Tuesday 21 October 2014

မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်

Photo: မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်
Tuesday, October 21, 2014

ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ အတွင်း အစ္စလာမ်ဘာသာဝင်တို့ ၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရသူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝါဆိုဆရာတော်ကြီး အမှူး ပြုပြီး သံဃာတော်များ၏ သြ၀ါဒနဲ့ အညီ မန္တလေးမြို့သူမြို့သားများ ၏ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှုကို ပြသသည့်အနေဖြင့် တရားရင်ဆိုင်နေရသူများအပေါ် ခွင့်လွှတ်ကျေအေးပေးရန် မန္တ လေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီထံသို့ မေတ္တာ ရပ်ခံစာပေးပို့ခဲ့ပြီး အမှုကျေအေး ပေးရန် နှစ်ဖက်ညှိနှိုင်းသဘောတူ ညီမှု ရခဲ့ခြင်းဖြစ်သည်ဟု မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ သတင်းရရှိသည်။

‘‘နှစ်ဖက်ကော်မတီနဲ့ တရား ရင်ဆိုင်နေရတဲ့ ကာယကံရှင် တို့ရဲ့ မိဘတွေ တွေ့ဆုံပြီး တစ် ဖက်ကလည်း မေတ္တာရပ်ခံတယ်။ တစ်ဖက်ကလည်း အမှုကျေအေး ပေးခဲ့ပါတယ်’’ ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော် မတီဝင် တစ်ဦးက ပြောသည်။

အမှုကျေအေးပေးရန် နှစ် ဖက်ညှိနှိုင်းပြေလည်မှု ရပြီးဖြစ် ၍ အမှုရုပ်သိမ်းပေးရန် တရားရုံး သို့ တင်ပြသွားမည်ဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူများအား အခ မဲ့ရှေ့နေ လိုက်ပေးသည့် မန္တလေး မြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီမှ ဥပဒေအကျိုးဆောင် ဦးသိန်းသန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေးလူမျိုးရေး ပဋိ ပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့ သူ ကိုထွန်းထွန်း (ခ) ရောင်ပြန်၏ နာရေးအားလိုက်လံပို့ဆောင်ရာမှ လူ ငယ်အချို့က ကြာနီကန် (အေး ရိပ်ငြိမ်)ရှိ အစ္စလာမ်ဘာသာဝင် တို့၏ သင်္ချိုင်းကို မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအ တွက် ပုသိမ်ကြီးမြို့မရဲစခန်းမှ အ မျိုးသား ၁၅ ဦးကို ဖမ်းဆီးကာ အ မှုဖွင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအ ချိန်တွင် အမျိုးသား ၁၅ ဦးမှာ မီး ရှို့မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆၊ ၄၂၇ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။

‘‘ရဲက တရားလိုလုပ်ပြီး အမှု ဖွင့်ထားတာဆိုတော့ အမှုရုပ် သိမ်းပေး၊ မပေးကတော့ တရား လိုနဲ့ တရားရုံးပေါ် မူတည်ပါ တယ်။ ပြီးခဲ့တဲ့ ရှစ်လပိုင်းကတည်း က တရားရုံးမှာ စစ်ဆေးနေတာ။ အခု တရားခံပြသက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေပါ ပြီ’’ ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီမှ သံဃာတော်များ ဆွမ်းကပ်ခြင်းနှင့် တရားရင်ဆိုင် နေရသူများ၏ ကာယကံရှင် မိ သားစုဝင်များနှင့်တွေ့ဆုံကာ အ မှုကျေအေးပေးသည့်အကြောင်း တရားဝင် အသိပေးပြောကြား ခြင်းကို အောက်တိုဘာ ၂၃ ရက် တွင် မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက်၌ ပြုလုပ်မည်ဖြစ် ကြောင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ကော်မတီမှ သတင်းရရှိသည်။

