Tuesday 21 October 2014

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအား တစ်နာရီ ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ရန် JICA နှင့် ပူးပေါင်းေ ဆာင်ရွက်မည်ဖြစ်ပြီး အဆင့်မြင့်လမ်းပိုင်းပြုပြင်ခြင်းအား ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင် ရွက် မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အမျိုးသား လွှတ်တော် အစည်း အဝေးတွင် ပြောကြားသည်။

အောက်တိုဘာ ၂၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးသက်နိုင်ဦးမေးမြန်းသည့် နိုင်ငံအတွင်းရှိမြို့ငယ်များမှ ဘူတာရုံဟောင်းများအား ခေတ်မီအဆောက်အအုံအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ခြင်း ရှိ မရှိနှင့် ရန်ကုန်-မန္တလေးရထား လမ်းပိုင်းတစ်လျှောက်ရှိ သံလမ်းထိန်းကျောက်သားများ အမြန်ဆုံးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှု အား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက "ရန်ကုန်-မန္တလေးလမ်းပိုင်းကို တစ်နာရီကီလိုမီတာ ၁၀၀ ပြေးဆွဲနိုင်ဖို့ အတွက် လမ်းပိုင်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို JICA နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အသေးစိတ်ပုံစံထုတ်ခြင်းပြုလုပ်ဖို့ မြေတိုင်းတာတွေ၊ မြေစမ်းသပ်တာတွေ၊ လက်တွေ့သင်တန်းပေး တာတွေ ကို ဆောင်ရွက်လျက်ရှိပါတယ်။ အဆင့်မြင့်လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းသည် ၃၈၅ ဒသမ ၅ မိုင်ရှိပြီး အသွားအပြန် ၇၇၁ မိုင်ရှိကြောင်း၊ လမ်းပိုင်း တစ်ခုလုံးတွင် လမ်းခင်းကျောက်ခင်းကျင်းမှုမှာ ၇၅ ရာခိုင်နှုန်းခန့် ဖြည့်တင်းပြီးဖြစ်ကြောင်း၊ သတ် မှတ်နှုန်းပြည့်သည့်  ကွန်ကရစ်ဇလီဖားတုံးအောက်တွင် ကျောက်ထု ၁၁ လက်မရှိကြောင်း ဒုတိယ၀န်ကြီး က ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment