Tuesday 21 October 2014

မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို တယ်လီနောက ဈေးနှုန်းမြှင့်ရောင်းချမည်

Photo: မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို တယ်လီနောက ဈေးနှုန်းမြှင့်ရောင်းချမည်
Tuesday, October 21, 2014

နိုင်ငံ တကာတွင်ရောင်းချနေသည့် ပုံစံအ တိုင်း မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို ဈေးနှုန်းမြှင့်ကာ သီးသန့်ရောင်းချရန် စီစဉ်ထားကြောင်း တယ်လီနော(မြန်မာ)မှ သိရသည်။
ဆင်းမ်ကတ်နံပါတ်များ သီး သန့်ရွေးချယ်ဝယ်ယူအသုံးပြုနိုင် ရန် မူလဆင်းမ်ကတ်ရောင်းဈေး ကျပ် ၁၅ဝဝထက် ဈေးနှုန်းမြှင့်၍ ရောင်းချပေးရန်စီစဉ်ထားပြီး လက် ရှိဆင်းမ်ကတ်များ ရောင်းချနေသည့် မန္တလေးနှင့် နေပြည်တော်တို့၌ ရောင်း ပေးနိုင်ရန်စီစဉ်ထားသည်။
တယ်လီနော(မြန်မာ)မှ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberg က ''တယ်လီနောဆင်းမ်ကတ် တွေမှာ နံပါတ်အလှနဲ့ အပူးနံပါတ် တွေပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား မှာပါ၊ နိုင်ငံတကာမှာလဲ ဒီလိုပုံစံအ တိုင်း သီးသန့်ရောင်းချတာတွေ ရှိ တယ်၊ ဘယ်လောက်နဲ့ ဝယ်နိုင်မယ် ဆိုတာတော့ အတိအကျ မသတ်မှတ် ရသေးဘူး''ဟု ပြောသည်။
ယင်းအပြင် ဆင်းမ်ကတ်နံပါတ် များကို ဝယ်ယူသူ၏စိတ်ကြိုက်ဂဏန်း များ၊ မွေးနေ့များအစရှိသဖြင့် တယ် လီနောအရောင်းဆိုင်များတွင် ရွေး ချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

''ဥပမာ ကိုယ့်မွေးနေ့လို နံပါတ် မျိုးရွေးပြီး ဝယ်လို့ရမယ်၊ အဲဒီနံပါတ် က တစ်ခုပဲရှိမှာဆိုတော့ ဝယ်ပြီး သွားရင်တော့ ဝယ်သုံးလို့ရနိုင်မှာ မဟုတ်တော့ဘူး၊ ရန်ကုန်မှာလဲ ဒီ လို ဆင်းမ်ကတ်တွေ ရောင်းပေးဖို့ ရှိတယ်''ဟု Mr.Petter Furberg က ထပ်မံပြောသည်။
အဆိုပါ အော်ပရေတာမှ ဆင်းမ် ကတ်နှင့် ငွေဖြည့်ကတ်များကို နောက်ပိုင်းတွင် အွန်လိုင်းပေါ်မှ ဝယ်ယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့်ု မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ''အရောင်းဆိုင်တွေမှာ စီးရီး နံပါတ်အလိုက် ချပေးစေချင်တယ်၊ တခြားနိုင်ငံတွေမှာ ဘယ်လိုရောင်း လဲဆိုတာတော့မသိဘူး၊ နံပါတ်အလှ တွေကို သီးသန့်ရောင်းမယ်ဆိုတာ တော့ သိပ်အဆင်မပြေလှဘူး၊ အ ရောင်းဆိုင်တွေပါ ရောင်းလို့ရမယ့် အခြေအနေတစ်ခုလုပ်ပေးသင့်တယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ နံပါတ်အလှနှင့် အ ပူးဂဏန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယခင်ကလေလံစနစ် ဖြင့် ရောင်းချခဲ့ခြင်းများရှိပြီး ကျပ် သိန်း ၅ဝနှင့် အထက်ဖြင့် ဝယ်ယူခဲ့ သည့် နံပါတ်အလှများပင်ရှိသည်။
လက်ရှိတွင် တယ်လီနော(မြန် မာ)မှ ဆင်းမ်ကတ်များကို မန္တလေး နှင့် နေပြည်တော်တွင် ရောင်းချလျက် ရှိပြီး ရန်ကုန်တွင် ယခု ၂၅ ရက်မှ ၃ဝ ရက်အတွင်း ရောင်းချမည်ဟု ထုတ်ပြန်ထားသည်။