7Day Daily 

မန္တလေးပဋိပက္ခအတွင်း သေဆုံးသွားသူတစ်ဦး၏နာရေး ပို့ဆောင်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ)
မန္တလေးပဋိပက္ခအတွင်း သေဆုံးသွားသူတစ်ဦး၏နာရေး ပို့ဆောင်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ် ပီ)
ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့ အကြမ်း ဖက်မှုများအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရသူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝါဆိုဆရာတော်ကြီး အမှူး ပြုပြီး သံဃာတော်များ၏ သြ၀ါဒနဲ့ အညီ မန္တလေးမြို့သူမြို့သားများ ၏ ဘာသာပေါင်း စုံ ချစ်ကြည် ရင်းနှီးမှုကို ပြသသည့်အနေဖြင့် တရားရင်ဆိုင်နေရသူများအပေါ် ခွင့်လွှတ်ေ ကျအေးပေးရန် မန္တ လေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီ ထံသို့ မေတ္တာ ရပ်ခံစာပေးပို့ခဲ့ပြီး အမှုကျေအေး ပေးရန် နှစ်ဖက်ညှိနှိုင်းသဘောတူ ညီမှု ရခဲ့ခြင်းဖြစ်သည်ဟု မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ သတင်းရရှိသည်။

‘‘နှစ်ဖက်ကော်မတီနဲ့ တရား ရင်ဆိုင်နေရတဲ့ ကာယကံရှင် တို့ရဲ့ မိဘတွေ တွေ့ဆုံပြီး တစ် ဖက်ကလည်း မေတ္တာရပ်ခံတယ်။ တစ်ဖက်ကလည်း အမှုကျေအေး ပေးခဲ့ပါတယ်’’ ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်း သိမ်းရေးကော် မတီဝင် တစ်ဦးက ပြောသည်။

အမှုကျေအေးပေးရန် နှစ် ဖက်ညှိနှိုင်းပြေလည်မှု ရပြီးဖြစ်၍ အမှုရုပ်သိမ်းပေးရန် တရားရုံး သို့ တင်ပြ သွားမည်ဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူများအား အခ မဲ့ရှေ့နေ လိုက်ပေးသည့် မန္တလေး မြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီမှ ဥပဒေအကျိုးဆောင် ဦးသိန်းသန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေးလူမျိုးရေး ပဋိ ပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့ သူ ကိုထွန်းထွန်း (ခ) ရောင်ပြန်၏ နာရေးအားလိုက်လံပို့ဆောင်ရာမှ လူငယ် အချို့က ကြာနီကန် (အေး ရိပ်ငြိမ်)ရှိ အစ္စလာမ်ဘာသာဝင် တို့၏ သင်္ချိုင်းကို မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအ တွက် ပုသိမ်ကြီးမြို့မရဲစခန်းမှ အ မျိုးသား ၁၅ ဦးကို ဖမ်းဆီးကာ အ မှုဖွင့် တရား စွဲဆိုခဲ့ပြီး လက်ရှိအ ချိန်တွင် အမျိုးသား ၁၅ ဦးမှာ မီး ရှို့မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆၊ ၄၂၇ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။

‘‘ရဲက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဆိုတော့ အမှုရုပ်သိမ်းပေး၊ မပေးကတော့ တရားလိုနဲ့ တရားရုံးပေါ် မူတည်ပါတယ်။ ပြီးခဲ့တဲ့ ရှစ်လပိုင်းကတည်းက တရားရုံးမှာ စစ်ဆေးနေတာ။ အခု တရားခံပြ သက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေပါ ပြီ’’ ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီမှ သံဃာတော်များ ဆွမ်းကပ်ခြင်းနှင့် တရားရင်ဆိုင် နေရသူများ၏ ကာယကံရှင် မိသားစုဝင်များနှင့်တွေ့ဆုံကာ အမှုကျေအေးပေးသည့်အကြောင်း တရားဝင် အသိပေးပြော ကြား ခြင်းကို အောက်တိုဘာ ၂၃ ရက် တွင် မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက်၌ ပြုလုပ်မည်ဖြစ် ကြောင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ကော်မတီမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment