ရှင်မြန်မာအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲဆီကို တက်ရောက်သွားနိုင်ခဲ့သည်။ 

"ဒီတစ်ညကတော့ အသင်းသားတွေနဲ့အတူ ပျော်ရွှင်ဝမ်းသာရသလို ဂုဏ်ယူစရာလည်းကောင်းလှပါတယ်။ သူတို့ဟာ များပြားလှတဲ့ အိမ်ကွင်းပရိတ်သတ်တွေ၏ အားပေးမှုတွေနဲ့အတူ ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းကောင်းကို အနိုင်ရရှိရေး အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့ကြပါတယ်။" ဆိုပြီး ကာတာ နည်းပြကြီး မှပြောကြားခဲ့သည်။ 

"ကွင်းလုံးပြည့် ပရိတ်သတ်အများကြီးရှေ့ မှာ ကစားခဲ့ရတာကိုက ကြီးမားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါ တယ်။ တကယ့်ဖြစ်ရပ်အနေနဲ့ သူတို့ကစားသမားတွေဟာ ဂိုးနှစ်ဂိုး အမြန်ဘဲပြန်ပေးလိုက်ရသလို၊ အနိုင် ရရှိရေး ပြန်လည်စွမ်းဆောင်လာ နိုင်တာကလည်း ကျွန်တော့်အတွက် အားရကျေနပ်တွေ ဖြစ်စေခဲ့ပါတယ်" " မကြုံတွေ့ဘူးခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားနဲ့အတူ ဒီပွဲစဉ်က ကျွန်တော့်တို့အတွက် ပွဲစဉ်တော်တော် များများထဲမှ တကယ့်ကို ခက်ခဲ ခဲ့တဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာခဲ့တာကတော့ အသေအချာပါပဲ" ဆိုပြီး ထပ်မံပြောကြားခဲ့သည် ကာတာအသင်းသည် နောက်ဆုံးဗိုလ်လုပွဲ အဖြစ် မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 

မြန်မာယူ-၁၉ အသင်း၏ နည်းပြကြီး ဂတ်ဇီဆီ ကတော့ " ဒီနေ့ပွဲမျိုးကတော့ ကျွန်တော့်အတွက် စိတ် ဆိုးဒေါသ မရှိဘဲနဲ့ အရှုံးကိုလက်သင့်ခံနိုင်ပါတယ်။ ပရိတ်သတ်တွေအားလုံးကလည်း ယနေ့ မြန်မာ အသင်းစွမ်းဆောင်နိုင်မှုအဆင့်အတန်းကို အားရကျေနပ်ကြတယ်လေ။" 

"နောက်ဆုံးလက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးတွေရသင့်ခဲ့ပေမဲ့ ကာတာအသင်းက တကယ့်ကို ကောင်းမွန်တဲ့ အသင်းဖြစ် သလို ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့တယ်" 
"ဒီနေ့ပွဲကို ကွင်းထဲမှာကော ကွင်းပြင်မှာကော ကြည့်နေတဲ့သူတွေအားလုံးအနေနဲ့ ကျွန်တော်တို့ အသင်း ဟာ ဘယ်လိုလူလဲ ပြီးတော့ ဘယ်လောက် ဘောလုံးကောင်းကောင်းကစားနိုင်သလဲဆိုတာကို သိ သွားကြ မှာ ကတော့ အမှန်ပါပဲ။" 

မြန်မာအသင်းသည် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ၂၀၁၅ ဖီဖာ ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီလည်းဖြစ်သည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီးလည်း နည်းပြကြီးက " ခုချိန်မှာ အရေးကြီးဆုံးက ခုလက်ရှိကစားသမားတွေဟာ နောက်ခုနှစ်လသာ လိုတော့တဲ့ ကမ္ဘာ့ဖလားပွဲစဉ် အတွက် လေ့ကျင့်ပြင်ဆင်ဖို့ပါပဲ" 
"ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားသမားတွေရှာဖွေဖို့လည်းလိုမယ်ထင်တယ်။ ကျွန်တော့် အသင်း မှာ ဒီနေ့ ကာတာအသင်းက နံပါတ် (၁၀)လိုကစားသမားမျိုးကို ကောင်းကောင်းထိန်းချုပ်နိုင်မဲ့သူ မရှိဘူးဖြစ်ခဲ့ ရတယ်။အသင်းကို ဒီထက်တောင့်တင်းခိုင်မာလာရေးအတွက် တကယ့်ကိုကျွန်တော်တို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့မှာ အကောင်းဆုံး ၁၁ ယောက်ရှိပါတယ်။ ဒါပေမဲ့ သုံးယောက်လောက် အစားထိုး လိုက်ရပြီးနောက် ကစားအား ကျသွားခဲ့ရတယ်။ အဲ့ဒါကလည်း ပွဲအဖြေကိုပြောင်းလဲသွားစေခဲ့တယ်" ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ 

AFC ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဆီးမီးထိတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားသလို Wiki ၏ AFC Championship ၂၀၁၄ မှတ်တမ်းမှာ တတိယနေရာ ကွက်လပ်မှာ ဖြည့်သွင်းခြင်းခံထားရပါတယ်။ 

(AFC.com မှသတင်းဖော်ပြထားမှုကို ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

Football Café

No comments:

Post a Comment