Yangon Media Group
နိုင်ငံတကာတွင်ရောင်းချနေသည့် ပုံစံအတိုင်း မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို ဈေးနှုန်းမြှင့် ကာ သီးသန့်ရောင်းချရန် စီစဉ်ထားကြောင်း တယ်လီနော(မြန်မာ)မှ သိရသည်။

ဆင်းမ်ကတ်နံပါတ်များ သီးသန့်ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရန် မူလဆင်းမ်ကတ်ရောင်းဈေး ကျပ် ၁၅ဝဝ ထက် ဈေးနှုန်းမြှင့်၍ ရောင်းချပေးရန်စီစဉ်ထားပြီး လက် ရှိဆင်းမ်ကတ်များ ရောင်းချနေသည့် မန္တလေးနှင့် နေပြည်တော်တို့၌ ရောင်း ပေးနိုင်ရန်စီစဉ်ထားသည်။ 

တယ်လီနော(မြန်မာ)မှ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberg က ''တယ်လီနောဆင်းမ်ကတ် တွေမှာ နံပါတ်အလှနဲ့ အပူးနံပါတ် တွေပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား မှာပါ၊ နိုင်ငံတကာမှာလဲ ဒီလိုပုံစံအ တိုင်း သီးသန့်ရောင်းချတာတွေ ရှိ တယ်၊ ဘယ်လောက်နဲ့ ဝယ်နိုင်မယ် ဆိုတာတော့ အတိအကျ မသတ်မှတ် ရသေးဘူး''ဟု ပြောသည်။ ယင်းအပြင် ဆင်းမ်ကတ်နံပါတ် များကို ဝယ်ယူသူ၏စိတ်ကြိုက်ဂဏန်း များ၊ မွေးနေ့များအစရှိသဖြင့် တယ် လီနောအရောင်းဆိုင်များတွင် ရွေး ချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

''ဥပမာ ကိုယ့်မွေးနေ့လို နံပါတ် မျိုးရွေးပြီး ဝယ်လို့ရမယ်၊ အဲဒီနံပါတ် က တစ်ခုပဲရှိမှာဆိုတော့ ဝယ်ပြီး သွားရင်တော့ ဝယ်သုံးလို့ရနိုင်မှာ မဟုတ်တော့ဘူး၊ ရန်ကုန်မှာလဲ ဒီ လို ဆင်းမ်ကတ်တွေ ရောင်းပေးဖို့ ရှိတယ်''ဟု Mr.Petter Furberg က ထပ်မံပြောသည်။ အဆိုပါ အော်ပရေတာမှ ဆင်းမ် ကတ်နှင့် ငွေဖြည့် ကတ်များကို နောက်ပိုင်းတွင် အွန်လိုင်းပေါ်မှ ဝယ်ယူနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့်ု မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ''အရောင်းဆိုင်တွေမှာ စီးရီး နံပါတ်အလိုက် ချပေးစေချင်တယ်၊ တခြားနိုင်ငံတွေမှာ ဘယ်လိုရောင်း လဲဆိုတာတော့မသိဘူး၊ နံပါတ်အလှ တွေကို သီးသန့်ရောင်းမယ်ဆိုတာ တော့ သိပ်အဆင်မပြေလှဘူး၊ အ ရောင်းဆိုင်တွေပါ ရောင်းလို့ရမယ့် အခြေအနေတစ်ခုလုပ်ပေးသင့်တယ်'' ဟု ပြောသည်။

ယင်းကဲ့သို့ နံပါတ်အလှနှင့် အ ပူးဂဏန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယခင်ကလေလံစနစ် ဖြင့် ရောင်းချခဲ့ခြင်းများရှိပြီး ကျပ် သိန်း ၅ဝနှင့် အထက်ဖြင့် ဝယ်ယူခဲ့ သည့် နံပါတ်အလှများပင်ရှိသည်။ လက်ရှိတွင် တယ်လီနော(မြန် မာ)မှ ဆင်းမ်ကတ်များကို မန္တလေး နှင့် နေပြည်တော်တွင် ရောင်းချလျက် ရှိပြီး ရန်ကုန်တွင် ယခု ၂၅ ရက်မှ ၃ဝ ရက်အတွင်း ရောင်းချမည်ဟု ထုတ်ပြန်ထားသည်။

Yangon Media Group

No comments:

Post a Comment